ဗြိတိန်လက်ဝှေ့သမား Amir Khan ၏ Koenigsegg ပြိုင်ကားသစ်ကို Instagram တွင် မိတ်ဆက်ပြသ

1039

မိခင်နိုင်ငံတွင် ကျင်းပမည့် ထိုးသတ် ပွဲအတွက် အမေရိကန်ပြည်ထောင်စု၊ လော့စ်ဇင်းဂျလိစ်မြို့သို့ ရောက်ရှိ လေ့ကျင့်နေသော ဗြိတိန်လက်ဝှေ့သမား Amir Khan သည် အသစ် ဝယ်ယူခဲ့သည့် ပေါင်စတာလင် ၁ ဒသမ ၆ သန်းတန် Koenigsegg ပြိုင်ကားသစ်နှင့် ဓာတ်ပုံတွဲရိုက်ပြီး ၎င်း၏ Instagram ပေါ်တွင် လွင့်တင်ပြသခဲ့ကြောင်း သြဂုတ် ၃ ရက်တွင် Daily Mail သတင်းဌာန က ရေးသားဖော်ပြခဲ့သည်။
အဖြူနှင့် အနက်ရောင် ကိုယ် ထည်တွင် အပြာရောင်အနားသတ် များ ပါဝင်သည့် Amir Khan ၏ Koenigsegg Agera RS1 ပြိုင်ကားမှာ ပျမ်းမျှအမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၄၄၇ ဒသမ ၂ ကီလိုမီတာ၊ လမ်းအဖြောင့်ဆိုပါက တစ်နာရီ ၄၅၇ ဒသမ ၉၄ ကီလိုမီတာ မောင်းနိုင်သော ကမ္ဘာ့အမြန်ဆုံး ကားအမျိုးအစားတစ်ခုဖြစ်ပြီး စုစုပေါင်း ၂၅ စီးသာ ထုတ်လုပ် ရောင်းချပေးခြင်းဟု သိရသည်။
ဝယ်ယူသူအကြိုက် မွမ်းမံ ဖန်တီးပေးသော Koenigsegg Agera RS1 ပြိုင်ကားနှင့် ဓာတ်ပုံတွင် Amir Khan က ‘Gym session in Los Angeles,new ride like it?#BlessednotLucky’ စာသားကိုလည်း ရေးသားဖော်ပြခဲ့ သည်။ Amir Khan သည် ပြီးခဲ့ သော ဧပြီလက Phil Lo Greco ကို ၃၉ စက္ကန့်နှင့် အလဲထိုးခဲ့ပြီးနောက် လာမည့် စက်တင်ဘာ ၈ ရက်တွင် WBA ကမ္ဘာ့အဆင့် ၁ဝ ရှိ ကနေဒါသား Samuel Vargas နှင့် ဘာမင် ဂမ်မြို့၌ ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ် ထားသည်။

Ref: Daily Mail

 

LEAVE A REPLY

Please enter your comment!
Please enter your name here