ဖောင်းကြွနံပါတ်ပြားအတွက် ယခင်ကျပ် တစ်သောင်း ကောက်ခံရာမှ တစ်ထောင်လျှော့၍ ကျပ် ကိုး​ထောင်နှုန်းဖြင့် လျှော့ချကောက်ခံမည်

166

 

ရန်ကုန်၊ နိုဝင်ဘာ ၂

ဖောင်းကြွနံပါတ်ပြားအတွက် ယခင်ကျပ်တစ်သောင်း ကောက်ခံရာမှ တစ်ထောင်လျှော့၍ ကျပ် ကိုး​ထောင်နှုန်းဖြင့် လျှော့ချကောက်ခံမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ပျောက်ဆုံး/ပျက်စီးခြင်းနှင့် အသစ်ဝယ်ယူခြင်း အတွက် ဖောင်းကြွနံပါတ်ပြားအရှေ့အနောက်တစ်စုံ တန်ဖိုးကို ကျပ်တစ်သောင်း ကောက်ခံလျက်ရှိရာမှ ဖြေလျှော့မှုအနေဖြင့် ကျပ်ကိုး​ထောင်သာ ကောက်ခံမည်ဖြစ်သည်။

“ကညနရုံးတွေကို သမ္မတရုံးညွှန်ကြားမှုနဲ့ ပိတ်ထားတာပါ၊ အွန်လိုင်းမှာ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုပြီး ရေးနေကြတာက ခန့်မှန်းရေးသားနေကြတာပါ၊ ညွှန်ကြားစာရရင် ပြန်ဖွင့်ပေးမယ့် ရက်ကို ဝန်ကြီးဌာနက တရားဝင်ကြေညာပေးမှာပါ၊ လက်ရှိမှာ Covid-19 ရောဂါအခြေအနေကြောင့် လူစုလူဝေးမဖြစ်အောင် ကနဦးယာဥ်မှတ်ပုံတင်လုပ်ငန်းကို သက်တမ်းတိုးကားတွေလို Online Booking စနစ်နဲ့ ပေးဖို့ပြင်ဆင်နေပါတယ်၊ ဖြေလျှော့မှုအနေနဲ့ ဖောင်းကြွနံပါတ်ပြားဖိုးကို အရင် ကျပ်တစ်သောင်းအစား ကိုး​ထောင် ကျပ်နဲ့ ပြောင်းလဲ ကောက်ခံမှာဖြစ်ပါတယ်” ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဆန်းသစ်အောင်

ဓာတ်ပုံ-ရဲထွန်းကျော်

 

LEAVE A REPLY

Please enter your comment!
Please enter your name here