ဖေဖော်ဝါရီလအတွင်း အမြန်လမ်းမကြီးတစ်လျှောက် သတ်မှတ်ကီလိုထက် ပိုမောင်းနှင်သည့် ယာဉ်များကို ဒဏ်ရိုက်အရေးယူခဲ့ရာ အစီး ၅၉ဝ ကျော် ဖမ်းဆီးရမိ

105

 

ရန်ကုန်၊ မတ်
ဖေဖော်ဝါရီလအတွင်း အမြန်လမ်း မကြီးတစ်လျှောက် သတ်မှတ်ကီလိုထက် ပိုမောင်းနှင်သည့်ယာဉ်များ ကို ဒဏ်ရိုက်အရေးယူခဲ့ရာ အစီး ၅၉ဝ ကျော်ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရ သည်။

ရန်ကုန်-မန္တလေး အမြန် လမ်းတစ်လျှောက် လျှို့ဝှက်ကင်မ ရာ ၁၅ လုံး တပ်ဆင်ထားပြီး သတ်မှတ်ကီလိုထက် ပိုမောင်းနှင် သည့်ယာဉ်များကို အရေးယူဆောင် ရွက်ခဲ့ရာ ပြီးခဲ့သည့်နှစ်အတွင်း အ မြန်လမ်းမကြီးတစ်လျှောက် သတ် မှတ်ကီလိုထက် ပိုမောင်းနှင်သည့် ယာဉ် ၉,၈၁၃ စီးကို ဒဏ်ရိုက် အ ရေးယူခဲ့သည်။ အဆိုပါ ကီလို ကျော် မောင်းနှင်မှုမှ ကျပ်သိန်း ပေါင်း ၄,၉ဝဝ ကျော် ရရှိခဲ့သည်။

“ဖေဖော်ဝါရီလထဲမှာ အမြန် လမ်းတစ်လျှောက် သတ်မှတ်ကီလို ထက် ပိုမောင်းနှင်တဲ့ယာဉ် ၅၉၅ စီးကို ဖမ်းဆီးအရေးယူခဲ့ရာကနေ ကျပ် ၂၉၇ သိန်းရရှိခဲ့ပါတယ်၊ ဒီ ကားတွေထဲမှာ Light Truck နဲ့ Hijet ၂၂၄ စီး၊ Canter ၂၈ စီး၊ Express ၁၆ စီး၊ အိမ်စီးကား ၃၂၇ စီး ဖမ်းဆီးအရေးယူခဲ့ပါတယ်၊ အမြန်လမ်းမကြီး ဥပဒေအတိုင်း သတ်မှတ်ကီလိုထက် ပိုပြီးမောင်းနှင်တဲ့ကားတွေကို ကျပ်ငါးသောင်းစီနဲ့ ထိုင်ခုံခါးပတ်မပတ်တဲ့ကားတွေကိုလည်း ကျပ်သုံးသောင်းစီဒဏ်ရိုက် အရေးယူနေပါတယ်”ဟု အ မြန်လမ်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် Express များကို ကီလို ကိုးဆယ်၊ အိမ်စီးကားများဖြစ်သည့် Saloon ၊ Wagon ၊ Double Cab များကို ကီလိုတစ်ရာ၊ လုပ်ငန်းသုံးယာဉ်များ ဖြစ်သည့် Light Truck ၊ Pick-up ၊ Single Cab များကို ကီလို ခြောက်ဆယ်သာ မောင်းနှင်ခွင့်ပြုထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here