ဖေဖော်ဝါရီလအတွင်း လေးလုံးအပူးနံပါတ်နှင့် ယာဉ်ပိုင်ရှင်စိတ်ကြိုက် နံပါတ်ရောင်းချမှုမှ ကျပ်သိန်းပေါင်း ၄,၁ဝဝ ကျော်ရရှိ

642

ရန်ကုန်၊ မတ်
ဖေဖော်ဝါရီလအတွင်း လေးလုံးအပူးနံပါတ်နှင့် ယာဉ်ပိုင်ရှင်စိတ်ကြိုက် နံပါတ်ရောင်းချမှုမှ ကျပ်သိန်းပေါင်း ၄,၁ဝဝ ကျော်ရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညန်ကြားမှုဦးစီးဌာန၊ ထောက်ကြန့်ကနဦး မှတ်ပုံတင်ဌာနမှ သိရသည်။

ထောက်ကြန့်ကညန၊ ကနဦးမှတ်ပုံတင်ဌာနမှ ဖေဖော်ဝါရီလအတွင်း ယာဉ်ပိုင်ရှင်စိတ်ကြိုက်နံပါတ်များ ရောင်းချရာတွင် လေးလုံးအပူးနံပါတ်လှ နှစ်ဆယ်ရောင်း ချမှုမှ ကျပ် ၅၁၆ သိန်းနှင့် ယာဉ်ပိုင်ရှင် စိတ်ကြိုက်နံပါတ် ရွေးဂဏန်းရောင်းချမှုမှ ကျပ် ၃,၅၉၇ သိန်း ရရှိခဲ့ကြောင်း သိရသည်။

”ဖေဖော်ဝါရီလထဲမှာ လေးလုံးအပူးနံပါတ်တွေ ဝယ်ယူမှုများသလို ယာဉ်ပိုင်ရှင်စိတ်ကြိုက်နံပါတ် ဝယ်ယူမှုတွေလည်း များခဲ့ပါတယ်၊ ဒီလအစပိုင်းမှာတော့ ယာဉ်ပိုင်ရှင် စိတ်ကြိုက်နံပါတ်ဝယ်ယူမှုတွေ နည်းသွားပြီး တစ်ရက်ကို အစီး ငါးဆယ်ကျော်ပဲ ရှိပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ထောက်ကြန့်ကနဦး မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကနဦးမှတ်ပုံတင်ဌာနမှ CKD ၊ SKD စနစ်ဖြင့် ထုတ်လုပ်သောကားများကို မှတ်ပုံတင်ပြုလုပ်ပေးရာတွင် ဖေဖော်ဝါရီလကုန်အထိ မြန်မာဆူဇူကီးမိုတာမှ SKD စနစ်ဖြင့် ထုတ်လုပ်ရောင်းချသော Suzuki Ertiga ၁,၉၂၁ စီးနှင့် Suzuki Ciaz ၁,ဝ၂၉ စီးကို ကနဦးမှတ်ပုံတင်ပြုလုပ်ပြီးဖြစ်ကြောင်း ထောက်ကြန့်ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here