ဖေဖော်ဝါရီလဆန်းတွင် နောက်ထပ် YBS ယာဉ်လိုင်း ခြောက်ခု၌ YPS ကတ် အသုံးပြုခွင့်ရရှိမည်

113

 

ရန်ကုန်၊ ဇန်နဝါရီ
YBS ယာဉ်များအားလုံးတွင် YPS ကက်ဖြင့် ယာဉ်စီးခပေးချေနိုင်ရန် စီစဉ်လျက်ရှိရာ လက်ရှိတွင်ဘတ်စ် အစီး ၁,၆၀ဝ ကျော်၌အသုံးပြုခွင့် ရရှိထားပြီဖြစ်ပြီး ဖေဖော်ဝါရီလ ဆန်းတွင် နောက်ထပ်ဘတ်စ်ကား ယာဉ်လိုင်းခြောက်ခုမှ ယာဉ်အစီး သုံးရာဝန်းကျင်တွင် ထပ်တိုးအသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရသည်။

YPS ကတ်ဖြင့် ယာဉ်စီးခ ပေးချေနိုင်ရန်အတွက် YPS ကုမ္ပဏီ ယာဉ်လိုင်းများဖြစ်သည့် YBS 15 ၊ 16 ၊ 24 ၊ 17 နှင့် Power Eleven ကုမ္ပဏီယာဉ် လိုင်းဖြစ်သည့် 39၊ 21 စသည့် ယာဉ်လိုင်းများတွင် စမ်းသပ်စစ် ဆေးခြင်းများ လုပ်ဆောင်နေပြီဖြစ်ပြီး ယင်းအချက်အလက်များကို YRTA တင်ပြကာ မကြာခင်အသုံး ပြုခွင့်ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ ယာဉ်လိုင်းခြောက် ခုက ယာဉ်အစီး နှစ်ရာကျော်မှာ စက်တပ်ဆင်တယ်၊ စမ်းသပ်စစ် ဆေးတာတွေ လုပ်နေတယ်၊ ဒီလ ကုန်ပိုင်းလောက်မှာ ပြီးစီးမယ်၊ အဲဒါပြီးရင် YRTA ကိုတင်ပြပြီး ခွင့်ပြုချက်ရရင် စီးခွင့်ရပါပြီ၊ ဖေဖော်ဝါရီလဆန်းလောက် ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်”ဟု Asia Starmar Transport Intelligent ကုမ္ပဏီမှ CMO ဒေါ်ရီရီခင်က ပြောသည်။

ယင်းယာဉ်လိုင်းများတွင် အသုံးပြုခွင့်ရရှိပြီး နောက်ပိုင်း ခေတ်သစ် ဘုရင့်နောင်ကုမ္ပဏီ ယာဉ်လိုင်းများတွင် ထပ်မံတပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here