ဖက်ရှင်ကျပြီး မြန်ဆန်သည့်  Gloria ဆိုင်ကယ်ကို အွန်လိုင်းမှ စိတ်ကြိုက်ဒီဇိုင်းဖြင့် ဝယ်ယူနိုင်တော့မည်

471

ပြင်သစ်ဆိုင်ကယ်ကုမ္ပဏီ Jambon-Beurre သည် မျိုးဆက်သစ် ဆိုင်ကယ်စီးသူများအတွက် ရည်ရွယ်ကာ ဖက်ရှင်ကျပြီး မြန်ဆန်သည့် လျှပ်စစ်ဆိုင်ကယ်အမျိုးအစားသစ်ကို ထုတ်လုပ်ရောင်းချရန် ကြိုးပမ်းနေကြောင်း ဇွန် ၁၁ ရက်တွင် electrek  သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

လက်ရှိစျေးကွက်အတွင်း ရောင်းချနေသော ဆိုင်ကယ်ဒီဇိုင်းများမှာ လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်ကအတိုင်း ရှိနေမှုကို ပြုပြင်ပြောင်းလဲပစ်ရန် ရည်ရွယ်သလို ထူးခြားသောဖောက်သည်သစ်များ ရရှိရန် Jambon-Beurre က အလိုရှိနေသည့်အတွက် Gloria  အမည်ရှိ လျှပ်စစ်ဆိုင်ကယ်ကို ဖန်တီးထုတ်လုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ပြင်သစ်နိုင်ငံ လူဦးရေ၏ ၁၃ ရာခိုင်နှုန်းမှာ ဆိုင်ကယ်စီးသည့်အလေ့အထ မရှိကြသကဲ့သို့ နောက်ထပ် ၆ဝ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း Jambon-Beurre က လေ့လာတွေ့ရှိထားပြီး ဆိုင်ကယ်ကို တစ်ကြိမ်တစ်ခါမျှ ဝယ်မစီးဖူးသည့် အဆိုပါလူများအတွက် Gloria  လျှပ်စစ်ဆိုင်ကယ်ကို ဖန်တီးနေခြင်းဖြစ်ကြောင်း သိရသည်။

Gloria  လျှပ်စစ်ဆိုင်ကယ်မှာ 125 CC  ဆိုင်ကယ်အရွယ်သာ ရှိမည်ဖြစ်သော်လည်း 300 CC ဆိုင်ကယ်ကဲ့သို့ တစ်နာရီ ၇၅ မိုင်အရှိန်နှုန်းဖြင့် မောင်းနှင်နိုင်ကာ ဝယ်သူအနေဖြင့် မိမိစိတ်ကြိုက်ဖက်ရှင် ဒီဇိုင်းအတိုင်း ထုတ်လုပ်ပေးရန် အွန်လိုင်းမှ ကြိုတင်မှာကြားနိုင်မည် ဖြစ်သည်။ မှာကြားသည့်အတိုင်း ထုတ်လုပ်ပြီးပါက Gloria လျှပ်စစ်ဆိုင်ကယ်ကို ဝယ်သူအိမ်အရောက် ပို့ဆောင်ပေးမည်ဖြစ်ပြီး ထပ်မံ အဆင့်မြင့်စတိုင်လ်ဖန်တီးမှုများ ပြန်လည်လုပ်ဆောင်လိုပါကလည်း အွန်လိုင်းမှပင် မှာကြားနိုင်ကြောင်း သိရသည်။ ရှေးဟောင်းစတိုင်လ်၊ နောက်ဆုံးပေါ်နည်းပညာအစိတ်အပိုင်းများနှင့် ဖက်ရှင်ကျမှုတို့ ပေါင်းစပ်ထားသည့် Gloria လျှပ်စစ်ဆိုင်ကယ်ကို ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်ရောင်းချနိုင်ရန် Jambon-Beurre က ရည်ရွယ်ထားသည်။

Ref : electrek

LEAVE A REPLY

Please enter your comment!
Please enter your name here