ပြောင်းရွေ့ခါနီး ပွတ်လောရိုက်လာသော ကျွဲဆည်ကန်ကားကြီးကွင်း

1025

“ယာယီကားကွင်းမှာပေးမယ့်နေရာက တအားကျဉ်းလွန်းတော့ လက်ရှိ ဂိတ်ဝန်ထမ်းအနေအထားနဲ့ လုံးဝ အဆင်မပြေဘူး၊ ဒီတိုင်းဆို အပြင်မှာ ဂိတ်ခန်းအတွက် နေရာထပ်ငှားရမယ့်အနေအထားဖြစ်နေတယ်၊ ပြီးတော့ ဝန်ထမ်းတွေနေဖို့ပါ နေရာထပ်ငှားရမယ်၊ အဲဒီအတွက် စရိတ်စကတွေက တစ်လ၊ နှစ်လမကဘဲ နှစ်နဲ့ချီကြာမှာဖြစ်တဲ့အတွက် ရေရှည်ဆို လုံးဝ အဆင်မပြေနိုင်ဘူး၊ ဒီအတိုင်းဆိုရင် ယာဉ်လိုင်းရပ်ရမယ့် အနေအထားတောင် ရှိတယ်”ဟု ဆိုလာသူက မန္တလေး-ရန်ကုန် ပြေးဆွဲနေသည့် ‘အကယ်ဒမီ ယာဉ်လိုင်း’တည်ထောင်သူ ဦးအေးဇော်။
အများစု ကျွဲဆည်ကန်ကားကြီးကွင်းဟု ခေါ်ဆိုကြသည့် မန္တလေးမြို့ ချမ်းမြရွေပြည် ကားကြီးကွင်းကို အဆင့်မြှင့်တင်ရန်အတွက် တည်ဆောက် ဆဲကာလတွင် ယာယီနေရာချထားရန် မန္တလေးမြို့တော် စည်ပင်သာယာ ရေး ကော်မတီက စီစဉ်နေသည့်အပေါ် ဦးအေးဇော်က ဆိုလာခြင်းဖြစ်သည်။ အခြားယာဉ်လိုင်းများက ဆိုလာခြင်းထက် မန္တလေး-ရန်ကုန်ပြေးဆွဲလျက် ရှိသည့် ယာဉ်လိုင်းများအနက် အလယ်အလတ်တန်းစားနှင့် နာမည် ကောင်းရရှိထားသည့် အကယ်ဒမီယာဉ်လိုင်း တည်ထောင်သူကိုယ်တိုင် ပြောဆိုလာခြင်းက ပို၍ စိတ်ဝင်စားစရာကောင်းနေသည်။
“ကျွန်တော့်ဆီမှာ ဝန်ထမ်းပေါင်း ၂၁ ယောက်ရှိတယ်၊ ယောကျ်ား လေးက ၁၃ ယောက်၊ မိန်းကလေးက ရှစ်ယောက်၊ ခန့်ထားတဲ့ဝန်ထမ်းတွေ က အကုန်လုံး နယ်တွေကချည်း၊ ဟိုးအရင်တုန်းကတော့ မန္တလေးမြို့ပေါ် ကနေ ဝန်ထမ်းခေါ်သေးတယ်၊ နောက်ပိုင်း အိမ်ပြန်နောက်ကျတဲ့အချိန်မှာ အလုခံရတာတွေဖြစ်တော့ ဝန်ထမ်းတွေကို ဂိတ်မှာပဲ နေဖို့ထိုင်ဖို့ တစ်ခါတည်း စီစဉ်ပေးဖြစ်တယ်၊ အဲဒီတော့ အသွားအပြန် လုပ်စရာ မလိုတော့ဘူးပေါ့၊ အခု ယာယီကားကွင်းကို ရွေ့ရမယ်ဆိုတော့ ဂိတ်ခန်း တစ်ခန်းကို အကျယ်က ၁ဝ ပေလောက်ပဲရှိတယ်၊ လက်ရှိ ကျွန်တော့်ဂိတ်ခန်းဆိုရင် ၁၆ ပေ၊ ပေ နှစ်ဆယ် နှစ်ထပ်အဆောက်အအုံ၊ အခု ယာယီ ကားကွင်းမှာ ပေးတဲ့နေရာက ၁ဝ ပေလောက်ဆိုတော့ ဝန်ထမ်းတွေအတွက် နေဖို့ထိုင်ဖို့ အခက်တွေ့သွားမယ်၊ ဒီတော့ သူတို့နေဖို့ အပြင်မှာ နေရာ ထပ်ငှားရမယ်၊ ကုန်တွေထားဖို့ နေရာထပ်ငှားရမယ်၊ ငှားစရိတ်တွေတွက် လိုက်ရင် အများကြီးကုန်မှာ၊ တစ်လ၊ နှစ်လတင်ကုန်မှာ မဟုတ်ဘဲ နှစ်နဲ့ချီ ကုန်နေမှာဆိုတော့ ရေရှည်ရပ်တည်ဖို့ မလွယ်ကူဘူး၊ ဒါကြောင့် ရပ်နားရမယ့် အနေအထားရှိတယ်လို့ ပြောတာ”ဟု ဦးအေးဇော်က ထပ်မံ ဆိုလာသည်။
မန္တလေးမြို့ ချမ်းမြရွေပြည် (ခေါ်) ကျွဲဆည်ကန်ကားကြီးသည် လက် ရှိ၌ အိုဟောင်း၍ လမ်းများမှာလည်း ပျက်စီးနေသည့်အတွက် ခေတ်ကာ လနှင့် လိုက်လျောညီထွေမှုမရှိ ဟုဆိုကာ ယခင်အစိုးရ လက်ထက် ကတည်းက အဆင့်မြှင့်တင်ရန် စီစဉ်ခဲ့သည်။ ထိုစဉ်က အကြောင်းကြောင်းကြောင့် တည်ဆောက်မည့်ကုမ္ပဏီမှာ လာရောက်လုပ်ကိုင်ခြင်းမရှိခဲ့ပေ။ ထို့နောက် မန္တလေးတိုင်းဝန်ကြီးချုပ်(ဟောင်း) ဦးရဲမြင့်လက်ထက် ၂ဝ၁၅ ခုနှစ် အစိုးရသက်တမ်းမကုန်မီ M-Development Corporation (Myanmar) ကုမ္ပဏီက BOT (တည်ဆောက်၊ ပြုပြင်၊ လွဲပြောင်း)စနစ်ဖြင့် နှစ် ငါးဆယ်လုပ်ကိုင်ခွင့်ရခဲ့သည်။ ယခု NLD အစိုးရသစ်လက်ထက်ရောက်သည့်အချိန်တွင် ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်း(မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီနှင့် လုပ်ကိုင်ခွင့်ရ M-Development Corporation (Myanmar) Co.,Ltd တို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး ၂ဝ၁၉ ခုနှစ်မှစ၍ တည်ဆောက်ရေးလုပ်ငန်းများ စတင်ရန် ပြင်ဆင် လာသည်။
မြေ ၁၅ ဧက ကျယ်ဝန်းသည့် လက်ရှိ ကျွဲဆည်ကန်ကားကြီးကွင်း (ခေါ်) ချမ်းမြရွေပြည်ကားကြီးကွင်းတွင် အဆင့်မြှင့်တင်မှုများမစမီ ပြည် ကြီးတံခွန်မြို့နယ် ၇၃ လမ်းနှင့် ၇၄ လမ်းကြားရှိ တံခွန်တိုင်အဝိုင်းအနီး MICT Park ဝင်းထဲတွင် ယာယီကားကွင်းတည်ဆောက်ကာ ယာဉ်လိုင်း များကို နေရာချထားပေးရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတို့က စီစဉ်လျက်ရှိသည်။ ယာယီကား ကွင်းတွင် နေရာချထားရန် ယာဉ်အသင်းများကို လာမည့်မတ်လ ၄ ရက် နေ့၌ ပြောင်းရွေ့ရန် ကနဦးလျာထားသည့်အတွက် ဖေဖော်ဝါရီ ၁၆ ရက် တွင် မဲစနစ်ဖြင့်ချထားပေးရန် စီစဉ်နေကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ သိရသည်။
“ရွေ့ရမယ့်အချိန်က အတိအကျတော့ မဆုံးဖြတ်ရသေးဘူး၊ မတ်လ ၄ ရက်ဆိုတာလည်း အရင်လျာထားထားတာပေါ့၊ ရွေ့ပြီးရင်တော့ စပြီး အကောင်အထည်ဖော်တော့မယ်” ဟု အဆိုပါကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။
ကျွဲဆည်ကန်ကားကြီးကွင်းကို နိုင်ငံတကာလေဆိပ်ကဲ့သို့ အဆင့်မီ ခရီးသည်နားနေခန်းများ၊ လက်မှတ်အရောင်းကောင်တာများ၊ စျေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ စျေးဝယ်စင်တာများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကာ ထိုသို့ နိုင်ငံတကာအဆင့်မီ ယာဉ်ရပ်နားစခန်း အဖြစ် တည်ဆောက်နိုင်ရန်လည်း M-Development Corporation (Myanmar) Co.,Ltd က အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ရင်းနှီးမြှုပ်နှံထားသည်။
လက်ရှိတွင် အဆိုပါကားကွင်းအတွင်း နှစ်ထပ်ကုန်တင် ၉၄ ခန်း၊ သုံးထပ်ဆောင် မြေညီထပ် ယာဉ်လက်မှတ်ရောင်းဂိတ်ခန်း ၄၂ ခန်း၊ လူနေတိုက်တန်း ၂၃ ခန်း၊ စျေးဆိုင်ခန်း ၉၄ ခန်းရှိကာ ယင်းကားကွင်းမှ နေ့စဉ်ယာဉ်အစီးရေ လေးရာဝန်းကျင် ပြေးဆွဲလျက်ရှိသည်။ ကျွဲဆည်ကန်ကားကြီးကွင်းသည် လက်ရှိ၌အမှန်တကယ်လည်း အိုဟောင်းနေပြီဖြစ်ရာ ခေတ်ကာလနှင့် လိုက်လျောညီထွေမှု မရှိတော့သည့်အတွက် အဆင့်မြှင့် တင်မှုကို လက်ခံသော်လည်း အဆင့်မြှင့်တင်ပြီးချိန် ပြန်လည်ရရှိမည့် ဂိတ်ခန်းနေရာက ယခင်ကကဲ့သို့ ကျယ်မည်မဟုတ်တော့ကြောင်း ဂိတ် ခန်းပိုင်ရှင်အချို့က ပြောဆိုသည်။
“လုပ်ကိုင်ခွင့်ရတဲ့ကုမ္ပဏီက Shopping Mall တွေပါ ထည့်ဆောက်မှာဖြစ်တဲ့အတွက် သုံးပုံတစ်ပုံလောက်က သူတို့ကိုပေးလိုက်ရမှာ၊ အဲဒါဆိုရင် လက်ရှိကားကွင်းရဲ့ သုံးပုံနှစ်ပုံလောက်ပဲ ဂိတ်ခန်းတွေနဲ့ စျေးဆိုင် ခန်းတွေက နေရာရမှာ၊ ဒီတော့ လက်ရှိ ဂိတ်ခန်းတောင် နေရုံလောက်ပဲ ဖြစ်နေတာကို ပြန်ရတဲ့အခါ နေရာကျဉ်းသွားမှာဖြစ်တဲ့အတွက် ယာဉ်လိုင်းတွေက ကန့်ကွက်နေကြတာ၊ သဘောမတူဖြစ်နေကြတာ၊ ဒါကို စည်ပင်နဲ့ အကြိမ်ကြိမ်ညှိနှိုင်းပေမဲ့ အဆင်မပြေပါဘူး၊ ယာဉ်လိုင်း ၁၅ သင်းလောက်က ဦးဆောင်ပြီးတော့ ဂိတ်ခန်းမူလအတိုင်းရရှိရေး တောင်းဆိုတာတွေ၊ ညှိနှိုင်းတာတွေ ဆက်လုပ်နေကြတယ်” ဟု အကယ်ဒမီယာဉ်လိုင်း တည် ထောင်သူ ဦးအေးဇော်က ထပ်မံဆိုလာသည်။
လက်ရှိ၌ မန္တလေး-ရန်ကုန်ပြေးဆွဲသည့် ယာဉ်လိုင်းများပြားခြင်း၊ ယာဉ်အစီးရေ များပြားခြင်းတို့ကြောင့် လစဉ်ဝင်ငွေသည် လုပ်ငန်း လည်ပတ်ရုံသာကျန်ရှိတော့ပြီး မကြာမီ ယာယီကားကွင်းသို့ ပြောင်းရွေ့ရချိန်၌ လစဉ်ကုန်ကျစရိတ်များကို လကြာရှည်စွာ ထမ်းထားနိုင်မည်မဟုတ်ကြောင်း ယာဉ်လိုင်းဂိတ်ပိုင်အချို့က ဆိုကြသည်။ ကျွဲဆည်ကန် ကားကြီးကွင်း အဆင့်မြှင့်တင်နေချိန်တွင် ပြောင်းရွေ့ရမည့် ယာယီကားကွင်းနေရာသည် ၁ဝ ဧကခန့် ကျယ်ဝန်းပြီး ကားအစီး လေးဆယ်ခန့် တစ်ပြိုင်တည်း အဝင် အထွက်ပြုလုပ်နိုင်ကာ ဘတ်စ်ကား အစီးနှစ်ရာကျော် ရပ်နားနိုင်မည်ဖြစ် သည်။ ကျွဲဆည်ကန်ကားကြီးကွင်းကို အဆင့်မြှင့်တင်ရာ၌ ၂ နှစ်ခန့် ကြာမြင့်မည်ဟု မျှော်မှန်းထားပြီး ယာဉ်လိုင်းများ ပြောင်းရွေ့ရမည့် ယာယီ ကားကွင်း မြေနေရာကိုလည်း လုပ်ကိုင်ခွင့်ရ M-Development Cor- poration (Myanmar) ကုမ္ပဏီက ငှားရမ်းထားသည်။ တည်ဆောက်ချိန် ၂ နှစ်ခန့်ကြာမည်ဟုဆိုသော်လည်း ယာယီကားကွင်းမြေနေရာကို ငှားရမ်း ထားရခြင်းဖြစ်၍ အမြန်ဆုံးပြီးစီးအောင် တည်ဆောက်မည်ဟု မျှော်မှန်းထား ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များက ပြောဆိုသည်။
လက်ရှိတွင် ကျွဲဆည်ကန်ကားကြီးကွင်း အဆင့်မြှင့်တင်တည်ဆောက် မည့် ဒီဇိုင်းပုံစံကို ထုတ်ပြန်ခြင်းမရှိသေးဘဲ ယခုအချိန်အထိ ပြောင်းရွေ့ရ မည့်ကိစ္စနှင့်ပတ်သက်၍ ယာဉ်လိုင်းပိုင်ရှင်များ၊ မြို့တော်စည်ပင်၊ လုပ် ကိုင်ခွင့်ရကုမ္ပဏီတို့ ညှိနှိုင်းနေရဆဲဖြစ်ကြောင်း၊ ထိုသို့ ညှိနှိုင်းဆွေးနွေးမှု ရှစ်ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့သော်လည်း ယာယီကားကွင်းသို့ လာမည့် မတ် ၄ ရက် နောက်ဆုံးထားကာ ရွေ့ပြောင်းရမည်ဟု ကြားသိရသည့်အတွက် သဘောမတူကြောင်း ဖေဖော်ဝါရီ ၉ ရက်ကလည်း ယာဉ်လိုင်းပိုင်ရှင်အချို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသေးသည်။
“အခုလက်ရှိ နေနေတဲ့ဂိတ်ခန်းက တစ်ခန်းကို ပေ နှစ်ဆယ် ကျော်တယ်၊ အခု ယာယီကားကွင်းမှာ စည်ပင်က စီစဉ်ပေးတဲ့အခန်းက တစ်ခန်းမှ ၁ဝ ပေပဲ ရှိတယ်၊ ရှိမယ့်ဝန်ထမ်းအင်အားနဲ့ ဂိတ်ခန်းက တအား ကျဉ်းနေတဲ့အတွက် လုံးဝအဆင်မပြေဘူး၊ ဒါကြောင့် ဂိတ်ခန်းပိုင်ရှင်၊ ဆိုင်ခန်း ပိုင်ရှင်တွေအနေနဲ့ ဒီနေရာကနေ ဖယ်ပေးဖို့ အဆင်မပြေဘူး”ဟု အဆိုပါ ကားကွင်းရှိ ‘မန်းရွေမြန်မာဂိတ်’ တာဝန်ခံ ဦးသန့်ဇင်က ဆိုသည်။
မည်သို့ပင်ဆိုစေ၊ ယခင်အစိုးရလက်ထက်က BOT စနစ်ဖြင့် နှစ် ငါးဆယ်အထိ လုပ်ကိုင်ခွင့်ရထားပြီး သဘောတူစာချုပ်များ ချုပ်ဆိုပြီးဖြစ် သောကြောင့် အဆင့်မြှင့်တော့မည်မှာ ဧကန်မလွဲပေ။ ထိုသို့ အဆင့်မြှင့် တင်နေဆဲ ကာလတစ်လျှောက် ယာယီကားကွင်းသို့ ပြောင်းရွေ့ရေး၊ အဆင့်မြှင့်တင်မည့် ကျွဲဆည်ကန်ကားကြီးကွင်းအတွင်း ဂိတ်ခန်းများ မူလ နေရာအကျယ်အတိုင်း ပြန်လည်ရရှိရေး စသည့် တောင်းဆိုသူ ယာဉ်လိုင်းများနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ လုပ်ကိုင်ခွင့်ရ M Development Corporation (Myanmar) Co.,Ltd တို့အကြား လွန်ဆွဲပွဲများလည်း ထပ်မံရှိနေဦးမည်မှာ သေချာနေသည်။ ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ထားသော NLD အစိုးရလက်ထက်တွင် မန္တလေးမြို့တော်၌ ဖွံ့ဖြိုးတိုးတက်မှုများ နေရာအနှံ့မြင်နေရသည့်အတွက် ကျွဲဆည်ကန်ကားကြီးကွင်း အဆင့်မြှင့်တင်မှုကို ဂုဏ်ယူရသော်လည်း ယာဉ်လိုင်းပိုင်ရှင်များ၏ ရင်ထဲကဆန္ဒ၊ လက်တွေ့ကြုံနေရသော အခက် အခဲများကိုလည်း ကိုယ်ချင်းစာစိတ်ဖြင့် စဉ်းစားပေးစေလိုကြောင်း ယာဉ်လိုင်း ပိုင်ရှင်များက ပြောဆိုကြသည်။ ထို့ကြောင့် မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီကို ဦးဆောင်လျက်ရှိသည့် နာမည်ကောင်းရရှိထားသော မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က လုပ်ကိုင်ခွင့်ရကုမ္ပဏီနှင့် ယာဉ် လိုင်းပိုင်ရှင်များအကြား နှစ်ဦးနှစ်ဖက် အဆင်ပြေပြေဖြစ်စေရေး ပြန်လည် ညှိနှိုင်းပေးရန်လည်း မျှော်လင့်နေကြသည်။ ယာယီကားကွင်းသို့ ပြောင်း ရွေ့ရမည့်ကာလမှာလည်း သိပ်မလိုတော့သည့်အတွက် မည်သို့မည်ပံုြဖစ် လာမည်ကို ေစာင့်ြကည့်ရဦးမည် ြဖစ်ေပသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here