ပြီးခဲ့သည့်နှစ်အတွင်း   ကားတင်သွင်းမှုများ   လျော့နည်းသွားသော်လည်း ကနဦးမှတ်ပုံတင်ပြုလုပ်သည့် ယာဉ်အစီးရေ   တစ်သိန်းကျော်ရှိ

836

ရန်ကုန်၊ ဇန်နဝါရီ

ပြီးခဲ့သည့်နှစ်အတွင်း ကားတင်သွင်းမှုများ လျော့နည်းသွားသော်လည်း ကနဦးမှတ်ပုံတင်ပြုလုပ်သည့် ယာဉ်အစီးရေ တစ်သိန်းကျော်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

၂ဝ၁၇ ခုနှစ်၏ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များနှင့် အခွန်နှုန်းထားများ တိုးမြှင့် ကောက်ခံမှုကြောင့် ပြည်ပမှ ကားတင်သွင်းမှု လျော့နည်းခဲ့သော်လည်း ကားအရောင်းပြခန်း၊ ကားအရောင်းစင် တာများမှ Consignment ဖြင့် တင်သွင်းထားသော ကားများနှင့် ၂ဝ၁၆ ပါမစ်ဖြင့် တစ်ဦးချင်းတင်သွင်းသော ကားများကြောင့် ကနဦးမှတ်ပုံတင်ပြုလုပ်သည့် အစီးရေ လျော့နည်းသွားခြင်းမရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၁ဝ၇ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကနဦးမှတ်ပုံတင်ပြုလုပ်သည့် ကားအစီးရေ ၁ဝ၉,၅၈၆ စီးရှိခဲ့ရာ ဇန်နဝါရီလအတွင်း ၁ဝ,၇၅၂ စီး၊ ဖေဖော်ဝါရီလအတွင်း ၈,၇၅၈ စီး၊ မတ်လအတွင်း ၁၃,၃၂၁ စီး၊ ဧပြီလအတွင်း ၉,၆၉၇ စီး၊ မေလအတွင်း ၉,၅၄၆ စီး၊ ဇွန်လအတွင်း ၈,၈၇၆ စီး၊ ဇူလိုင်လအတွင်း အစီး ၇,၅၆ဝ၊ သြဂုတ်လအတွင်း ၉,၃၄၄ စီး၊ စက်တင်ဘာလအတွင်း ၇,၉၃၁ စီး၊ အောက်တိုဘာလအတွင်း ၈,၅ဝ၅ စီး၊ နိုဝင်ဘာလအတွင်း ၈,၃၅၉ စီး၊ ဒီဇင်ဘာလအတွင်း ၆,၉၃၇ စီးရှိကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်းထုတ် CKD ၊ SKD ကားများကို ကနဦးမှတ်ပုံတင် ပြုလုပ်ပေးရာတွင် Suzuki Myanmar Motor မှထုတ်လုပ်သော လူစီးကားများဖြစ်သည့် Suzuki Ertiga ၁,၉၂၁ စီးနှင့် Suzuki Ciaz ၁,ဝ၂၉ စီးတို့လည်း ကနဦးမှတ်ပုံတင် ပြုလုပ်ခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here