အမေရိကန်ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ General Motors လက်အောက်ခံ လုပ်ငန်းခွဲ Chevrolet ဟာ လူငယ်လူလတ်ပိုင်းအကြိုက် Sports Car မိုဒယ် Corvette ကို ၁၉၅၃ ခုနှစ်ကတည်းက စတင်ထုတ် လုပ်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်အထိ ရှေ့အင်ဂျင်နဲ့ ထုတ်လုပ်ခဲ့ တာ ဖြစ်ပါတယ်။ အဋ္ဌမမျိုးဆက်အစ ၂ဝ၂ဝ မိုဒယ် Corvette မှာတော့ အင်ဂျင်ကို ကားအလယ်ပိုင်းမှာ တပ်ဆင်ခဲ့ပြီး ဒီဇိုင်းပိုင်း အကောင်းဆုံးဖြစ်အောင် ဖန်တီးထားသလို စွမ်းဆောင်ရည်ပိုင်းကိုလည်း ပိုပြီး အဆင့်မြှင့်တင်ထားပါတယ်။
အဋ္ဌမမျိုးဆက် Corvette Stingray C8 ဟာ နောက် ဆုံးထုတ်မိုဒယ်ဖြစ်တာနဲ့အညီ အရင်မိုဒယ်နဲ့ လုံးဝကို ကွဲပြားသွားခဲ့ပါတယ်။2020 Chevrolet Corvette Stingray မှာ 1LT , 2LT , 3LT ဆိုတဲ့ Trim Level သုံးမျိုးရှိပြီး မြင်းကောင်ရေ ၄၉၅ ကောင်အား 6.2 liter LT2 V8 အင်ဂျင် တပ်ဆင်ထားပါတယ်။ ဓာတ် ဆီလောင်စာသုံး ဒီအင်ဂျင်ဟာ စွမ်းအင်ထုတ်လုပ် မှုအား ပိုများပြီး ၂ ဒသမ ၉ စက္ကန့်အတွင်း သုည မိုင်ကနေ မိုင်ခြောက်ဆယ်အထိ အရှိန်မြှင့်တင်နိုင် သလို အမြင့်ဆုံးအနေနဲ့ တစ်နာရီ ၁၉၄ မိုင်နှုန်းအထိ မောင်းနှင်နိုင်တာကြောင့် ဖော်မြူလာဝမ်း ပြိုင်ပွဲဝင် တကယ့်ပြိုင်ကားတွေအလား ထင်မှားစရာပါ။
နာမည်ကြီးကားဒီဇိုင်နာ Tom Peters ဒီဇိုင်း ထုတ်ပေးခဲ့တဲ့ ဒီကားရဲ့ ဘော်ဒီကောက်ကြောင်းက အလန်းစားဒီဇိုင်းဖြစ်ပြီး နောက်ဘီးယက်စနစ် ဖြစ်သလို အော်တိုဂီယာ ရှစ်ချက်နဲ့ မောင်းနှင်ရမှာဖြစ်ပါတယ်။ လေခွင်းအားကို အကောင်းဆုံးတုံ့ပြန်ပြီး ပြေးလမ်းမပေါ် မြင်းရိုင်းတစ်ကောင်အလား ပြေးလွား မောင်းနှင်နိုင်ဖို့ အတွက် ဘော်ဒီကို စနစ်တကျသုတေသနပြုလုပ် တည် ဆောက်ထားတာ ဖြစ်ပါတယ်။ ရှဲလ်က အောက်ပိုင်းကို အနည်းငယ်နိမ့်ဆင်းသွားတဲ့ဒီဇိုင်းဖြစ်ပြီး ဘေးတစ်ဖက် စီမှာတော့ လေးထောင့်ဆန်ဆန် လေစုပ်ပေါက်တစ်ခုစီ ထည့်သွင်းပေးထားပါတယ်။ ကားအရှေ့ပိုင်း အောက် ခြမ်းကို Skirt ပြုလုပ်ပေးထားပြီး ကားတံခါးနဲ့ နောက် ဘီးခုံးနားအထိရောက်နေတဲ့ အတွင်းလှိုက် လေစုပ်ခွက် ကလည်း အမြင်ဆန်းသစ်သလို လေခွင်းအားကောင်း ကာ အရှိန်အဟုန်နဲ့ မောင်းနှင်နိုင်ပါတယ်။
လမ်းမပေါ်မှာ Slowdown တွေရှိရင် သုံးစက္ကန့် အတွင်း ကားအောက်ပိုင်းကို နှစ်လက်မမြင့်တက်လာ အောင် လုပ်ဆောင်နိုင်လို့ အောက်ပိုင်းထိခိုက်မှာကို ပူစရာမလိုပါဘူး။ ကားနောက်ဖုံးမှာ လေပင့်အား ထိန်းတောင်ပံတစ်ခု တပ်ဆင်ထားပြီး အနောက် ဘက် Diffuser Area မှောတော့ လေးထောင့်ခရိုမီယမ် အိပ်ဇော ပိုက်တစ်စုံစီကို ဘယ်ညာတောင် ပံ တစ်ဖက်တစ်ချက်စီမှာ ထည့်သွင်း ပေးထားပါတယ်။ ကားဘေးဘက် ခြမ်းကို ပြိုင်ကားတစ်စီးရဲ့ ဂုဏ်ဒြပ်နဲ့ လိုက်ဖက်အောင် ကောက်ကြောင်းလှလှနဲ့ ပြုလုပ်ပေးထားတာကြောင့် 2020 Chevrolet Corvette Stingray ဟာ တခြား ပြိုင်ဘက်တွေကိုတောင် အံ့အားသင့်စေပါတယ်။ လူ နှစ်ယောက်သာ လိုက်ပါစီးနင်းနိုင်တဲ့ အတွင်းခန်း အပြင် အဆင်ကိုလည်း အကောင်းဆုံးအရာတွေနဲ့ဖန်တီးပြုလုပ်ထားပြီး ပြိုင်ကားမောင်းသမားတွေ အသုံးပြုတဲ့ ထိုင်ခုံတွေကိုတော့ Mulan Leather တွေနဲ့ ချုပ်လုပ် ထားပါတယ်။ Trim Level အလိုက် အတွင်းခန်း အပြင်အဆင်ကွဲပြားသွားပြီး ဈေးနှုန်းပိုမြင့်တဲ့ 2LT , 3LT တို့မှာတော့ ထိုင်ခုံကို carbon-fiber နဲ့ ရရှိနိုင် ပါတယ်။
တခြားကားတွေလို ကားရှေ့ပိုင်း အင်ဂျင်တပ်ဆင် တဲ့နေရာမှာ ကုန်ပစ္စည်းတွေ ထည့်ထားလို့ရပြီး ကား နောက်ပိုင်းမှာလည်း ဝန်ထည့်စရာနေရာပါတာကြောင့် ကိုယ်ချစ်ရတဲ့သူနဲ့ ခရီးဝေးသွားတဲ့အခါမျိုးတွေမှာ ပစ္စည်းများများ ယူဆောင်သွားလို့ရပါတယ်။ ကားအမိုး က အရှင်ဖြစ်ပြီး ရာသီဥတု သာယာနေချိန်မျိုးမှာ အမိုး ဖွင့်မောင်းနှင်မယ်ဆိုရင် လတ်ဆတ်တဲ့ သဘာဝလေ တွေကို ရှူရှိုက်ခွင့်ရနိုင်မှာပါ။ ကားအတွင်းခန်း ဖွဲ့စည်း ပုံက ရိုးရှင်းတယ်လို့ဆိုနိုင်ပေမဲ့လည်း နောက်ဆုံးပေါ်ခေတ်မီနည်းပညာတွေကိုပဲ အသုံးပြုထားပါတယ်။ ဒက်ရှ် ဘုတ်မှာ မျက်နှာပြင်အကျယ် ရှစ်လက်မရှိတဲ့ Touch Screen တစ်ခုပါဝင်ပြီး စတီယာရင် အောက်ဘက် မှာတော့ မျက်နှာပြင်အကျယ် ၁၂ လက်မရှိတဲ့ Digital Instrument Display ပါဝင်ပါတယ်။
တခြားမိုဒယ်ပြိုင်ကားတွေလို ခေတ်မီနည်းပညာ တွေကို အသုံးပြုလို့ရပြီး Tour , Track , Sport , Weather ဆိုတဲ့ မောင်းနှင်မှုပုံစံလေးမျိုးရှိပါတယ်။ အသံစနစ်အတွက် Bose စပီကာ ၁၄ လုံးကို ကား အတွင်းခန်းအနှံ့ ထည့်သွင်းပေးထားလို့ ကြည်လင်ပြတ် သားတဲ့ အသံထွက်စနစ်ကို ခံစားနိုင်မှာပါ။ unequal Length Double Wishbone ဆိုင်းထိန်းစနစ် အသုံး ပြုထားတာကြောင့် အရှိန်ပြင်းပြင်း မောင်းနေတဲ့အခါ မျိုးတွေမှာ ယာဉ်တည်ငြိမ်မှုဖြစ်စေနိုင်ပါတယ်။ ရှေ့ဘီး တွေက ပေါ့ပါးတဲ့ ၁၉ လက်မ Alloy ဘီးခွေဖြစ်ပြီး နောက် ဘီးတွေကတော့ ဆူညံသံတွေကို လျှော့ချပေးနိုင်တဲ့ လက်မနှစ်ဆယ် Alloy ဘီးခွေတွေ အသုံးပြုထားပါ တယ်။ တာယာတွေကိုတော့ ရာသီမရွေး အသုံးပြုနိုင်တဲ့ Michelin တာယာတွေ သုံးစွဲထားလို့ လုံခြုံစိတ်ချမှု ရှိစေပါတယ်။ အမိုးတွေကို လက်နဲ့ရော ခလုတ်တစ် ချက်နှိပ်ရုံနဲ့ပါ အလွယ်တကူ ခေါက်သိမ်းနိုင်အောင် ပြု လုပ်နိုင်ပါတယ်။
Trim Level သုံးမျိုးရှိတဲ့အထဲမှာ ဈေးအနည်းဆုံး က အမေရိကန်ဒေါ်လာ ၅၉,၉၉၅ ရှိတဲ့ 1LT ဖြစ်ပြီး 2LT ကတော့ အမေရိကန်ဒေါ် ၆၇,၂၉၅ ဖြစ်ပါတယ်။ ဈေးအကြီးဆုံးကတော့ 3LT ဖြစ်ပြီး အမေရိကန် ဒေါ် လာ ၇၁,၉၄၅ ကျသင့်မှာပါ။