ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို ကားတင်သွင်းခွင့်ပေး၊ မပေး စောင့်ကြည့်နေကြ၍ တစ်ဦးချင်းအစီအစဉ်ဖြင့် ပါမစ်လျှောက်ထားမှုမရှိသေး

705

ရန်ကုန်၊ ဖေဖော်ဝါရီ
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ကားတင်သွင်းခွင့်ပေး၊မပေးကို စောင့်ကြည့်နေကြ၍ ယခုနှစ် အတွင်း ပြည်ပမှ တစ်ဦးချင်းအစီအစဉ်ဖြင့် တင်သွင်းရန် ပါမစ် လျှောက်သည့်ကားမရှိသေးကြောင်း သိရသည်။

ယခုနှစ်၏ မော်တော်ယာဉ် တင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်ကြောင့် တင်သွင်းရန်ကားရှားပါး ခြင်းနှင့်အတူ ရန်ကုန်လိုင်စင်လည်း ခွင့်မပြုသေး၍ ကားတင်သွင်းမှုများ လျော့နည်းနေသည်။ ထို့အတူ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်း များကို အခွန်သက်သာခွင့်အချို့ ဖြင့် ကားတင်သွင်းခွင့်ပေးမည့်အစီအစဉ်အပေါ် စောင့်ကြည့်နေကြ၍ ကားတင်သွင်းမှုများမှာ ရပ်ဆိုင်းလု နီးပါး ဖြစ်နေကြောင်း သိရသည်။

“လတ်တလောမှာတော့ သမ္မတရုံးရဲ့ ညွန်ကြားချက်ကြောင့် ဝန်ထမ်းပါမစ်အစီအစဉ်ကို ဆိုင်းငံ့ ထားပါတယ်၊ မိုဒယ်သတ်မှတ်ချက်အရ တင်သွင်းဖို့ ကားရှားသွားလို့ ပါမစ်လျှောက်တာနည်းတာ ဖြစ်နိုင် သလို ဝန်ထမ်းပါမစ်ပေး၊မပေးကို စောင့်ကြည့်နေတဲ့အတွက်လည်း ပါမစ်လျှောက်တာ နည်းတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ဖေ ဖော်ဝါရီလဆန်းအထိတော့ တစ်ဦးချင်းအစီအစဉ်နဲ့ ပါမစ်လျှောက်တဲ့ ကား မရှိသေးပါဘူး”ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် မူဝါဒဖြင့် ပါမစ် လျှောက်ထားမှုတွင် တစ်ဦးချင်း အစီအစဉ်ဖြင့် ယာဉ်အို၊ ယာဉ် ဟောင်းစလစ်ကပ်၍ ပါမစ်လျှောက် ထားခြင်းမရှိသေးသလို ဖရီးပါမစ်ဖြင့်လည်း ပါမစ်လျှောက်ထားခြင်း မရှိသေးကြောင်း သိရသည်။ ကား အရောင်းစင်တာ၊ ကားအရောင်း ပြခန်းများမှ တင်သွင်းထားသည့် ကားများအတွက် ဝယ်ယူခွင့်လျှောက် ထားသည့် ပါမစ်များသာရှိပြီး ကား အရောင်းစင်တာများမှ ၁၃၈ စီး၊ ကားအရောင်းပြခန်းများမှ ၉၅၆ စီး ရှိကြောင်း သိရသည်။

ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here