ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက် တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ်၏ ဆိပ်ကမ်းအရောက်တန်ဖိုးများ ထွက်ပေါ်ပြီးနောက် စျေးကွက်ပျောက်သွားသည့် အပ်ကားစျေးကွက်

782
Page(Test)

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက် တင်သွင်း ခွင့်ပြုမည့် မော်တော်ယာဉ်၏ ဆိပ်ကမ်းအရောက်တန်ဖိုးများ ထွက်ပေါ်လာ ရာ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ကျပ်သိန်း ၁,၅ဝဝ၊ ဒုတိယသမ္မတအဆင့်နှင့်တူညီသည့် ပြည်ထောင်စုအဆင့်ဝန်ထမ်း များအတွက် ကျပ်သိန်း ၁,၂ဝဝ၊ ပြည်ထောင်စုဝန်ကြီးများ ပြည်နယ်/တိုင်း ဒေသကြီးဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးအဆင့်နှင့် တူညီသည့် ဝန်ထမ်းများအတွက် ကျပ်သိန်းတစ်ထောင်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်/ တိုင်းဒေသကြီးဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ အကြီးအ ကဲများနှင့် ဒုတိယဝန်ကြီးအဆင့်နှင့် တူညီသည့်ပြည်သူ့ဝန်ထမ်းများ၊ ကော်မရှင်ဥက္ကဋနှင့်အဖွဲ့ဝင်များအတွက် ကျပ်သိန်းခုနစ်ရာ၊ အမြဲတမ်းအ တွင်းဝန်များနှင့် ညွန်ကြားရေးမှူးချုပ်များအတွက် ကျပ်သိန်းငါးရာ၊ ဒုတိ ယညွန်ကြားရေးမှူးချုပ်နှင့် နိုင်ငံ့ဝန်ထမ်းလုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ ဝန်ထမ်းကောင်းတံဆိပ်ရရှိထားသူများအတွက် ကျပ်သိန်းသုံးရာ ကားများ ကို အကောက်ခွန်နှင့် ကညနမှတ်ပုံတင်ခ ကင်းလွတ်ဖြင့် တင်သွင်းခွင့် ပြုပေးတော့မည်ဟု သိရသည်။ ထိုသတင်းထွက်ပေါ်ပြီးနောက်တွင် စျေးကွက်အကြိုက်ညာမောင်းကားများ၊ ပြည်ပမှ CBU ဖြင့် တင်သွင်းသည့် Brand New ကားများနှင့် ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ် နေသည့်ကားများမှာ သိသိသာသာ အဝယ်အေးသွားသည်။ ထို့ပြင် အခွန် သက်သာခွင့်များစွာရရှိမည့် ထိုပါမစ်များကို စိတ်ဝင်စားမှု ပိုများလာခြင်း ကြောင့် ယာဉ်အို၊ယာဉ်ဟောင်းအပ်ကားစျေးကွက်မှာလည်း အဝယ်ပျောက်သွားပြီး ကြိုက်ရောင်း၊ကြိုက်ဝယ်ပုံစံဖြင့်သာ အရောင်းအဝယ် ဖြစ်နေ သည်။

‘‘အခွန်သက်သာခွင့်နဲ့ပေးမယ့် ဝန်ထမ်းပါမစ်တွေက ခွင့်ပြုဖို့ သေချာသွားပြီဖြစ်လို့ ကားအရောင်းအဝယ်တွေ ဆက်ပြီးအေးနေပါတယ်၊ ဝန်ထမ်းပါမစ်တွေ ထွက်လာမှာဖြစ်လို့ အပ်ကားဝယ်ချင်တဲ့သူ၊ အမည်ပေါက် စလစ်ဝယ်ချင်တဲ့သူတွေ ပျောက်သွားပါတယ်၊ ဒါကြောင့် စျေးကွက်ထဲမှာ ယာဉ်အို၊ယာဉ်ဟောင်းစလစ်စျေးတွေ သိသိသာသာကျသွားပါတယ်၊ ရောင်းချင်တဲ့သူကတော့ တစ်ရာအထက် စျေးခေါ်ရောင်းချပေမဲ့ ဝယ်သူ ကတော့ သိန်းတစ်ရာ ဝန်းကျင်ပဲ ပေးတယ်လို့ သိရပါတယ်၊ နောက်ပြီး ပါမစ်တွေ ထွက်လာမယ်ဆိုတဲ့အတွက် အမြင့်ကားတွေ တဖြည်းဖြည်းနဲ့ တက်စျေးတွေကို ချရောင်းလာတာ တွေ့ရပါတယ်’’ဟု ‘MMM ကားအရောင်းစင်တာ’မှ ကိုမင််းမင်းမောင်က ဆိုသည်။

လက်ရှိတွင် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို ရာထူးအဆင့် အလိုက် စျေးနှုန်းများသတ်မှတ်ကာ တင်သွင်းခွင့်ပေးမည်ဖြစ်ပြီး ထိုပါမစ်ကို လျှောက်ထားမည့်သူများ စာရင်းပေးသွင်းနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန/ရုံး အသီးသီးစီ ညွန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။ ပါမစ်လျှောက်ထားခြင်းတို့ကို ဇန်နဝါရီလကုန်ပိုင်းမှစ၍ ခွင့်ပြုပေးနိုင်ရန် လျာထားပြီး အခွန်သက်သာခွင့်ဖြင့်ပေးမည့် ဝန်ထမ်းပါမစ်များ ထွက်လာပါက စျေးကွက်အကြိုက် ညာမောင်းကားစျေးများ ကားစျေးနှုန်းများ တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားနိုင်ဖွယ်ရှိကြောင်း ကားလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။

‘‘အခွန်သက်သာခွင့်နဲ့ ဝန်ထမ်းတွေကို ပါမစ်ချပေးတာက မှားယွင်းနေတဲ့ မူဝါဒတစ်ခုဖြစ်ပါတယ်၊ ဒီမူဝါဒကြောင့် ပြည်တွင်းမှာ CBU စနစ်နဲ့ ကားတင်သွင်းရောင်းချနေသူတွေ၊ SKD ၊ CKD စနစ်တွေနဲ့ ကားတပ်ဆင်နေတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အများကြီးထိခိုက်မှုရှိပါတယ်၊ ဒါတင် မဟုတ်ပါဘူး နိုင်ငံတော်အနေနဲ့လည်း အခွန်ဘဏာတွေများစွာ နစ်နာမှာ ဖြစ်ပါတယ်၊ ဒီလိုမဖြစ်မနေ ခွင့်ပြုမယ်ဆိုရင်လည်း အခွန်သက်သာခွင့် နဲ့သွင်းမယ့်ကားတွေကို သီးခြားအရောင် သတ်မှတ်ပေးသင့်ပါတယ်၊ ရောက်ရှိနံပါတ်အတိုင်း မှတ်ပုံတင်ပေးမယ်ဆိုရင်တော့ ကားသွင်းတဲ့အဆင့်မရောက်ဘဲ ပါမစ်ရောင်းစားတဲ့သူ ပိုများသွားမှာ ဖြစ်ပါတယ်၊ ဒီလိုခွင့် ပြုလိုက်တာက Automotive Car Industry မှာ ရင်းနှီးမြှုပ်နှံထားတဲ့ သူတွေရဲ့ ယုံကြည်ချက်ကို လျော့နည်းသွားအောင် လုပ်လိုက်သလို ဖြစ်နေပါတယ်၊ ကားစျေးကွက်တစ်ခုလုံးအပေါ်မှာ သက်ရောက်မှုရှိတဲ့အတွက် ကားအရောင်းအဝယ်တွေ အေးသွားပါတယ်’’ဟု ‘စွယ်တော်ကားအရောင်းပြခန်း’မှ မန်နေဂျင်းဒါရိုက်တာ ကိုမျိုးဇင်ဝင်းက ဆိုသည်။

ကားအရောင်းအဝယ်များ အေးနေသလို ယာဉ်အို၊ယာဉ်ဟောင်း စလစ်များလည်း အဝယ်အေးသွားရာ အမည်ပေါက်စလစ်တစ်စောင် ကျပ် သိန်းတစ်ရာဝန်းကျင်သာ ပေါက်စျေးရှိကြောင်း သိရသည်။ လက်ရှိကား အရောင်းအဝယ်စျေးကွက်တွင် ညာမောင်းကားများမှာ ယခင်ပေါက်စျေးမှ ကျပ်သိန်းနှစ်ဆယ်ဝန်းကျင်အထိ စျေးလျှော့ရောင်းချလာကြသော်လည်း အရောင်းအဝယ်မဖြစ်ကြောင်း သိရသည်။

‘‘အခွန်သက်သာခွင့်နဲ့ ဝန်ထမ်းပါမစ်တွေ ထွက်လာမယ်ဆိုလို့ ဒီရက်ပိုင်း ကားအဝယ်တွေ ပျောက်သွားပါတယ်၊ ကားအမျိုးအစားအပေါ် မူတည်ပြီး ကျပ်ငါးသိန်းကနေ သိန်းနှစ်ဆယ်အထိ စျေးချရောင်းလာကြတာတာရှိပေမဲ့ ဝယ်/ရောင်းအချင်းချင်းတောင် ပြန်ကောက်တာ မတွေ့ရပါဘူး၊ တော်တော်များများက ပါမစ်ဝယ်ဖို့ လိုက်မေးနေကြတာ တွေ့ရပြီး ပါမစ်တွေ တကယ်မထွက်လာသေးတဲ့အတွက် နှုတ်ရောင်း၊ နှုတ်ဝယ်ပဲ ရှိပါ တယ်’’ဟု ကားဝယ်/ရောင်း ကိုစန်းဝင်းရှိန်က ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here