ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက်ချပေးမည့် ကားပါမစ်များ ရောင်းချခွင့်မပြုဟုဆို

476

ရန်ကုန်၊ ဇန်နဝါရီ
ဝန်ထမ်းကောင်းလက်မှတ်ရ လုပ်သက် ၂၅ နှစ်နှင့်အထက် ပြည်သူ့ ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက်ချပေးမည့် မော်တော်ယာဉ် ပါမစ်များကို ရောင်းချခွင့်ပြုမည် မဟုတ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ သိရသည်။

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ်အရစ်ကျ ရောင်းချရေးအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် ထိုအစီအစဉ်အတွက် ပါမစ်ချပေးနိုင်မည့်အရေအတွက်ကို စတင် ကောက်ယူသည့် အဆင့်ဖြစ်ကြောင်း ပြောကြားခဲ့သလို ဖြေလျှော့ပေးမည့် အခွန်နှုန်းထားများကိုလည်း ညှိနှိုင်းနေဆဲဟု ဆိုခဲ့သည်။ ပါမစ်များထုတ်ပေးရာတွင်လည်း ၂ဝ၁၈ မှ ၂ဝ၂ဝ မိုဒယ်အတွင်း ဘယ်မောင်းကားများကို တစ်ဦးချင်းပုံစံအတိုင်း လျှောက်ထားခွင့်ပေးမည်ဖြစ်ပြီး ရာထူးအလိုက် သတ်မှတ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုပါမစ်များကို ကိုယ်တိုင်တင်သွင်းရန်အတွက်သာ ခွင့်ပြုခြင်းဖြစ်ပြီး ပါမစ်ရောင်းချခြင်း တွေ့ရှိပါက လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

‘‘ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ် အရစ်ကျ ရောင်းချရေးအစီအစဉ်နဲ့ ပတ်သက်တဲ့ရှင်းလင်းပွဲမှာ ရောင်းချဖို့ ပေးတာမဟုတ်ဘူး၊ ရောင်းချတာရှိရင် ဥပဒေအရ အရေးယူမယ်လို့ ပြောကြားပြီး ဖြစ်ပါတယ်၊ လက်ရှိမှာ ဝန်ထမ်းပါမစ်တွေနဲ့ ပတ်သက်ပြီး လျှောက်ထားမယ့် အရာရှိတွေကို စာရင်းကောက်ယူနေပါတယ်’’ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ ဝန်ထမ်းများအတွက် ချပေးမည့် မော်တော်ယာဉ်ပါမစ်များကို ယခု လ ၂၁ ရက်တွင် စတင်ထုတ်ပေးမည့် ကောလာဟလသတင်းများ ထွက်ပေါ်နေသည်။ သို့သော်လည်း ကန့်ကွက်မှုများရှိနေ၍ ယင်းပါမစ်များပေးမည်ဆိုပါက ကတ်ဘိနက် အဆင့်ထိတင်ပြရနိုင်ပြီး ခွင့်ပြုမည်ဆိုပါကလည်း လာမည့်မတ်လမှသာ စတင်နိုင်ဖွယ်ရှိကြောင်း သိရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here