ပြည်ပမှတင်သွင်းသည့် ယာဉ်များထဲမှ တိုက်ကြေကား အစီး ၁၆ဝ ကို အရည်ကျိုဖျက်သိမ်းရန် ဒုတိယအကြိမ် အဖြစ် MEC  ထံအပ်နှံ

1097

ပြည်ပမှတင်သွင်းသည့်ယာဉ်များထဲမှ တိုက်ကြေကား အစီး ၁၆ဝ ကို အရည်ကျို ဖျက်သိမ်းရန် ဒုတိယအကြိမ် အဖြစ် MEC ထံ အပ်နှံထားကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

 

တိုက်ကြေကားတင်သွင်းမှုများကို ၂ဝ၁၁ ခုနှစ်မှစ၍ စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ရာ ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလအထိ တိုက်ကြေကား ၁၅၇ စီး သိမ်းဆည်းခဲ့ပြီး အရည်ကျိုဖျက်သိမ်းရန် ပထမအကြိမ်အဖြစ် နြဃ ထံ အပ်နှံခဲ့ကြောင်း သိရသည်။

 

”အရင်ကလောက် တိုက်ကြေကားတွေ မသွင်းကြတော့ပါဘူး၊ သဘောင်္ ၁ဝ စီးမှာမှ တစ်စီး၊ နှစ်စီးလောက်ပဲ ပါလာတာတွေ့ရပါတယ်၊ သဘောင်္ကနေချတဲ့အချိန်မှာ ထိခိုက်မှုဖြစ်တဲ့ကားတွေကိုတော့ တိုက်ကြေတင်သွင်း တာ မဟုတ်လို့ ထုတ်ယူခွင့်ပြုပါတယ်၊ ရည်ရွယ်ချက်နဲ့ တင်သွင်းလာတဲ့ တိုက်ကြေကားတွေကိုတော့ နိုင်ငံပိုင်သိမ်းဆည်းပါတယ်၊ ဒီကားတွေက အများပြည်သူဆိုင်ရာ လမ်းမတွေပေါ်မှာ အသုံးပြုဖို့ မသင့်တဲ့အတွက်လည်း MEC ကို လွှဲပြီး အရည်ကျိုဖျက်သိမ်းမှာ ဖြစ်ပါတယ်”ဟု အကောက်ခွန်ဦး စီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပြည်ပမှတင်သွင်းယာဉ်များထဲတွင် တိုက်ကြေကားများ ပါဝင်မှုရှိ/မရှိ စစ်ဆေးလျက်ရှိပြီး သံသယဖြစ်ဖွယ် ကားများကို ကြီး/ကော်မှ စစ်ဆေး၍ နိုင်ငံပိုင်သိမ်းဆည်းကာ အရည်ကျိုဖျက် သိမ်းရန် MEC ထံ လွှဲပြောင်းပေးလျက်ရှိကြောင်းသိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here