ရန်ကုန်၊ မေ
ပြည်တွင်း၌ ပထမဦးဆုံးပုဂ္ဂလိကပိုင် ရေနံဓာတ်ငွေ့ရည်သိုလှောင်ကန်ကို သီလဝါစက်မှုဇုန်တွင် တည်ဆောက်ထားပြီး မော်တော်ယာဉ်များ၏ စွမ်းအင်အသုံးပြုမှု က@တွင် စျေးကွက်ဝေစုရရန် မျှော်မှန်းထားကြောင်း Elite Petrolchemical မှ သိရသည်။
ရေနံဓာတ်ငွေ့ရည်(LPG)သည် ဒီဇယ်၊ ဓာတ်ဆီများထက် စျေးနှုန်းသက်သာ၍ သန့်ရှင်းသော လောင်စာဖြစ်ပြီး ဒေသတွင်း နိုင်ငံများတွင် မီးဖိုချောင်သုံးစွမ်းအင်တစ်ခုအဖြစ် အသုံးပြုလျက်ရှိသလို သံရည်ကျိုလုပ်ငန်း၊ မော်တော်ယာဉ်နှင့် အခြားသော စွမ်းအင် က@များတွင်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။ သို့သော် မြန်မာနိုင်ငံတွင် မီးဖိုချောင်သုံး စွမ်းအင်တစ်ခုအဖြစ် အသုံးပြုလျက်ရှိပြီး လစဉ်တန်ချိန်ခြောက်ထောင်ခန့် အသုံးပြုလျက်ရှိကြောင်း သိရသည်။
”တန်ချိန်သုံးထောင်အထိ သိုလှောင်နိုင်တဲ့ LPG သိုလှောင်ကန်ကို သီလဝါစက်မှုဇုန်မှာ တည်ဆောက်ပြီး ဖွင့်လှစ်ခဲ့ပါတယ်၊ မြန်မာနိုင်ငံမှာ LPG ကို ထင်း၊ မီးသွေးနဲ့ လျှပ်စစ်အစားထိုး အသုံးပြုလာနိုင်အောင် တန်ချိန်နှစ်သောင်းခွဲအထိ တိုးမြှင့်တင်သွင်းပြီး လက်လီ၊ လက်ကားရောင်းချနိုင်ဖို့ ဆောင်ရွက်သွားမှာပါ၊ ဟိုတယ်တွေရဲ့ Cooking အပိုင်းတွေ ၊ စက်မှုလုပ်ငန်း၊ ကုန်ချောထုတ်လုပ်တဲ့ လုပ်ငန်းတွေရဲ့ စွမ်းအင်က@နဲ့ မော်တော်ယာဉ်တွေမှာလည်း တွင်တွင်ကျယ်ကျယ်သုံးလာဖို့ မျှော်မှန်းထားပါတယ်”ဟု ‘Elite Petrolchemical ‘မှ Executive Director ဦးလှိုင်ဇော်ထွန်းက ပြောသည်။
LPG သည် ဒီဇယ်၊ ဓာတ်ဆီများထက် ကာဗွန်ထွက်ရှိမှုနည်းသော သန့်စင်သည့်လောင်စာဖြစ်၍ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးကြောင်း သိရသည်။ Elite Petrolchemical ကုမ္ပဏီသည် ရေနံ ဓာတ်ငွေ့ရည် LPG ကို ထိုင်းနိုင်ငံ မှ တင်သွင်းရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်