ပြည်တွင်းကားစျေးကွက်အတွင်း တရုတ်နိုင်ငံထုတ် Japan Brand Car များ ဝင်ရောက်လာတော့ မည်ဖြစ်သော်လည်း ကားစျေးကွက် သိသိသာသာ ပြောင်းသွားမည်မဟုတ်

1522

ရန်ကုန်၊ စက်တင်ဘာ

ပြည်တွင်းကားစျေးကွက်အတွင်း တရုတ်နိုင်ငံထုတ် Japan Brand Car များ ဝင်ရောက်လာတော့မည် ဖြစ်သော်လည်း ကားစျေးကွက် သိ သိသာသာ ပြောင်းသွားမည်မဟုတ် ကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

ယခင် ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီများက အခြားနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သည့် ဂျပန်ကား များကို Used Car Export ခွင့်မပြုခဲ့သော်လည်း နှစ်နိုင်ငံအစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များ၏ သဘောတူညီမှုအရ တရုတ်နိုင်ငံ ထုတ် ဂျပန်ကားများကို Used Car အနေဖြင့် ပြည်ပသို့ တင်ပို့ ရောင်းချခွင့် ပြုခဲ့ကြောင်း သိရ သည်။

‘‘တရုတ်နိုင်ငံမှာ ဂျပန်ကား အမျိုးအစား တော်တော်များများကို ထုတ်လုပ်ပါတယ်၊ တရုတ်နိုင်ငံ ထုတ် Japan Brand ထဲမှာ SUV ကားတွေလည်း ပါပါတယ်၊ အရင်ကတော့ ဂျပန်ကုမ္ပဏီတွေက တခြားနိုင်ငံမှာ တပ်ဆင်ထုတ်လုပ် တဲ့ ဂျပန်ကားတွေကို Used Car အဖြစ်နဲ့ Export လုပ်ခွင့် မပေးပါ ဘူး၊ ဒါပေမ့ဲ နှစ်နိုင်ငံအစိုးရ အကြီးအကဲတွေနဲ့ လုပ်ငန်းရှင်တွေ ရဲ့ သဘောတူညီမှုအရ တရုတ် နိုင်ငံမှာ တပ်ဆင်ထုတ်လုပ်တဲ့ ဂျပန်ကားတွေကို Used Car  အဖြစ်နဲ့ ပြည်ပကို တင်ပို့ရောင်းချခွင့် ပြုလိုက်ပါတယ်၊ တရုတ်မှာ Used Car တွေကို Export လုပ်ရင် အခွန်တချို့ ပြန်ထုတ်ပေးတဲ့ Tax Refund  စနစ်လည်း ရှိတဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ကားတင်သွင်းသူတွေက ကားစျေးသက်သာရင် တင်သွင်းကြမယ်လို့ ထင်ပါတယ်’’ဟု ‘Sakura Engineering & Construction Development Co.,Ltd’ ၏ ဥက္ကဌ ဦးဌေးအောင် က ပြောသည်။

တရုတ်နိုင်ငံထုတ် Japan Used Car များကို Export လုပ် ခွင့်ပေးလိုက်သောကြောင့် ကား လုပ်ငန်းရှင်များက မြန်မာပြည်စျေးကွက်အကြိုက် Toyota Corolla ၊ Honda Fit စသည့် ဘယ်မောင်း ကားများကို စမ်းသပ်တင်သွင်းမှု များ ရှိလာသည်။ ထိုသို့ တရုတ်နိုင်ငံထုတ် ဂျပန်ကားများ ဝင်ရောက် လာဖွယ်ရှိသော်လည်း ရန်ကုန် လိုင်စင်ဖြင့် ဖရီးပါမစ်ကား တင်သွင်းမှု ပိတ်ထားခြင်းနှင့် အခွန် နှုန်းထားများ မြင့်မားမှုကြောင့် ကားစျေးကွက်မှာ သိသိသာသာ ပြောင်းလဲသွားမည် မဟုတ်ကြောင်း ကားတင်သွင်းသူများက သုံးသပ် ထားကြသည်။

‘‘Japan Brand တရုတ်ကား တွေကို စမ်းပြီးတင်သွင်းလာကြပေမဲ့ အခွန်အနေအထားနဲ့ ရန်ကုန် လိုင်စင်ပိတ်ထားတဲ့အတွက် ကား စျေးကွက်က ပြောင်းလဲမှာ မဟုတ် ပါဘူး၊ နောက်ပြီး တရုတ်နိုင်ငံမှာ တပ်ဆင်ထုတ်လုပ်တဲ့ ကားတွေက ဝယ်ရတဲ့ စျေးများပြီး ဒူဘိုင်းက ဂျပန်ကားတွေလောက် မကောင်း တာ တွေ့ရပါတယ်’’ဟု ‘JPM ကားအရောင်းစင်တာ’မှ ဒါရိုက်တာ ကိုထိန် လင်းအောင်က ဆိုသည်။

ကိုြဖိုး

LEAVE A REPLY

Please enter your comment!
Please enter your name here