ပေါင် ၁၀၅ သန်းကံထူးရှင် တစ်ပတ်ရစ် VW ဗန်ကားဖြင့်သာ အလုပ်သွား

183

 

ဗြိတိန်နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတစ်ဦးသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးထီဆုကြီးတစ်ဆုဖြစ်သည့် ပေါင် ၁၀၅ သန်းတန် EuroMillions ထီဆု ပေါက်ခဲ့သော်လည်း ယခုအချိန်အထိ တစ်ပတ်ရစ် Volkswagen ဗန်ကားဖြင့်သာ အ လုပ်သွားနေဆဲဖြစ်ကြောင်း ဇူလိုင် ၄ ရက်တွင် The Sun သတင်းစာက ဖော်ပြသည်။

West Sussex ဒေသ၊ Selsey မြို့ တွင်နေထိုင်သော အသက် ၄၂ နှစ်အရွယ် Steve Thomson နှင့် အသက် ၄၁ နှစ်အရွယ် Lenka တို့ ဇနီးမောင်နှံသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်ကဖွင့်လှစ်သော ၂၅ နှစ်မြောက် အမျိုးသားသန်းဆုထီဖွင့်ပွဲ ပထမအကြိမ် မဲနှိုက်မှုတွင် ဂ ဏာန်းတွဲ ခြောက်လုံးဖြင့် ယူရို ၁၀၅ သန်းတန် ထီဆုကြီးကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ 8,10,15,30,42,4,6 စသည့် နံပါတ်တွဲများဖြင့် ပေါင် ၁၀၅,၁၀၀,၇၀၁,၉၀ သန်း ဆွတ်ခူးနိုင်ခဲ့သော ၎င်းတို့ဇနီးမောင်နှံတွင် သားသမီး သုံးဦးရှိပြီး အိပ်ခန်းသုံးခန်းပါ နေအိမ်ဖြင့် နေထိုင်နေခြင်းဖြစ်သည်။ မစ္စတာ Thomson သည် သန်းထီမပေါက်မီ က လုပ်ငန်းခွင်တွင်အသုံးပြုရန် Volkswagen ဗန်ကား အဟောင်းတစ်စီးဝယ်ယူထားပြီး အလုပ်အပ်နှံသည့်နေရာများသို့ အဆိုပါကားကိုမောင်းကာ သွားရောက်လေ့ရှိသည်။ ထီပေါက်သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ ခုနစ်လကျော်ကာလ အတွင်း Thomson ဝယ်ယူထားသည့် အဓိကပစ္စည်းများက လုပ်ငန်းခွင်တွင်အသုံးပြုရန် နောက်ထပ် Volkswagen ဗန် ကား တစ်ပတ်ရစ်တစ်စီး၊ ဇနီးသည် Lenka အတွက် Volvo XC90 တစ်စီး ဖြစ်သည်။

နေအိမ်အတွက်ဆိုပါက ဗြိတိန်တွင်သာမက ကမ္ဘာ့မည်သည့်ဒေသကမဆို တန်ဖိုးကြီးဇိမ်ခံအိမ်များကို ဝယ်ယူနိုင်သော် လည်း အိပ်ခန်းသုံးခန်းပါ နေအိမ်အဟောင်းတွင်သာ နေထိုင်လျက်ရှိဆဲပင်ဖြစ်သည်။ Thomson နှင့် ရင်းနှီးသူတစ်ဦးက “သူတို့ထီပေါက်ထားတဲ့ငွေနဲ့ဆိုရင် ကမ္ဘာပေါ်က ဘယ်နေရာက အိမ်ကိုမဆို ဝယ်လို့ရတယ်။ ဂျက်လေယာဉ်ဝယ်ပြီး ကမ္ဘာ တစ်ပတ် ပတ်လို့ရတယ်။ သူတို့ အိမ်အသစ်ရှာနေမယ်လို့ ကျွန်တော်က ထင်နေပေမဲ့လည်း အခုအချိန်အထိ အရင်အိမ် လေးမှာ နေနေတုန်းပဲ။ ကိုရိုနာဗိုင်းရပ်စ်ကာလဖြစ်တာကြောင့် အိမ်မရှာသေးတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့က အခြား ဝယ်စရာတွေ ဝယ်လိမ့်မယ်လို့တော့ မထင်ပါဘူး။ Steve က VW ဗန်ကားလေးတစ်စီး ထပ်ဝယ်ထားတယ်။ ဒါပေမဲ့လည်း အဲဒီကားက အသစ်မဟုတ်ဘူး။ သူများသုံးပြီးသား တစ်ပတ်ရစ်ကြီး” ဟု ပြောသည်။

Ref: The Sun

LEAVE A REPLY

Please enter your comment!
Please enter your name here