ပေါင်ခြောက်သောင်းတန် Land Rover Defender ကား ဘောနတ်နှင့် တံခါးပေါက်များ ဖြုတ်ခိုးခံရ

385

အင်္ဂလန်နိုင်ငံမှ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် ရထား ဘူတာရုံတစ်ခုရှိ ကားပါကင်တွင် ၎င်း၏ ပေါင်ခြောက်သောင်းတန် Land Rover Defender ကားကို ရပ်နားထားစဉ်အတွင်း သူခိုးများက ကားဘောနတ်၊ တံခါးပေါက်များနှင့် မီးသီးများကို ဖြုတ်ခိုးသွားခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် Dailymail သတင်းစာက ဖော်ပြသည်။

လက်စတာ ရှိုင်းယားဒေသ Melton Mowbray တွင် နေထိုင် သော အသက် ၄၈ နှစ်အရွယ် ကလေးနှစ်ဦးမိခင် Lisa Sturmey သည် နိုဝင်ဘာ ၂ဝ ရက် နံနက် ပိုင်းက ၎င်း၏ကားအား Newark ရထားဘူတာရုံ ကားပါကင်တွင် ရပ်နားထားခဲ့သည်။ ၁၁ နာရီအ ကြာတွင် ကားပါကင်သို့ ပြန်လာရာ ၎င်း၏ တန်ဖိုးကြီး Land Rover Defender ကားမှာ သူခိုးများက ရစရာမရှိအောင် ဖျက်ဆီးထားခဲ့ သည်ကို အံ့အားသင့်ဖွယ်တွေ့ရှိခဲ့ သည်။

သူခိုးများသည် ကားဘော နတ်ကိုသာမက ရှေ့ခန်းတံခါးပေါက် နှစ်ခုနှင့် နောက်ဖုံးကိုပါ ဖြုတ်ခိုး ခဲ့သလို နောက်ခန်းပြတင်းပေါက် မှန်များကိုလည်း ရိုက်ခွဲကာ ကား အတွင်းခန်းမှ ကူရှင်များကိုလည်း ခိုးယူခဲ့သည်။ Mrs Sturmey သည် တစ်ရက်လျှင် ကားရပ်ခ ၁၄ ပေါင် ပေးရသည့် ကားပါကင်ရှိ CCTV ကင်မရာများကို စစ်ဆေးခဲ့ရာ သူခိုး များသည် ကင်မရာကို အဝတ်စဖြင့် အုပ်၍ ရည်ရွယ်ချက်ရှိရှိ ခိုးယူခဲ့ ခြင်းဖြစ်သည်ကို တွေ့ရှိခဲ့သည်။

သူခိုးများ၏ ခိုးယူမှုနှင့် ကား အား ဖျက်ဆီးခဲ့မှုများကြောင့် Mrs Sturmey အနေဖြင့် ပြန်လည်ပြင် ဆင်စရိတ်အတွက် အနိမ့်ဆုံး ပေါင် ၁၇,ဝဝဝ ခန့် ကုန်ကျခံရမည် ဖြစ် သည်။ Mrs Sturmey သည် ၎င်း ၏ကားအစိတ်အပိုင်းများ ခိုးယူခံရ ခြင်းနှင့် ဖျက်ဆီးခံရမှုကို လူမှုကွန် ရက်ပေါ် ဓာတ်ပုံများနှင့်တကွ တင် ခဲ့ရာ ဒေသခံရဲတပ်ဖွဲ့အနေဖြင့် ပြစ် မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် အပူတ ပြင်း ရှာဖွေလျက်ရှိသည်။
Ref: Dailymail

LEAVE A REPLY

Please enter your comment!
Please enter your name here