ပေနှစ်ရာမြင့် ကမ်းပါးစွန်းမှ ကားဖြင့် ထိုးကျသွားသော အမျိုးသမီး ကားရေတိုင်ကီထဲမှ ရေဖြင့် ခုနစ်ရက် အသက်ဆက်ခဲ့

471

အသက် ၂၃ နှစ်အရွယ် အမေရိကန် အမျိုးသမီး Angela Harnandez သည် ၎င်းမောင်းနှင်လာသည့် ကား နှင့်အတူ ပေနှစ်ရာမြင့်သည့် ကမ်း ပါးစွန်းမှ ထိုးကျသွားခဲ့သော်လည်း အသက်မသေဘဲ ကားရေတိုင်ကီ ထဲမှ ရေကိုသောက်ကာ ခုနစ်ရက် အသက်ဆက်ခဲ့ပြီးနောက် ရှာဖွေ တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဇူလိုင် ၁၅ ရက်တွင် Guardian သတင်းဝက်ဘ်ဆိုက်က ရေးသား ဖော်ပြခဲ့သည်။
အော်ရီဂွန်ပြည်နယ်၊ Portland မြို့တွင် နေထိုင်သော Angela Harnandez သည် အစ်မဖြစ်သူ Isabel ရှိရာ Los Angeles County သို့ သွားရောက်လည်ပတ်ရန် ကမ်းရိုးတန်းတစ်လျှောက် အမှတ် (၁) အဝေးပြေးလမ်းမကြီးအတိုင်း လေးဘီးယက် Jeep Patriot SUV ကားအား မောင်းနှင်လာစဉ် လမ်း ပေါ်ဖြတ်ပြေးသည့် တိရစ္ဆာန်တစ် ကောင်ကို မတိုက်မိအောင် ရှောင် တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်း ဘေး ချောက်ထဲ ထိုးကျသွားခြင်း ဖြစ်သည်။
Angela Harnandez သည် ပေနှစ်ရာ နက်သည့်ချောက်ကမ်းပါး ထဲသို့ ကားဖြင့် ထိုးကျသွားသော် လည်း အသက်မသေဘဲ ပျက်စီးနေ သော ကားအတွင်းမှ ထွက်လာနိုင် ခဲ့သည်။ သို့သော် ၎င်းတွင် ပခုံး ဒဏ်ရာရထားသဖြင့် ကားလမ်းရှိ ရာသို့ ပြန်တွယ်တက်နိုင်ခြင်းမရှိဘဲ ချောက်ကမ်းပါး အောက်တွင်သာ ကယ်တင်မည့်သူများကို စောင့်ဆိုင်း နေခဲ့ရသည်။
Angela Harnandez ပျောက် ဆုံးသွားပြီးနောက် ရဲတပ်ဖွဲ့က မြေပြင်မှသာမက လေကြောင်းမှပါ ရှာဖွေခဲ့သော်လည်း မြူထူထပ်နေ သဖြင့် အခက်ကြုံခဲ့ရသည်။ Angela Harnandez သည် အသက် ဆက်နိုင်ရန်အတွက် ကားရေတိုင်ကီ ထဲမှ ရေကိုသောက်ခဲ့ရပြီး ခုနစ်ရက် အကြာတွင်မှ တောင်တက်သူ နှစ်ဦး က ကမ်းပါး အောက်ခြေတွင် တစ် စိတ်တစ်ပိုင်း နစ်မြုပ်နေသော ကား ပျက်ကိုတွေ့ရှိပြီးနောက် ကယ်ဆယ် ရေးသမားများက ဆွဲတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

Ref: the guardian

 

LEAVE A REPLY

Please enter your comment!
Please enter your name here