ပိုမိုတင်းကြပ်သင့်သည့် စည်းကမ်းမဲ့ ဆိုင်ကယ်စီးနင်းမှုများနှင့် ဒေသန္တရလိုအပ်ချက်ရှိသည့် ဒေသများအတွက် ပြန်လည်သုံးသပ်သင့်သည့် ဆိုင်ကယ်စီးနင်းခွင့်

413

လူအသိုင်းအဝိုင်းတွင် ချမှတ်ထားရှိသမျှသော စည်းကမ်းဟူသည် မလုပ်သင့် မလုပ်ထိုက်သည်များကို လူအများဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်း ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုစေရန်အလို့ငှာ တားမြစ်ထားသည့် သတ်မှတ်ချက်များ ဖြစ်သည်။ ထိုသတ်မှတ်ချက်များကို ကျော်လွန်လုပ် ဆောင်ခြင်းပြုလျှင် တစ်ပါးသောသူတို့အတွက် အနှောင့်အယှက်တစ်ခုနှယ် ဖြစ်စေသည်။ အမှိုက်စွန့်ပစ်ခြင်းမှအစ သွားလာနေထိုင် စားသောက်မှုအဆုံး စည်းကမ်းဟူသည့် သတ်မှတ်ချက်ဘောင်အတွင်းတွင် စနစ်တကျ ပြုမူနေထိုင်မှသာ လူ့အဖွဲ့အစည်းကြား၊ လူတစ်ဦးချင်းကြား သဟဇာတဖြစ်စေမည်ဖြစ်သည်။ ထိုကဲ့သို့ သူ့နေရာ၊ သူ့ဒေသအလိုက် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာသင့်ကြသည်ဆိုလျှင် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အသုံးပြု သွားလာဆောင်ရွက်နေကြသည့် လူများ၊ ယာဉ်များအဖို့မူ အမှတ်မထင်သောဘေးအန္တရာယ်များ မကြုံတွေ့ရစေရန် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပို၍ပင် လေးစားလိုက်နာသင့်ကြပေသည်။ သို့မှသာ ဝမ်းနည်းစရာကောင်းသောဖြစ်ရပ်များမှ ရှောင်ရှားနိုင်ကြမည် ဖြစ်သည်။

ယခုတွင်မူ မြန်မာနိုင်ငံ၌ စည်းကမ်းလိုက်နာသူများ ရှိသကဲ့သို့ အလွယ်တကူ စည်းကမ်းချိုးဖောက်သူများလည်း ဒုနှင့်ဒေးပင်ဖြစ်သည်။ များသောအားဖြင့် အများပြည်သူအသုံးပြုရာနေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်သူများ ပိုမိုများပြားလာသည်။ စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများ၊ လစ်လျှင်လစ်သလို စည်းကမ်းချိုးဖောက်သည့် အငှားယာဉ်များ၊ ခရီးသည်တင်ဘတ်စ်ကားများ၊ စီးနင်းခွင့်မရှိသည့် လမ်းပေါ်တက်ရောက်မောင်းနှင်နေကြသည့် စည်းကမ်းမဲ့ဆိုင်ကယ်များ၊ ယာဉ်စည်းကမ်းများကို ထဲထဲဝင်ဝင် သိရှိမှုအားနည်းသည့် ကိုယ်ပိုင်ယာဉ်များ၊ သိလျက်နှင့် စည်းကမ်းချိုးဖောက်သူများ စသည်တို့ကြောင့် ဝမ်းနည်းဖွယ်ရာ ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုများ မကြာခဏဖြစ်ပွား လျက်ရှိနေပေသည်။

အထူးသဖြင့် မော်တော်ဆိုင်ကယ်ဆိုသည်မှာ ကားကဲ့သို့ လုံခြုံမှု အကာအကွယ်မလုံလောက်သည့် စက်တပ်ယာဉ်ဖြစ်၍ ယာဉ်မတော်တဆ ဖြစ်ပြီဆိုပါက အသေအပျောက်ဖြစ်ဖို့ရာ ရာခိုင်နှုန်းများသည့်ဘက်တွင် ရှိနေပေသည်။ သို့ရာတွင် မန္တလေးကဲ့သို့သော ဆိုင်ကယ်မြို့တော်ကြီးတွင် ပင်လျှင် ညအချိန်များ၌ ဆိုင်ကယ်စီးဦးထုပ်ဆောင်းသည့် ဆိုင်ကယ်စီးနင်းသူများကို လက်ချိုးရေတွက်၍ရသည်ဖြစ်ရာ စီးနင်းခွင့်ကန့်သတ် ထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း တရား မဝင်စီးနင်းနေသူများမှာ ယာဉ်စည်းကမ်းများအား လိုက်နာမှုပို၍ပင် အား နည်းနေပေသည်။ ထိုပြင် ဖမ်းဆီးအရေးယူမှု လျော့ရဲသည့်အတွက် လည်း မိမိကိုယ်ကိုကာကွယ်ရန်ဖြစ်သည့် ဆိုင်ကယ်ဦးထုပ်ကို ပင်လျှင် ဝတ်ဆင် စီးနင်းဖို့ရာ အလေးအနက်မရှိ ဖြစ်နေကြသည်။ ထို့ထက် ဆိုး သည်ကား စီးနင်းခွင့် ကန့်သတ်ထားသည်ဖြစ်၍ တရားမဝင် စီးနင်းကြရသည်ဖြစ်ရာ ယာဉ်စည်းကမ်း အလွယ်တကူချိုးဖောက်ကာ အလျင် စလို နမော်နမဲ့ စီးနင်းမှုများကြောင့် မတော်တဆမှုဖြင့် သေကျေကြရ လေ့ရှိသည်။ အချို့ဆိုလျှင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုပင် ထဲထဲ ဝင်ဝင်သိရှိမှု အားနည်းနေကြပေသည်။ များသောအားဖြင့် ထိုနေရာ များတွင် တွေ့နေရသည်မှာ ဆိုင်ကယ်ဦးထုပ်မဆောင်းကြခြင်း၊ ဆိုင် ကယ်နောက်ကြည့်မှန် မပါခြင်းတို့ အများဆုံးဖြစ်သည်။ အများစုမှ ဆိုင်ကယ်ဝစ်သောက်၊ လူဝစ်သောက်ဖြစ်သည်။ ထို့ပြင် အသက် ၁၈ နှစ်မပြည့်သေးသည့် လူငယ်လေးများ၏ မဆင်မခြင် မောင်းနှင်စီးနင်းမှုများ၊ သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင် မောင်းနှင်စီးနင်းမှုများရှိနေသည့် အပြင် ယိုင်နဲ့နဲ့ ဆိုင်ကယ်အဟောင်းအစုတ်များကို စီးနင်းနေကြသူများပင် ရှိသည်။

ယင်းသို့ ကန့်သတ်နယ်မြေအတွင်း အပြိုင်အဆိုင် ပိုမိုစီးနင်းလာ ကြသည်မှာ သက်ဆိုင်ရာအရေးယူသည့်အဖွဲ့အစည်းများ၏ အရေးယူမှု လျော့ရဲခြင်းကြောင့်လည်းဖြစ်သည်။ ထို့ကြောင့် တရားမဝင် ဆိုင်ကယ်စီး နင်းမှုများ ပေါများလာသည်ဖြစ်ရာ နောက်ဆက်တွဲဆိုးကျိုး ဖြစ်သည့် ဆိုင်ကယ်ကြောင့် လူငယ်လူရွယ်များ သေကျေရခြင်း၊ ဆိုင်ကယ်အသုံး ပြု၍ ရာဇဝတ်မှုများ အလွယ်တကူ ကျူးလွန်လာခြင်းများလည်း ရှိလာ သည်။ သို့ရာတွင် အချို့မြို့စွန်မြို့နယ်များသည် လမ်းပန်း ဆက်သွယ်ရေး အတွက် အများပြည်သူသုံး ကား၊ ရထားများ ရှားပါးဝေးလံရာဖြစ်သည့် အလျောက် စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ဆောင်ရွက်ကြရ သည့်အခါ အချိန်ကုန်သက်သာသည့် မော်တော်ဆိုင်ကယ်များကိုသာ အားထားကြရပြန်သည်။ ထိုပြင် ဆိုင်ကယ်ကယ်ရီ ပြေးဆွဲခြင်းမျိုးဖြင့် ဝမ်းစာရှာဖွေနေရသူများလည်း ရှိပါသည်။

ရန်ကုန် စည်ပင်နယ်နိမိတ် မြို့နယ် ၃၃ မြို့နယ်တွင် ဆိပ်ကြီးခနောင် တိုနှင့် ဒလမြို့နယ်တို့မှအပ ကျန်သည့်မြို့နယ်များတွင် မော်တော်ဆိုင် ကယ်စီးနင်းခွင့် ပိတ်ထားသည်ဖြစ်သော်လည်း ဆင်ခြေဖုံးမြို့နယ်များ၌ ဆိုင်ကယ်များ ဥဒဟိုပေါများနေကာ မသမာသူများက ဆိုင်ကယ်အသုံးပြု လုယက်မှုကဲ့သို့သော ရာဇဝတ်မှုများလည်း ထူပြောလျက်ရှိသည်။ အဖြစ်အများဆုံးက ယာဉ်စည်းကမ်းမသိ၍ ယာဉ်မတော်တဆမှုများ ဖြစ် ခြင်းပင်။ ဆိုင်ကယ်တိုက်မှု ဖြစ်ပြီဆိုလျှင် လမ်းမကြီးပေါ် ကားရှင်းမရှင်း ဘေးဘယ်ညာကြိုမကြည့်ဘဲ မိမိဦးတည်ရာကို အရှိန်ဖြင့်မောင်းနှင်လေ့ ရှိကြသဖြင့် လမ်းမကြီးပေါ်မှ ယာဉ်နှင့်တိုက်မိကြလေ့ရှိသကဲ့သို့ ရှေ့နောက် ဘေးဘယ်ညာ သတိမပြုဘဲ မိမိသွားလိုရာကိုသာ ကွေ့ခြင်း၊? ဇွတ်အ တင်း မောင်းနှင်စီးနင်းခြင်း၊ ကျော်တက်ခြင်းများကြောင့်လည်း အခြား ယာဉ်နှင့် လမ်းအသုံးပြုသူများကို ထိခိုက်မိသည်များလည်းရှိသည်။ မည် သို့ပင်ဆိုသော်ငြား လောင်စာဆီဖိုး သက်သက်သာသာဖြင့် ခရီးတွင်သည့် မော်တော်ဆိုင်ကယ်ကို အသုံးပြုမှသာလျှင် အချိန်နှင့်တစ်ပြေးညီ လုပ် ငန်းဆောင်တာများ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ရာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် မဖြန့်ကြက်နိုင်သည့် ဒေသန္တရလိုအပ်ချက်ရှိ သော မြို့စွန်များတွင် နေထိုင်သူတို့အတွက် အဆိုပါယာဉ်သည်သာ အား ထားရာတစ်ခု ဖြစ်နေရသည်။ ယခုဆိုလျှင် အများပြည်သူ သယ်ယူပို့ ဆောင်ရေးစနစ် ကျယ်ပြန့်လာပြီဖြစ်သည့် မြို့နယ်အချို့တွင်ပါ ဆိုင်ကယ် စီးရေများ တိုးပွားလာလျက်ရှိသည်ဖြစ်ရာ စည်းကမ်းမဲ့ စီးနင်းမှုများကြောင့် အခြားလမ်း အသုံးပြုသူတို့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာများလည်း ပိုမိုမြင့်တက်လျက်ရှိသည်။ ထို့ပြင် ရမ်းကားစွာ စီးနင်းမှုများနှင့် မသမာ သူများက ဆိုင်ကယ်အသုံးပြု၍ လုယက်မှုများ? ခပ်စိပ်စိပ်ဖြစ်ပွားလာသည်။ ရာဇဝတ်မှု ပြုလုပ်သူတို့သည်လည်း ဆိုင်ကယ်ဝစ်သောက်၊ လူဝစ်သောက် အခြေအနေဖြစ်၍ လွယ်လင့်တကူ ဖမ်းဆီးရရှိဖို့ရာ အခက်အခဲရှိပေသည်။ ထို့ပြင် အချို့လိုင်စင်ရှိဆိုင်ကယ်ဆိုသော်လည်း ကန့်သတ်နယ်မြေတွင် နယ်ကျော်စီးနင်းနေမှုများလည်းရှိရာ ဆိုင်ကယ်စီးရေ တိုးပွားလာသကဲ့ သို့ ဆိုင်ကယ်ကလူတိုက်မှု၊? ကားနှင့်ဆိုင်ကယ်တိုက်မှုများလည်း ပို၍ များပြားလာသည်။ ထို့ကြောင့် စည်းကမ်းထိန်းသိမ်းမှုများ ပိုမိုလိုအပ် နေသလို လုံခြုံမှုဆိုင်ရာ အကာအကွယ်များမပါဝင်ဘဲ စီးနင်းနေကြခြင်း များကို ပညာပေးကာလ သတ်မှတ်ပြုပြင်ရန် လိုအပ်နေသည်။

ယခု အစိုးရသစ်လက်ထက်တွင် ဆင်ခြေဖုံးမြို့နယ်နေထိုင်သူများနှင့် ဆိုင်ကယ်ကယ်ရီဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရသူများသည် ဒေသန္တရလိုအပ်ချက်အရ ဆိုင်ကယ်စီးနင်းမှုရရှိရေးအတွက် တောင်းဆိုမှု များ ရှိခဲ့သည်။ သို့သော်လည်း မော်တော်ဆိုင်ကယ်စီးနင်းမှုကြောင့် လမ်းအသုံးပြုသူများနှင့် ဆိုင်ကယ်စီးနင်းသူများအတွက်ပါ ဘေးအန္တရာယ် ဖြစ်ပွားမှုနှုန်း ပိုမိုဆိုးရွားလာနိုင်သည်ဖြစ်၍ မြို့နယ်အချို့တွင် တရားဝင် စီးနင်းခွင့်ရရန် တောင်းဆိုမှုများကို အစိုးရက ခွင့်မပြုခဲ့ပေ။ သု့ိရာတွင် မြို့စွန်များရှိ ၈ဝ ရာခိုင်နှုန်းသော အိမ်ထောင်စုများ၌ ဆိုင်ကယ်ကိုယ်စီ ရှိနေကြပြီဖြစ်သည်။ စည်းကမ်းမဲ့ စီးနင်းမှုများရှိသလို ဆိုင်ကယ်ဦးထုပ် ဆောင်းခြင်း၊ မေးသိုင်းကြိုးတပ်၍စီးခြင်း ယာဉ်စည်းကမ်းလိုက်နာစီးနင်း သူများလည်း ရှိပါသည်။ လူငယ်အများစုနှင့် ဆိုင်ကယ်ဖြင့် အသက်မွေး ဝမ်းကျောင်းနေရသူများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် မရောက်ရှိဘဲ အတော်အတန်ဝေးသည့် ခရီးကို ပုံမှန်သွားလာနေကြသူများ အနေဖြင့် ဆိုင်ကယ်စီးနင်းမှု ကန့်သတ်ထားခြင်းအပေါ် နှစ်မြို့ခြင်း မရှိကြချေ။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြို့နယ်များတွင် နယ်နိမိတ် အကန့်အသတ်ဖြင့် တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ကို လိုလားနေကြပြီး ထိုသို့ ကန့်သတ်စီးနင်းခွင့်ပြုမည်ဆိုပါက စီမံချက်တစ်ရပ်အနေဖြင့်မဟုတ်ဘဲ ရေရှည် ပုံမှန်စည်းကမ်းထိန်းသိမ်းမှုမျိုးကိုလည်း လုပ်ဆောင်ကြရမည်ဖြစ် သည်။ ယာဉ်စည်းကမ်း၊? လမ်းစည်းကမ်းလိုက်နာမှုနှင့် သတ်မှတ်ထားရှိ သည့် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း၊ မေးသိုင်းကြိုးတပ်စီးနင်းခြင်း၊နောက်ကြည့်မှန်တပ်ဆင်ခြင်း၊ ပါဝါအိပ်ဇောတပ်ဆင်စီးနင်းမှု မပြုလုပ် ခြင်း စသည်တို့ကို အတိအကျလိုက်နာစေရန် သက်ဆိုင်ရာက ကြပ် မတ်ဖို့လိုမည်ဖြစ်သည်။ ထို့ပြင် ဆိုင်ကယ်နှင့် လူနှစ်မျိုးစလုံးလိုင်စင်မဲ့ စီးနင်းမှုများအပေါ် ထိရောက်စွာ အရေးယူဖို့လိုအပ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား စေ့ငုသေချာစွာ နားလည်သိရှိခြင်း ရှိမရှိကို ဆန်းစစ်ပြီးမှသာ မောင်းနှင်ခွင့်လိုင်စင် ထုတ်ပေးခြင်းမျိုးကိုလည်း ပြုလုပ် သင့်ပါသည်။ သို့မှသာ လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းမှုများ လျော့ပါးပျောက် ကွယ်စေမည်ဖြစ်ပြီး အမှုအခင်းတစ်ခုခုဖြစ်ပွားပါကလည်း အရေးယူဖို့ရာ တစ်ဖက်တစ်လမ်းမှ လွယ်ကူစေပါမည်။ ဥပဒေနှင့်အညီ စီးနင်းခွင့်ပြု မည်ဆိုပါက စားဝတ်နေရေးအတွက် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများ၊ ဆိုင်ကယ်အသုံးပြု၍ သွားလာနေရသူများအတွက်လည်း အခွင့်အလမ်းများပိုမိုလာမည်ဖြစ်ပြီး စည်းကမ်းမဲ့ စီးနင်းမှုများလည်း ပပျောက်မည် ဖြစ်ပါသည်။ ထို့ပြင် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများအနေဖြင့် အခါ အားလျော်စွာ ယာဉ်အန္တရာယ်ကင်းရှင်းရေး စီမံချက်များ ချမှတ်၍ ဆိုင်ကယ်ဖြစ်စေ၊ မော်တော်ယာဉ်ဖြစ်စေ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆိုင်ရာ ပညာပေးခြင်းများ၊ ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်းနှင့် ရောင်ပြန်စတစ်ကာများ တပ်ဆင်မှုရှိမရှိတို့ကိုပါ စီမံချက်ဖြင့် ပြုပြင် ပေးခြင်းမျိုးများလည်း ပြုလုပ်ရန်လိုအပ်ပါသည်။ သို့ရာတွင် လက်ရှိ၌ ဆိုင်ကယ်စီးနင်းခွင့် ဆက်လက် ကန့်သတ်ထားသည်ဖြစ်ရာ အများပြည် သူသယ်ယူပို့ဆောင်ရေးကွန်ရက် ကောင်းစွာဖြန့်ကြက်နိုင်ပြီဖြစ်သည့် ကန့် သတ်မြို့နယ်များအတွင်း စည်းကမ်းမဲ့ ဆိုင်ကယ်စီးနင်းမှုများကို လက် ပိုက်ကြည့်မနေဘဲ ထိရောက်စွာ မှန်မှန်ကန်ကန်၊ မျှမျှတတ အရေး ယူခြင်းများ ပုံမှန်ပြုလုပ်သင့်ပါသည်။ အကြောင်းကြောင်းကြောင့် မော် တော်ဆိုင်ကယ်များအပေါ် စည်းကမ်းထိန်းသိမ်းမှု အားနည်းနေမည်ဆိုပါက ဒေသန္တရလိုအပ်ချက်ရှိသည့် မြို့နယ်များ၌ ဆိုင်ကယ်စီးနင်းခွင့်ကို ပြန် လည်သုံးသပ်သင့်ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကွန်ရက် အား နည်းသည့် မြို့နယ်များတွင် ကန့်သတ်စီးနင်းခွင့်ပြုမည်ဆိုလျှင် လက်ရှိ တရားမဝင်စီးနင်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဥပဒေချိုးဖောက်မှုများ လျော့ကျစေမည်ဖြစ်သလို ဒေသခံတို့၏ လမ်းပန်းဆက်သွယ်ရေး အခက် အခဲကိုလည်း ယာယီပြေလည်စေမည်ဖြစ်သည်။

မည်သည့်နေရာတွင်မဆို သတ်မှတ်ထားသည့် ဥပဒေစည်းကမ်းများ အတိုင်း လေးစားလိုက်နာ ကျင့်သုံးကြမည်ဆိုပါက အသက်ဘေးအန္တရာယ် ဖြစ်ပွားမှုနှုန်းသည်လည်း လျော့ကျစေမည်ဖြစ်ပါသည်။ မော်တော်ယာဉ် ဖြစ်စေ၊ ဆိုင်ကယ်ဖြစ်စေ၊ လမ်းအသုံးပြုသူဖြစ်စေ သတ်မှတ်စည်းကမ်း များအတိုင်း လိုက်နာကျင့်ကြံပါက ဝမ်းနည်းဖွယ်ရာများ ကင်းစင်သော သာယာပျော်ရွင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်အြဖစ် တုိင်းတစ်ပါးသား တို့အြကား ဂုဏ်တင့်ေစမည်ြဖစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here