ပိတ်ရက်များနှင့် ခရီးသွားလာသူများခြင်းကြောင့် အဝယ်အဆင်းနည်းသွားသည့် ဒီဇင်ဘာလကားစျေးကွက်

297
Page(Test)

ကားအရောင်းအဝယ်စျေးကွက်တွင် ပုံမှန်အားဖြင့် စက်တင်ဘာ၊ အောက် တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ စသည့်လများသည် အရောင်းအဝယ်အေးသော လများဖြစ်ပြီး ထိုလများတွင် မော်တော်ယာဉ်နှင့် ဆက်စပ်သည့်မူဝါဒများကို ကြေညာလေ့ရှိသည်။ ထိုကြေညာချက်များအပေါ် စောင့်ဆိုင်းခြင်းကြောင့် အဝယ်အေးလေ့ရှိသလို ယင်းလများသည် ပွင့်လင်းရာသီဖြစ်ခြင်း၊ ရုံးပိတ် ရက်များပြားခြင်းနှင့် ခရီးသွားရာသီဖြစ်သောကြောင့် အဝယ်အဆင်း နည်း သောလများဖြစ်ပြီး ကားအရောင်းအဝယ်များ အေးတတ်ကြောင်း သိရ သည်။ ကားအရောင်းအဝယ်စျေးကွက်တွင်လည်း ရန်ကုန်အဝယ်ရော နယ် အဝယ်ပါ အဆင်းနည်းနေသောကြောင့် ကားအရောင်းအဝယ်များ အဆင်း နည်းနေသည်။ လာမည့်နှစ်တွင် ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုမည့် သတင်းများ ထွက်ပေါ်နေသလို လုပ်သက် ၂၅ နှစ်အထက် ဝန်ထမ်း များကို အခွန်သက်သာခွင့်နှင့် ကားတင်သွင်းခွင့်ပေးမည်ဆိုသည့် သတင်း အပေါ်လည်း စောင့်ကြည့်နေကြ၍ ကားအရောင်းအဝယ်များ အေးနေ သည်။ ကျပ်သိန်း ၂၅ဝ အောက် ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီကားများနှင့် ကျပ်သိန်း ၊သုံးရာဝန်းကျင်တွင်ရှိသော SKD ကားများသာ အရောင်းအဝယ်ဖြစ်ပြီး မိုဒယ်မြင့်ကားများမှာ အရောင်းအဝယ် အေးနေသည်။

‘‘အခုလထဲမှာ ခရစ္စမတ်ရော ကရင်နှစ်သစ်ကူး ရုံးပိတ်ရက်ရော ရှိတဲ့အတွက် ခရီးသွားမယ့်သူ များပါတယ်၊ ဒီရက်ပိုင်းမှာ ရန်ကုန်အဝယ် ဆင်းတာ နည်းပါတယ်၊ အရောင်းအဝယ်ဖြစ်တဲ့ ကျပ်သိန်း သုံးရာဝန်းကျင် ၁၃ဝဝ စီစီကားတွေတောင် အဝယ်ပြန်အေးသွားတာ တွေ့ရပါတယ်၊ ၆၆ဝ စီစီ ပစ်ကပ်တွေနဲ့ တစ်တန်၊ တစ်တန်ခွဲ လုပ်ငန်းသုံးကားတွေ ကတော့ အဝယ်နည်းနည်း ပြန်လိုက်ပါတယ်၊ လာမယ့်နှစ်မှာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း လုပ်ငန်းသုံးကားတွေ ကို အရောင်းစင်တာ၊ အရောင်းပြခန်းတွေကပဲ တင်သွင်းခွင့်ပြုတဲ့အတွက် စျေးကွက်ထဲမှာ ကျန်နေတဲ့ ညာမောင်းကားတွေက အမြင့်စျေးနဲ့ အ ရောင်းအဝယ်ဖြစ်နေတာ တွေ့ရပါတယ်၊ ကားအရောင်းအဝယ် အေး သွားသလို စလစ်လိုအပ်ချက်လည်း တဖြည်းဖြည်း နည်းသွားတဲ့အတွက် စလစ်စျေးတွေ သိသိသာသာ ကျသွားပါတယ်’’ဟု ‘United Eleven ကားအရောင်းစင်တာ’မှ ဒါရိုက်တာ ကိုအောင်သူက ဆိုသည်။

လာမည့်နှစ်တွင် ပြည်ပမှ လူစီးယာဉ်များကို ၂ဝ၁၇ မိုဒယ်မှ ၂ဝ၂ဝ မိုဒယ်အတွင်း ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပေးမည်ဖြစ်၍ တင်သွင်းရမည့်ကားတန်ဖိုးများမှာ ယခုနှစ်ထက် ပိုများသွားမည်ဖြစ်သည်။ ထို့ပြင် စျေးကွက်အကြိုက် နံပါတ်ထွက်ပြီးသား ညာမောင်းကားများမှာ လည်း ယာဉ်ပိုင်ရှင်အမည်ပေါက် ဆောင်ရွက်ရမည်ဖြစ်ရာ အဝယ်များမှာ ညာမောင်းကားများထက် ဘယ်မောင်းကားစျေးကွက်တွင် ရွေးချယ်မှု ပို များလာသည်။ လက်ရှိတွင်လည်း နံပါတ်ထွက်ပြီးသား ဂျပန်ညာမောင်းကား များထက် ရန်ကုန်လိုင်စင်ရရှိသည့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ကားများကို အားသာချက်၊ အားနည်းချက်ကြည့်ကာ ချိန်ဆပြီး ဝယ်ယူ နေကြသဖြင့် ကားသစ်စျေးကွက်မှာ တဖြည်းဖြည်းပိုပြီး အားကောင်းလာ သည်။ လာမည့်နှစ်အတွက် ထုတ်ပြန်ကြေညာထားသည့် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်ကြောင့် ကားစျေးများ အတက် အကျ ဖြစ်လာနိုင်ဖွယ်မရှိသည့်အတွက် အဝယ်တချို့ကလည်း အချိန်ယူ စဉ်းစားပြီးမှ ဝယ်ယူနေကြသည်။

‘‘တင်သွင်းမူဝါဒက သိသိသာသာ ပြောင်းလဲသွားတာ မရှိတဲ့အတွက် ကားစျေးကွက်အပေါ်ကို သက်ရောက်မှုမရှိနိုင်ပါဘူး၊ ဘယ်မောင်းပဲ တင် သွင်းရမှာ ဖြစ်ပေမဲ့ ရွေးချယ်စရာအနေနဲ့ SKD Brand တွေ ဒီနှစ်ထဲမှာ တော်တော်များများ ဝင်လာတာ တွေ့ရသလို လာမယ့်နှစ်မှာလည်း ထပ် ပြီး ဝင်ရောက်လာမယ့် မြညေိ တွေ ရှိပါတယ်၊ ဒါကြောင့် စျေးကွက်အကြိုက် ညာမောင်းကားတွေက စျေးနှုန်းအတက်အကျ သိသိသာသာပြောင်း လဲနိုင်ဖွယ်မရှိပါဘူး၊ SKD ကားတွေမှာ အခုထက်ပိုပြီး စျေးနှုန်းသက်သာတဲ့ Brand တွေပိုပြီး ဝင်လာမယ်၊ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး အပြည့်အဝ တာဝန်ယူမယ်ဆိုရင် ဒီကားတွေကို ပိုပြီး ရွေးချယ်လာကြမယ်ထင်ပါတယ်၊ ဒီလိုရွေးချယ်မှုတွေ များလာရင်တော့ ညာမောင်းကားစျေးလည်း အထိုက်အလျောက် ပြန်ဆင်းသွားနိုင်ပါတယ်၊ နောက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့တဲ့ လုပ်ငန်းသုံးတင်သွင်းခွင့်မှာဆိုရင်လည်း လာမယ့်နှစ်မှာ အရောင်းပြခန်း၊ အရောင်းစင်တာတွေကိုပဲ တင်သွင်းခွင့်ပေးမယ်လို့ ကန့် သတ်လိုက်ပေမဲ့ လုပ်ငန်းသုံးကားစျေးကွက်ကိုတော့ သက်ရောက်မှု ကြီး ကြီးမားမား မရှိနိုင်ဘူးလို့ ထင်ပါတယ်၊ ဒီလိုကန့်သတ်လိုက်တဲ့အတွက် လည်း စျေးကွက်ထဲမှာ ကျန်နေတဲ့ ညာမောင်းလုပ်ငန်းသုံးကားတွေက စျေးထပ်တက်ဖို့ မရှိနိုင်ဘူး’’ဟု ‘JPM ကားအရောင်းစင်တာ’မှ မန်နေဂျင်း ဒါရိုက်တာ ကိုထိန်းလင်းအောင်က ဆိုသည်။

ကားသစ်စျေးကွက် တဖြည်းဖြည်း အားကောင်းလာသည်ဆိုသော် လည်း ညာမောင်းကားများ၏ စျေးကွက်မှာ သူ့ပရိသတ်နှင့်သူ ရှိနေသော ကြောင့် အမြင့်ကားများသာ အရောင်းအဝယ်အေးနေသည်။ စျေးကွက် ထဲတွင် Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ်သိန်း ၁၈ဝ ဝန်းကျင်၊ Toyota Probox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ်သိန်း ၁၉ဝ ဝန်းကျင်၊ Honda Fit ၂ဝဝ၈ မိုဒယ်(မှန်မည်း)ကို ကျပ်သိန်း နှစ်ရာဝန်းကျင် စသည့်ကားများ အရောင်းအဝယ် ဖြစ်သည်။

‘‘ဒီလထဲမှာ ခရစ္စမတ်နဲ့ ကရင်နှစ်သစ်ကူး ရုံးပိတ်ရက်တွေမှာ ခရီး သွားတဲ့သူများတဲ့အတွက် နယ်အဝယ်ရော၊ ရန်ကုန်အဝယ်ရော ဆင်းတာ နည်းပါတယ်၊ လုပ်သက်ရင့်ဝန်ထမ်းတွေကို အခွန်သက်သာခွင့်နဲ့ ကား တင်သွင်းခွင့်တွေ ပေးမယ်ဆိုတဲ့ သတင်းကို စောင့်ကြည့်နေတာကြောင့် လည်း ကားအရောင်းအဝယ်တွေ အေးနေပါတယ်၊ အခွန်သက်သာခွင့်၊ ရန်ကုန်လိုင်စင် ရ/မရ၊ ပါမစ် ဘယ်လောက်ထွက်လာမလဲအပေါ်မှာ မူ တည်ပြီး လက်ရှိကားစျေးကွက် အခြေအနေက ပြောင်းလဲသွားမှာ ဖြစ်ပါ တယ်၊ ဒီရက်ပိုင်း ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာက ကျပ်သိန်း နှစ်ရာ အောက် ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီကားလေးတွေနဲ့ ၆၆ဝ စီစီပစ်ကပ် လေးတွေတော့ အဝယ်ရှိပါတယ်၊ တခြားကားတွေကတော့ အဝယ်တော် တော်လေး အေးသွားပါတယ်’’ဟု ကားဝယ်/ရောင်း ကိုကြည်လင်းက ဆို သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here