ပန်းနာမည်များနေရာတွင် အင်္ဂလိပ်အက္ခရာများ အစားထိုးလာမှုနှင့်အတူ ပိုမို Smart ကျတော့မည့် Smart City

262

‘‘အိမ်လိပ်စာနဲ့ နေရာရှာရလွယ်ကူအောင် လမ်းနံပါတ်၊ အိမ်နံပါတ်နဲ့ Zip Code တွေ စနစ်တကျဖြစ်ဖို့ ရပ်ကွက် ၉၆ ရပ်ကွက်မှာ ကွင်းဆင်း လေ့လာစစ်ဆေးမှုတွေကို Urban Planning Unit က ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လနဲ့ သြဂုတ်လမှာ ပြုလုပ်ခဲ့ပါတယ်။ တွေ့ရှိချက်အပေါ်မူတည်ပြီး အကြိမ်ကြိမ်ဆွေးနွေးပြီးမှ အတည်ပြုခဲ့ရတာပါ၊ နံပါတ်စဉ်နဲ့ အမည်ပေးထားတဲ့ လမ်းညွန်ဆိုင်းဘုတ်တွေ မကြာမီတပ်ဆင်ပါတော့မယ်’’ ဟု ဆိုလာသူက မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်။ အရှေ့တောင်အာရှ၏ Smart City အဖြစ် အလားအလာအကောင်းဆုံး မြို့ပေါင်း ၁ဝ မြို့ တွင် ၂ဝ၁၈ ခုနှစ်မှစ၍ ၂ နှစ်ဆက်တိုက် ရွေးချယ်ခြင်းခံထားရသော မန္တလေးမြို့အား Smart City အဖြစ် အကောင်အထည်ဖော်ခဲ့သူ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်တစ်ယောက် ယခုလည်း ပန်းနာမည်များဖြင့် အမည်ပေးထားသည့် လမ်းနာမည်များနေရာတွင် အင်္ဂလိပ်အက္ခရာများနှင့် ပြောင်းလဲအမည်ပေးရန် စိုင်းပြင်းနေသည်။

မန္တလေးမြို့ရှိ မြို့တွင်းတွင် လမ်းအမည်အများစု အင်္ဂလိပ်အက္ခရာ များဖြင့် အမည်ပေးထားသော်လည်း မြို့သစ်ဧရိယာများနှင့် တိုးချဲ့ရပ် ကွက်များတွင် ရပ်ကွက်နေပြည်သူများက ပန်းနာမည်များ၊ ရှေးမြန်မာ မင်းများ၏ အမည်တို့ဖြင့် စိတ်တိုင်းကျပေးခဲ့ကြသည်။ မန္တလေးမြို့တွင် မိမိနေထိုင်ရာလမ်းများကို ရပ်ကွက်သူ၊ ရပ်ကွက်သားများကသာ အမည် ပေးခဲ့ကြသည့်အတွက် စနစ်မကျခဲ့ဘဲ အမည်တူလမ်းများစွာရှိနေသောကြောင့် နေရာရှာသည့်အခါ အခက်အခဲများ တွေ့ကြုံခဲ့ကြရကြောင်း၊ မန္တလေးမြို့တွင် ရတနာလမ်းအမည်တူ လမ်းနှစ်ဆယ်၊ သစ္စာလမ်းနာမည်တူလမ်း ၁၄ လမ်း၊ မေတ္တာလမ်းနာမည်တူလမ်း ၁၃ လမ်း၊ သဇင်လမ်းနာမည်တူ လမ်းပေါင်း ၁၇ လမ်းအထိရှိနေကာ လမ်းတစ်လမ်းတည်းကို အမည် နှစ်မျိုး၊ သုံးမျိုးရှိနေမှုများလည်း ဖြစ်နေသည့်အတွက် ယခု ကဲ့သို့ နံပါတ်စဉ်အသစ်များအမည်ပေးကာ လမ်းညွန်ဆိုင်းဘုတ်အသစ်များ တပ်ဆင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
‘‘တချို့ဆို လမ်းတစ်လမ်းတည်းကို နာမည်နှစ်မျိုးထပ်နေတာတွေ တောင်တွေ့ရတယ်၊ လောလောဆယ်မှာ ပထမဆုံးအနေနဲ့ အရှုပ်ထွေး ဆုံးဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ်မှာ လမ်းညွန်ဆိုင်းဘုတ်တွေ စတပ်မယ်၊ ပြီးတာနဲ့ တစ်ဆက်တည်း ကျန်တဲ့မြို့နယ်တွေက ပန်းနာမည်ဖြစ်နေတဲ့ နေရာတွေ၊ လမ်းနံပါတ်မှားနေတဲ့နေရာတွေပါ လမ်းညွန်ဆိုင်းဘုတ် အ သစ်တွေ ထပ်တပ်သွားမယ်၊ လမ်းညွန်ဆိုင်းဘုတ်အသစ်တွေမှာ နိုင်ငံ တကာသုံး Zip Code တွေပါ ပါဝင်မယ်၊ လမ်းညွန်ဆိုင်းဘုတ်တွေကိုလည်း ပိုမိုခိုင်ခံ့အောင် 14 Gauge ၂ လက်မ ၊ GI Pipe ကိုးပေ အရှည်ကို သုံးမှာဖြစ်သလို Top Cap ပါမှာဖြစ်လို့ မိုးရေဝင်မှာ မစိုးရိမ်ရတော့ဘူး၊ Top Cap အပြင် Foot Cap ပါ ပါလို့ မိုးရေကြောင့် ဝက်အူဆွေးမှာ မပူရတော့ဘူးပေါ့’’ ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ထပ် မံဆိုသည်။

အနာဂတ်တွင် GIS Data Base ပြုလုပ်နိုင်ရန်နှင့် လမ်းမြေပုံများ ပြုလုပ်နိုင်ရန် ၂ဝ၁၉ နှစ်ဆန်းပိုင်းကတည်းက စတင်အကောင်အထည် ဖော်ခဲ့ကာ အချို့အိမ်များ၌ အိမ်နံပါတ်များပါ တစ်ဆက်တည်းမရှိခြင်းကြောင့် ပြန်လည်ပြင်ဆင်ရန် Survey လုပ်ပြီး Plan ဆွဲ၍ Platform များ ပြန်လည်ပြုလုပ်ပေးရန်အတွက် Precast Strike များပါ ပြုလုပ်လျက်ရှိ ကြောင်း၊ မန္တလေးမြို့အား Smart City ဖြစ်ရန် ရည်ရွယ်၍ ဆောင် ရွက်နေသဖြင့် မြို့တွင်းအကျဉ်းတန်မှုမရှိစေရန် စီမံချက်ချကာ မလိုအပ်သော လမ်းညွန်ဆိုင်းဘုတ်များ၊ သတိပေးဆိုင်းဘုတ်များ၊ မိုင်နှုန်း ပြဆိုင်းဘုတ်များ၊ ရပ်ကြည့်သွားဆိုင်းဘုတ်များအား ဖြုတ်သိမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ထပ်မံပြောဆိုသည်။

မန္တလေးမြို့တွင် လမ်းနံပါတ်ကို မြန်မာလိုနှင့် အင်္ဂလိပ်လိုပါ ပူးတွဲရေးသား၍ Zip Code များပါ ထည့်သွင်းရေးသားမည်ဖြစ်ကာ ထိုသို့ တပ်ဆင်နိုင်ရန်အတွက် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ Facebook စာမျက်နှာ၌ ရေးသား၍ အလှူခံခဲ့ရာ နှစ်ရက်အတွင်း တိုင်ပေါင်း ၁၅,ဝဝဝ ကျော်အတွက် အလှူငွေများရရှိခဲ့သည်။ လမ်းညွန်ဆိုင်းဘုတ်များအတွက် လှူဒါန်းခဲ့သော လုပ်ငန်းရှင်များအနေဖြင့် တစ်တိုင်လျှင် ကျပ်ခြောက်သောင်း အလှူငွေလက်ခံ၍ လမ်းညွန်ဆိုင်းဘုတ် အောက်နားတွင် ကြော်ငြာလိုသည့် ထုတ်ကုန်ပစ္စည်း၊ သို့မဟုတ် ကုမ္ပဏီ ကို ၂ နှစ်တိတိ အခမဲ့ကြော်ငြာခွင့်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။ ယခုအခါ မန္တလေးမြို့အတွင်း အင်္ဂလိပ်အက္ခရာဖြင့် Zip Code များပါ ပါဝင်သော လမ်းညွန်ဆိုင်းဘုတ်များ တပ်ဆင်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည့်အတွက် ယခု ၂ဝ၂ဝ နှစ်သစ် နှစ်ဆန်းပိုင်းတွင် စတင် တပ်ဆင်တော့မည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။

‘‘ပွဲတော်တွေ တောက်လျှောက်အလုပ်များနေကြတာနဲ့ အင်္ဂလိပ် အက္ခရာနံပါတ်စဉ်နဲ့ အမည်ပေးထားတဲ့ လမ်းညွန်ဆိုင်းဘုတ်တွေကို ၂ဝ၂ဝ နှစ်ဆန်းပိုင်းမှာ စတပ်သွားပါမယ်၊ လမ်းနံပါတ်တွေက အရှေ့ အနောက်မှာ ၉ဝ ကျော်အထိရှိသလို တောင်နဲ့မြောက်မှာ ၄၃ အောက် အထိရှိတယ်၊ အခု ပန်းနာမည်တွေနေရာမှာ အင်္ဂလိပ်အက္ခရာလမ်းနံ ပါတ်တွေနဲ့ ပြောင်းလဲတပ်ဆင်သွားမှာဖြစ်တဲ့အတွက် လမ်းနံပါတ်တွေက ၁၃ဝ၊ ၁၄ဝ အထိ ရောက်သွားနိုင်တယ်’’ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကော်မတီဝင်လည်းဖြစ် Smart City Officer လည်းဖြစ်သည့် ဦးရဲမြတ်သူက ဆိုလာသည်။

ယခုတပ်ဆင်မည့် လမ်းညွန်ဆိုင်းဘုတ်များတွင် Zip Code များပါ ပါဝင်သည့်အတွက် နိုင်ငံခြားသားများ လာရောက်လည်ပတ်ရာတွင် သွားလာရေး၌ အဆင်ပြေချောမွေ့လာနိုင်ရုံသာမက Online Shopping များအပါအဝင် E-Commerce အတွက်ပါ အထောက်အကူပြုစေမည် ဖြစ်သည်။ ထို့ပြင် မန္တလေးမြို့၌ အောင်မြေသာစံမြို့နယ်အတွင်း ၈၄ လမ်း၊ ၈၅ လမ်း စသော လမ်းနာမည်များမှာ ကွယ်ပျောက်မှုများရှိနေပြီး လမ်းနံပါတ်များအပြည့်အစုံမရှိခြင်းကြောင့် နယ်ဝေးမှလာသော ခရီးသွားများသာမက မန္တလေးမြို့တွင်နေထိုင်သူများပါ ရံဖန်ရံခါ သွားလာရေး အခက်အခဲဖြစ်ရကြောင်း မန္တလေးမြို့ခံအချို့က သုံးသပ်သည်။

‘‘ဥပမာ ၈၃ လမ်း မြောက်ဘက်တန်းတန်း ၁၄ လမ်း၊ ၁၅ လမ်း ဘက်ကို သွားလိုက်ရင် ၈၃ လမ်း နံပါတ်ရှိတယ်၊ ၈၃ လမ်းကနေ အနောက်ဘက်ကို လမ်းကူးလိုက်ရင် ကြားထဲက ၈၄ လမ်းတို့၊ ၈၅ လမ်း တို့ လမ်းနံပါတ်တွေက ပျောက်ပြီး ၈၆ လမ်းနံပါတ် တစ်ခါတည်းရောက်သွားရော၊ ကြားထဲက လမ်းတွေပျောက်ကုန်တယ်၊ ကြားထဲကလမ်းတွေ ပျောက်ကုန်တဲ့အထဲမှာ ဟိုးအရင်ခေတ်ကတည်းက စီမံခန့်ခွဲမှုညံ့ခဲ့တာရော ပြည်သူတွေရဲ့ ကျူးကျော်နေထိုင်မှုတွေကြောင့်လည်းပါတယ်’’ဟု အောင်မြေသာစံ မြို့နယ်တွင်နေထိုင်သူ မန္တလေးမြို့ခံ ဦးမျိုးအောင်က ဆိုသည်။

လမ်းနာမည်များ အင်္ဂလိပ်အက္ခရာများဖြင့် ပြန်လည်ပြင်ဆင်ရာတွင် အဓိကလမ်းမကြီးများသာမက ကြားလမ်းများပါ A, B, C တို့ဖြင့် နာမည်ပေးသွားမည်ဖြစ်သည့်အတွက် နောက်ပိုင်းတွင် မန္တလေးမြို့သို့ လာ ရောက်သူတိုင်း မြို့တွင်းသွားလာရာ၌ လွယ်ကူလာတော့မည်မှာသေချာကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ပြောဆိုသည်။ ထိုသို့စိုက်ထူရန် ဘတ်ဂျက်သီးသန့် လျာထားခြင်း မရှိခဲ့သောကြောင့် ယခုကဲ့သို့ လှူဒါန်းကြခြင်းအတွက် ထင်ထားသော အချိန်ထက် အများကြီးစောပြီးနိုင်မည်ဖြစ်သည့်အပြင် လှူဒါန်းကြသူနှင့် ကူညီသူအားလုံးကို ကျေးဇူးအထူးတင်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

‘‘လမ်းနာမည်တွေ ရှုပ်ထွေးတဲ့အတွက် လမ်းနာမည်နဲ့ရှာတဲ့ကိစ္စ တွေက လူတွေတော်တော်များများ ဒုက္ခရောက်တယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့က ဘာနဲ့သတိထားမိလဲဆိုလည်း စျေးချိုလိုပေါ့၊ စျေးချိုအ ဟောင်းကြီးတုန်းက A ရုံ၊ B ရုံ၊ C ရုံ ဆိုပြီးသွားတယ်၊ A ရုံက ပဲတွေရောင်းတယ်၊ C ရုံဆိုရင် စာရေးကိရိယာတွေရောင်းတယ်၊ ရှိခဲ့ဖူးတယ်၊ စနစ်ကျတဲ့ခေတ်တုန်းကပေါ့၊ နောက်ပိုင်းမှာ စံပယ်ရုံတွေ၊ နှင်းဆီရုံတွေလုပ်လိုက်၊ ပွစိတက်ပြီး ဘယ်ရုံက ဘာရောင်းမှန်းမသိတော့ဘူး ကျွန်တော်လည်း စျေးချိုမှာမရှာတတ်တော့ဘူး၊ စျေးချိုမှာ လူလာဝယ်တာ နည်းသွားပြီးမှ ပြသနာတွေ ရှုပ်ကုန်တဲ့ကိစ္စကလည်း အဲဒီစီမံခန့်ခွဲမှု စနစ်တွေ ဗွက်ပေါက်သွားတာပါတယ်၊ အဲဒီတော့ လူတွေက များသောအားဖြင့် C ရုံရောက်တာနဲ့ ဟိုဘက်မှာ D ရှိတယ်၊ ဟိုဘက်မှာ B ရှိတယ်ဆိုတာ အလိုအလျောက်သိတယ်၊ အဲဒီလိုပဲ ၃၅ လမ်းရောက်တာနဲ့ ၃၇ လမ်းကိုရောက်ဖို့ နှစ်လမ်းလိုတယ်ဆိုတာ တန်းသိတယ်၊ နံပါတ်တွေရဲ့ အားသာချက်က အင်္ဂလိပ်လိုတင်မဟုတ်ဘူး တစ်ကမ္ဘာလုံးက လူတွေအားလုံး နားလည်တယ်’’ဟု ဦးရဲမြတ်သူက ထပ်မံဆိုသည်။

မည်သို့ပင်ဆိုစေ၊ Smart City စာရင်းဝင်မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်ဖြစ်နေသောကြောင့် အခြားသောကဏများ တိုးတက်မှုနှင့်အတူ ပန်းနာမည်များနေရာတွင် အင်္ဂလိပ်အက္ခရာများ အစားထိုးလာမှုကြောင့် မြို့တွင်းသွားလာရမြန်ဆန်၍ ပိုမို Smart ကျလာတော့မည်မှာ မလွဲဧကန်ဖြစ်သည်။ Smart City ဟူသည်မှာ စိတ်ကူးယဉ်သိပ္ပံ ဇာတ်ကားများထဲကကဲ့သို့ ထူးဆန်းသောမြို့တော်နှင့် သန့်ရှင်းတောက် ပြောင်သောမြို့တော်ဟု တစ်သတ်မှတ်တည်းမဆိုနိုင်ဘဲ ယာဉ်သွားလာ ရေးမြန်ဆန်မှု၊ ရေပေးဝေရေး၊ စနစ်ကျသည့်အမှိုက်စွန့်ပစ်မှု စသည် တို့ အဓိကပါဝင်နေခြင်းကြောင့် ယခု Zip Code များပါ ပါဝင်သည့် အင်္ဂလိပ် အက္ခရာတို့ဖြင့် လမ်းညွန်ဆိုင်းဘုတ်များတပ်ဆင်မှုက Smart City အတွက် များစွာအထောက်အပံ့ဖြစ်လာစေမည်မှာ သေချာသည်။ ရှေ့ ဆက်၍လည်း အသစ်အဆန်းများြဖင့် မည်သို့မည်ပံု ဆက်လက်လုပ်ေဆာင် မည်ကို ေစာင့်ြကည့်ရဦးမည် ြဖစ်ေပသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here