ပဋိဇီဝဆေးဝါးအချို့ကြောင့် ယာဉ်မောင်းစဉ် အန္တရာယ်ရှိနိုင်

99

 

ဆေးဝါးအများစုသည် လူတစ်ဦး၏ ကားမောင်းနိုင်စွမ်းကို မထိခိုက်နိုင်ပါ။ သို့သော် အချို့သော လွတ်လပ်စွာဝယ်ယူနိုင်သည့် ပဋိဇီဝဆေးများနှင့် ဆရာဝန်ပေးသော ဆေးဝါးအချို့သည် ဘေးထွက်ဆိုးကျိုးများ ရှိနိုင် သည့်အတွက် ကားမောင်းရာတွင် ဘေးကင်းမှုကို ထိခိုက်စေနိုင်သည်ဟု အမေရိကန်အားကစားနှင့် ဆေးဝါးအဖွဲ့(FDA) က သတိပေးပြောကြား ထားသည်။ အချို့သောဆေးဘူးခွံများပေါ်တွင် ဆေးသောက်ပြီးနောက် စက်ယန္တရားကြီးများ မောင်းနှင်ခြင်းမပြုရန် သတိပေးထားသည်။ ယင်း သတိပေးချက်သည် စက်တပ်ယာဉ်အားလုံးအတွက် သတိပေးချက်ဖြစ် သည်ဟု မှတ်သားနာယူသင့်ပါသည်။
ယင်းဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးအဖြစ် အိပ်ငိုက်ခြင်း၊ မူးဝေ ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ လှုပ်ရှားမှုနှေးကွေးခြင်း၊ မူးမိုက်ခြင်း၊ အာ ရုံစိုက်မှု လျော့ပါးခြင်း၊ မအီမသာဖြစ်ခြင်းနှင့် စိတ်လှုပ်ရှားမှုမြင့်တက်ခြင်း များ ခံစားရနိုင်သည်။ ဆေးဝါးအချို့က ကားမောင်းနိုင်စွမ်းကို နာရီအချို့ သာ ထိခိုက်နိုင်သော်လည်း အချို့သည် နာရီများစွာကြာမြင့်နိုင်ပြီး အချို့ မှာ နောက်တစ်နေ့အထိ ထိခိုက်နိုင်ပါသည်။
အထူးသဖြင့် အကိုက်အခဲပျောက်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက် ရောဂါပျောက် ဆေးဝါး၊ စိတ်ကျန်းမာရေးဆေး၊ စိတ်ကျရောဂါ ကာကွယ်ဆေး၊ Codeine ပါဝင်သော ဆေးဝါးများ၊ အအေးမိ၊ နှာစေးချောင်း ဆိုးပျောက် ဆေးဝါးအချို့၊ ဓာတ်မတည့်မှု ကာကွယ်ဆေး၊ အိပ်ဆေး၊ ြွကက်သား နာကျင်သက်သာဆေး၊ ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး၊ ကိုယ်အလေးချိန်ချ ဆေးဝါးများ၊ မျက်လုံးကျယ်ဆေးများက အထက်ပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်ပြီး ယာဉ်မောင်းနေစဉ် အန္တရာယ် ရှိနိုင်ကြောင်း(FDA)က သတိပေးထားသည်။

ဆေးသောက်တိုင်း မကောင်းပါ
အကယ်၍ ဆေးပြားများ မှီဝဲသုံးစွဲဖို့လိုအပ်နေသည်ဟု ထင်မြင်ယူဆ ပါက ဦးစွာပထမ မိမိသည် အဆိုပါဆေးနှင့် ဓာတ်မတည့် အခြေအနေ ရှိ၊ မရှိကို နားလည်တတ်ကျွမ်းသောဆရာဝန်ဖြင့် စမ်းသပ်စစ်ဆေးဖို့ လိုသည်။
အဆိုပါဆေးဝါး၏ အကျိုးအာနိသင်၊ သုံးစွဲပုံနည်းလမ်း၊ သုံးစွဲရမည့် ပမာဏနှင့် သုံးစွဲပြီးနောက် ခံစားရမှုအခြေအနေ ထူးခြားဖြစ်စဉ်များကို လည်း တိတိကျကျ သုံးသပ်တတ်ဖို့ လိုသည်။ ပဋိဇီဝဆေးများကို ဆရာ ဝန်၏ ညွှန်ကြားချက်မပါဘဲ မိမိသဘောဖြင့် လက်လွတ်စပယ်မသုံးသင့် သလို၊ ကာလတာရှည်လည်း မသုံးစွဲသင့်ပေ။
အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် အောက်ဖော်ပြပါ ဗီတာမင်ဆေး ဝါးများကို ကာလတာရှည်လွန်ကဲစွာ သုံးစွဲမိပါက မလွဲမသွေခံစားရမည့် ဘေးထွက်ဆိုးကျိုးများမှာ-
(ဗီတာမင်အေ ၁၀ မီလီဂရမ်) ခံတွင်းပျက်၍ ကိုယ်အလေးချိန်ကျ ဆင်းခြင်း၊ ပျို့အန်ခြင်း၊ သွေးအားနည်းခြင်း၊ ဆံပင်အရောင် မွဲခြောက် ခြင်း၊ အကြောင်းမဲ့ ဆံပင်ကျွတ်ခြင်း၊ အသားအရေ ခြောက်သွေ့ယားယံ ခြင်း၊ ခြေလက်ထုံ၍ နာကျင်ခြင်း၊ မျက်စိပြူးခြင်း၊ မခံမရပ်နိုင်အောင် ခေါင်းကိုက်ခဲခြင်း၊
(ဗီတာမင်စီ ၁ ဂရမ်) ဝမ်းလျှောဝမ်းပျက်ခြင်း၊ အစာအိမ် အက်ဆစ် အထွက်များ၍ အစာအိမ်အချဉ်ပေါက်ခြင်း၊ ကျောက်ကပ် ကျောက်တည် ခြင်း၊ အမျိုးသမီးအချို့ သန္ဓေမအောင်ခြင်း၊
(ဗီတာမင်ဒီ ၄၀ မိုက်ခရိုဂရမ်) ကိုယ်ရည်ကိုယ်သား ပူခြင်း၊ ဂနာ မငြိမ်ဖြစ်ခြင်း၊ အစာစားချင်စိတ် ကုန်ခန်းလာပြီး ကိုယ်အလေးချိန်ကျလာ ခြင်း၊ အသည်းကြီးခြင်း၊ ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း၊ အရိုးထုထည်ပွလာပြီး အရိုးြွကပ်ဆတ်ခြင်း၊
(ဗီတာမင်အီး ၂၀ဝ မီလီဂရမ်) သွေးပြန်ကြောပိတ်ဆို့ခြင်း၊ သွေး တိုးခြင်း၊ ြွကက်သားအားနည်းခြင်း၊ တစ်ကိုယ်လုံးကို ကိုင်ရိုက်ခံထားရ သကဲ့သို့ မလှုပ်ချင်မသယ်ချင် ဖြစ်လာခြင်း၊ ရင်သားကြီးလာခြင်း။

မှန်ကန်သော ဆေးသောက်နည်းပုံစံ
ဆေးဝါးများကို အောက်ပါဆေးသောက်နည်း လမ်းညွှန်အတိုင်း သောက်ပေးသင့်သည်။

ထမင်းမစားခင် ပဋိဇီဝ ဆေးသောက်ခြင်း
အကယ်၍ ထမင်းမစားခင် ဆေးသောက်မည်ဆိုပါလျှင် ထမင်းမစား ခင် နာရီဝက်အလိုတွင် ဆေးသောက်ပါ။ ထမင်းမစားခင် နှစ်မိနစ်လောက် အလိုမှ အချိန်ကပ်၍ ဆေးလုံးဝမသောက်သင့်ပေ။ အဘယ်ကြောင့်ဆို သော် အစားအစာနှင့် ဆေးသောက်ချိန် လွန်စွာနီးကပ်နေပါက အချို့ သောဆေးဝါးများသည် ယင်းအစားအစာများထဲ ရောနှောပါသွားပြီး ဆေး စွမ်းသတ္တိဓာတ်ပြယ်သွားစေနိုင်သည်။

ထမင်းစားပြီးနောက် ပဋိဇီဝဆေးသောက်ခြင်း
အကယ်၍ ထမင်းစားပြီးမှ ဆေးသောက်မည်ဆိုပါလျှင် ထမင်းစားပြီး နောက် ငါးမိနစ်၊ သို့မဟုတ် ၁၀ မိနစ်ခန့်ကြာမှသာ ဆေးသောက်ပါ။ အဘယ်ကြောင့်ဆိုသော် အချို့သော ဆေးဝါးများသည် အစာအိမ်ကို အနှောင့်အယှက်ပြု၍ မအီမသာဖြစ်စေသလို အချို့ဆေးများကလည်း အစာဟောင်းနှင့်ရော၍ မစင်အဖြစ်ပါသွားကာ ဆေးမတိုးနိုင်တော့ပေ။

ဆေးသောက်ရန် အသင့်တော်ဆုံးအချိန်
ဆေးသောက်ရန် အကောင်းဆုံးအချိန်မှာ နေ့လယ်စာထမင်းစားပြီး နောက် ငါးမိနစ်၊ သို့မဟုတ် ၁၀ မိနစ်ခန့်ကြာမှ သောက်ရမည်ဖြစ်သည်။ ဗိုက်ထဲတွင် မည်သည့်အစာမျှမရှိဘဲ ဆေးကို လုံးဝ မသောက်ပါနှင့်။

ဆေးပတ်လည်အောင်သောက်ပါ
နေကောင်းသွားသည့်တိုင်အောင် သောက်လက်စဆေးကို မိမိသဘော အတိုင်း ရပ်မပစ်ပါနှင့်။ ဆရာဝန်၏ညွှန်ကြားချက်အတိုင်း ဆေးပတ်လည် အောင် ဆက်လက်သောက်ပါ။ အဘယ်ကြောင့်ဆိုသော် (ဥပမာ) အဖျားကျ သွားသော်လည်း ခန္ဓာကိုယ်ထဲတွင် ငုပ်လျှိုးကျန်ရစ်နေသေးသော အင်အားကြီး အဖျားပိုးက လူကို ထပ်မံဖျားနာစေသည့်အတွက် ယင်းရောဂါပိုးကို အမြစ် ပြတ်ချေမှုန်းသည့်အနေဖြင့် ဆေးညွှန်းကုန်အောင် ဆက်သောက်သင့်သည်။
အချုပ်အားဖြင့်ဆိုသော် တစ်နေ့တခြား တိုးတက်ခေတ်မီလာသော ယနေ့ကမ္ဘာကြီး၌ ရုပ်ဝတ္ထုများ တိုးတက်လာသည်နှင့်အမျှ အနာမျိုး ၉၆ ပါး ထက်မကသော ရောဂါဝေဒနာများလည်း ဖြစ်ပေါ်ခံစားလျက်ရှိနေကြ သည်။ ၂၁ ရာစုခေတ်တွင် လူအများစုသည် ဗီတာမင်ဓာတ်များ ဖြည့် တင်းရန်အတွက် ဗီတာမင်ဆေးပြားများအပေါ် မှီခိုလာကြသည်။ သို့သော် ယင်းဗီတာမင်ဖြည့်တင်းရန် အမှန်ကန်ဆုံးနှင့် အကောင်းဆုံးသော နည်း လမ်းမှာ အစားအစာမှတစ်ဆင့် သဘာဝဗီတာမင် ရယူနည်းသာဖြစ်သည်။
သို့ပါ၍ ပဋိဇီဝဆေးများကို အားကိုးခြင်းထက် အစားအစာမှ ရရှိနိုင် သော သဘာဝ၏အာဟာရ အရင်းအမြစ်များကိုသာ ]အစာလည်းဆေး၊ ဆေးလည်းအစာ} အဖြစ် ညီညွတ်မျှတစွာ စားသုံးကြစေလိုပါသည်။ ထို သို့စားသုံးခြင်းက ပဋိဇီဝဆေးများကဲ့သို့ ဘေးထွက်ဆိုးကျိုးများ မဖြစ်စေ တော့ဘဲ လူ့သက်တမ်းကို ပိုမိုဆွဲဆန့်ထားနိုင်ပါသည်။ အထူးသတိပေး လိုသည်မှာ ဆေးသောက်ပြီးပြီးချင်း စက်တပ်ယာဉ်များ လုံးဝ မမောင်းပါ နှင့်။ အကယ်၍ ပဋိဇီဝဆေး မဖြစ်မနေ မှီဝဲရမည်ဆိုပါက ဆေးသောက်ပြီး နောက် အနည်းဆုံးတစ်နာရီကျော်ကြာမှသာ ယာဉ်မောင်းနှင်သင့်ပါသည်။ မော်တော်ယာဉ်ထဲတွင် သောက်ရေတစ်ဘူး ဆောင်ထားသင့်ပြီး ယာဉ် မောင်းနေစဉ် ဆေးအာနိသင်များပြလာ၍ အိပ်ချင်ငိုက်မျဉ်းခြင်း၊ သို့မ ဟုတ် ဗိုက်အောင့်ခြင်းခံစားရပါက ဆေးအာနိသင်ပြယ်အောင် ရေများ များ သောက်သင့်ပါကြောင်း အကြံပြုလိုပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here