နှစ်လတာအတွင်း  လိုင်စင်မဲ့ယာဉ်  ၂၄  စီးကို  ပြည်သူ့ဘ@ာအဖြစ် သိမ်းဆည်းခဲ့

690

ရန်ကုန်၊ ဧပြီ

ရန်ကုန်တိုင်းဒေသကြီး၌ နှစ်လ အတွင်း လိုင်စင်မဲ့ယာဉ် ၂၄ စီး ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ဘ@ာ အဖြစ် သိမ်းဆည်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း မောင်းနှင်နေသည့် လိုင်စင်မဲ့ယာဉ်များကို ယာဉ်ထိန်းရဲများမှ ရှောင်တခင် အထူးစစ်ဆေးမှုများ ပြုလုပ်နေသလို  စီစီတီဗီကင်မရာ များ စောင့်ကြည့်ခြင်း အပါအဝင်  ခေတ်မီနည်းပညာ အကူအညီများ ရယူကာ စောင့်ကြည့်ဖမ်းဆီးလျက် ရှိရာ ယခုနှစ် နှစ်လတာအတွင်း  လိုင်စင်မဲ့ယာဉ် ၂၄ စီး ဖမ်းဆီးခဲ့ကြောင်း သိရသည်။

”ယာဉ်မတော်တဆမှု ဖြစ်တဲ့ ယာဉ်တွေ၊ လမ်းဘေးမှာ ရပ်နားထားတဲ့ ယာဉ်တွေကို စစ်ဆေးရာ ကနေ လိုင်စင်မဲ့ယာဉ်ဆိုပြီး ဖမ်းမိတာတွေရှိတယ်၊ ယာဉ်ထိန်းအထူးအဖွဲ့က စစ်ဆေးလို့ ဖမ်းဆီးရမိတာတွေလည်း ရှိတယ်၊ နောက်ပိုင်းမှာ ခေတ်မီ မီးပွိုင့်ကနေ CCTV ကင်မရာနဲ့ စောင့်ကြည့်တာတွေလည်း လုပ်ဆောင်နေပါတယ်၊ လိုင်စင်မဲ့ယာဉ်ဖမ်းမိတဲ့အခါ ယာဉ်ပိုင်ရှင်နဲ့အတူမိတာဆိုရင် ကားကို သိမ်းတယ်၊ လူကိုလည်း တရားမဝင် ကုန်ပစ္စည်း တင်သွင်းတဲ့ပုဒ်မနဲ့ တရားစွဲဆိုပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိ ရဲအရာရှိက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် ဇန်နဝါရီလတွင် လိုင်စင်မဲ့ ယာဉ် ၁၁ စီး၊ ဖေဖော်ဝါရီလတွင် ၁၃ စီး ဖမ်းဆီးရမိထားပြီး ယာဉ်များကို သက်ဆိုင်ရာဌာနသို့ တင် ပြ၍ အစိုးရဘ@ာအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီး အရေးယူရာတွင် ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း တရားမဝင်လိုင်စင်မဲ့ ယာဉ် ၁၄၉ စီး ဖမ်းဆီးအရေးယူ ခဲ့ပြီး ပြည်သူ့ဘ@ာအဖြစ်သိမ်း ဆည်းခဲ့ကာ လူစီး ဆလွန်းအမျိုး အစား အများဆုံး ပါဝင်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here