နှစ်ပေါင်း လေးဆယ်ကြာ ဂိုဒေါင်အောင်းနေသည့် ကမ္ဘာ့ရှားပါး Ferrari Daytona ကားအား ရှာဖွေတွေ့ရှိ

849

ကမ္ဘာပေါ်တွင် ထပ်မတွေ့ရတော့ဟု ယူဆထားသည့် တစ်စီးတည်းသာရှိသော ရှားပါး Ferrari Daytona ကားတစ်စီးကို နှစ်ပေါင်းလေးဆယ်ကြာမှ ဂျပန်နိုင်ငံရှိ ဖုန်အလိမ်းလိမ်း တက်နေသော ဂိုဒေါင်ဟောင်း တစ်ခုတွင် ပြန်လည်ရှာဖွေတွေ့ ရှိခဲ့ကြောင်း စက်တင်ဘာ ၁ ရက်တွင် CNN သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

အလူမီနီယမ် ကိုယ်ထည် ဖြင့် အဆိုပါ Ferrari Daytona ကားကို ၁၉၇၁ ခုနှစ်တွင် အီတလီနိုင်ငံမှ ဂျပန်နိုင်ငံသို့ သဘေၤာ တင်ပို့ခဲ့ခြင်း ဖြစ် သည်။ ၁၉၆၉ ခုနှစ်နှင့် ၁၉၇၃ ခုနှစ်ကြားတွင် တစ်နာရီလျှင် ၁၇၄ မိုင်နှုန်းဖြင့် မောင်းနှင်နိုင် သော နှစ်ယောက်စီး 365 GTB/4  ကားအစီးရေ ၁,၂ဝဝ ကျော်အား Ferrari က ထုတ်လုပ်ခဲ့ပြီး Daytona ဟု အမည်ပြောင် ပေးခဲ့သည်။ 24 Hours of Daytona ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် Daytona ကို ပေါ့ပါးသည့် အလွိုင်းဖြင့် ငါးစီးထုတ်လုပ်ခဲ့ပြီး တစ်စီးသာ လမ်းပေါ် မောင်းနှင်ခွင့်ရသည့် ကားဖြစ်ခဲ့ကာ ချက်စီ နံပါတ် ၁၂၆၅၃ ဖြင့် တစ်စီးလုံး အလူမီနီယမ် ကိုယ်ထည်ကို အသုံးပြုထားသော ယင်းကားကို ကားဒီဇိုင်းပညာရှင် Sergio Scaglietti က ၁၉၅ဝ ပြည့်လွန် နှစ်များကတည်းက စတင်ဖန်တီးခဲ့ခြင်းဖြစ်သည်။ Plexiglas ရှေ့ မီးကြီးများ၊ အနက်ရောင်သားရေ ဖြင့် ကားအတွင်းပိုင်း အပြင်အဆင်၊ ပါဝါဝင်းဒိုးစနစ်များ ပါဝင်ကာ ၁၉၆၉ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် ယင်းကားကို ၁၉၇၁ ခုနှစ်၌ ဂျပန်ကားအရောင်းလုပ်ငန်းတစ်ခုသို့ တင်ပို့ခဲ့ပြီး ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလထုတ် ဂျပန် မော်တော်ကားမဂ္ဂဇင်း Car Graphic ၌ ပါဝင်ခဲ့ဖူးကြောင်း သိရသည်။ ထို့နောက် ပိုင်ရှင် အဆင့်ဆင့် ပြောင်းလဲခဲ့ရာ နောက်ဆုံးပိုင်ရှင်မှာ ၁၉၈ဝ ပြည့်နှစ်ဝန်းကျင်တွင် ဝယ်ယူခဲ့ သည့် Makoto Takai ဖြစ်သည်။

 

ယခု ပြန်လည် တွေ့ရှိခဲ့ သည့် Ferrari Daytona ကားမှာ စက်တင်ဘာ ၉ ရက်တွင် Ferrari အခြေစိုက်ရာ အီတလီနိုင်ငံ၊ Maranello မြို့တွင် ကျင်းပမည့် ကမ္ဘာ့အကြီးမားဆုံး Ferrari ကားများ လေလံတင်ရောင်း ချပွဲတွင် လေလံတင်ကားတစ်စီးအဖြစ် ပါဝင်လာမည်ဟု ဆိုသည်။ မိုင် ၂၂,ဝဝဝ သာ မောင်းနှင် အသုံးပြုထားသည့် ယင်းကားကို ပြန်လည်တွေ့ရှိထားသည့် အခြေအနေအတိုင်း ပြုပြင်ထိန်းသိမ်းခြင်းမပြုဘဲ လေလံတင် ရောင်းချသွားမည်ဖြစ်ကာ ယူရို ၁ ဒသမ ၇ သန်း (ဒေါ်လာ နှစ်သန်း) အထိရရှိနိုင်ရန် မျှော်မှန်းထားကြောင်းလည်း လေလံကုမ္ပဏီ RM Sotheby’s ၏ ကတ်တလောက်တွင် ဖော်ပြ ထားသည်။

 

Ref: CNN

LEAVE A REPLY

Please enter your comment!
Please enter your name here