နှစ်ပေါင်း ငါးဆယ်နီးပါးကြာမှ လမ်းပေါ်စမောင်းနိုင်ခဲ့တဲ့ FERRARI MODULO

1139

နာမည်ကျော် အီတလီပြိုင်ကားကုမ္ပဏီ Ferrari ဟာ ဒီဇိုင်နာ Paulo Martin တီထွင်ဖန်တီးထားတဲ့ Ferrari Modulo ရှေ့ပြေးနမူနာကားကို ၁၉၇ဝ ပြည့်နှစ်မှာ ကျင်းပတဲ့ ဂျီနီဗာကားပြပွဲတုန်းက စတင်မိတ်ဆက် ပြသခဲ့တာပါ။Ferrari Modulo ဟာ လမ်းပေါ်မှာ ပန်းကန်ပြားပျံ  (UFO) တစ်စင်း လွင့်မျောနေတာနဲ့ဆင်တူအောင် အလွန်နိမ့်ပြီး သပ်ပုံ (Wed-ge-shaped) ကိုယ်ထည်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Ferrari Modulo ပုံစံက ခါးလယ််ကနေ ကားကိုယ်ထည်အခွံနှစ်ခုကို ထပ်ထား တာမျိုးဖြစ်ပြီး ကားတံခါးပေါက်တွေ မပါဝင်ပါဘူး။
မောင်းသူနဲ့ ဘေးကစီးသူတွေ ဝင်ထွက်ဖို့အတွက် ဖန်ပေါင်းချောင် စတိုင်လ်(Canopy-style) အမိုးကို ရှေ့ဘက်လျှောတိုက်ဖွင့်လို့ရအောင် စီစဉ်ပေးထားပါတယ်။ ကားဘီးလေးဘီးစလုံးကို Fairing တွေနဲ့ တစ် စိတ်တစ်ပိုင်းကာထားပြီး မြင်းကောင်ရေ ၅၅ဝ အားထွက်တဲ့ 5.0 L Ferrari V12 အင်ဂျင်ကို ကားအလယ်မှာ တပ်ထားပါတယ်။ ကား အတွင်းထိုင်ခုံတွေက ရှည်လျားပြီး အလိုအလျောက်ချိန်ညှိပေးတာကြောင့် စီးသူတွေအနေနဲ့ အကောင်းဆုံးအနေအထားနဲ့ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ကားရဲ့ အဓိကထိန်းချုပ်ရေးခလုတ်တွေကို အထောက်အကူဖြစ် စေတဲ့ စက်လုံးပုံ Turning Element နှစ်ခု ကိုလည်း ဘေးတစ်ဖက်တစ် ချက်စီမှာ တပ်ထား ပါတယ်။
အပေါက် ၂၄ ပေါက်ပါတဲ့ အင်ဂျင်ကာဗာကို အမိုးနောက်ပိုင်းမှာ မြင် တွေ့ရမှာဖြစ်ပါတယ်။ သုညမိုင်ကနေ တစ်နာရီ မိုင် ခြောက်ဆယ် နှုန်းရောက်ဖို့ အချိန် ၃ ဒသမ ၁ စက္ကန့်သာကြာပြီး အမြင့်ဆုံးအမြန်နှုန်း အနေနဲ့ တစ်နာရီကို မိုင် ၂၂ဝ နှုန်း မောင်းနိုင်ပါတယ်။
တစ်စီးတည်းသာရှိတဲ့ Ferrari Modulo ကို စတင်တည်ဆောက် တုန်းက Ferrari 512S အောက်ခံပလက်ဖောင်းကို သုံးခဲ့ပေမဲ့ နောက် ပိုင်း အဆင့်ပိုမြင့်အောင် 612 Can Am အောက်ခံပလက်ဖောင်း ပြောင်း လဲသုံးစွဲခဲ့တာပါ။ Ferrari Modulo ဟာ နိုင်ငံတကာဒီဇိုင်းဆု ၂၂ ဆု အထိရခဲ့ပေမဲ့ Show Car အဖြစ်သာ ကျင်လည်နေခဲ့ရပါတယ်။ ဒါပေမဲ့ ၂ဝ၁၄ ခုနှစ်မှာ အမေရိကန်သူကြွယ် James Glickenhaus u Ferrari Modulo ကို မဖော်ပြတဲ့ ကြေးနဲ့ဝယ်ပြီး အီတလီနိုင်ငံမှာပဲ အပြည့်အဝ မောင်းနှင်နိုင်မယ့်ကားအဖြစ် ပြုပြင်မွမ်းမံခဲ့ပါတယ်။ Ferrari Modulo ကို အသစ်ပြန်မွမ်းမံတဲ့အခါ သတ်မှတ်ထားချိန်ထက် ပိုကြာခဲ့ပြီး ၂ဝ၁၈ ခုနှစ် နှစ်လယ်ပိုင်းမှ အပြီးသတ်နိုင်လို့ လမ်းပေါ် စတင်မောင်းနှင်နိုင်ခဲ့ ပါတယ်။ နောက်ဆုံးတည်ဆောက်ခဲ့တဲ့ Ferrari Modulo မှာ မူလပုံစံ ကလို Sliding Cockpit အမိုး၊ အင်ဂျင်ကာဗာနဲ့ ဘီးတွေကို ဖုံးေပးတဲ့ Fenders တို့တော့မပါတော့ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here