နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် Mazda MX-5 Miata ကားများ ရောင်းချမည်

182

 

ဂျပန်ကားကုမ္ပဏီ Mazda သည် သက်တမ်း နှစ်တစ်ရာပြည့်အထိမ်း အမှတ်အဖြစ် အထူးထုတ်လုပ်ထားသော MX-5 Miata ပြိုင်ကားများ ကို ရောင်းချသွားမည်ဖြစ်ကြောင်း ကေအသဘူသါ ဝက်ဘ်ဆိုက်က ဇွန် ၂၉ ရက်တွင် ဖော်ပြသည်။

ဟီရိုရှီးမား၌ ရုံးချုပ်ဖွင့်လှစ် ထားသော Mazda သည် ၁၉၂ဝ ပြည့်နှစ်တွင် စတင်တည်ထောင် ထားခြင်းဖြစ်ပြီး ယခုနှစ်တွင် နှစ် တစ်ရာ ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် Mazda က နှစ်တစ်ရာ ပြည့် အထိမ်းအမှတ်အဖြစ် MX-5 ပြိုင်ကားငယ်လေးကို ထုတ်လုပ် ရောင်းချရန် စီစဉ်ထားသည်။

MX-5 ပြိုင်ကားကို ၁၉၈၉ ခုနှစ်မှ စတင်ထုတ်လုပ်လျက်ရှိပြီး နှစ်တစ်ရာပြည့် အထိမ်းအမှတ် အထူးထုတ်လုပ်ထားသော ကား ကို အမေရိကန်စျေးကွက်တွင်သာ ယခုနှစ် နှောင်းပိုင်းအတွင်း ရောင်း ချသွားမည်ဖြစ်သည်။ အထူးထုတ် MX-5 ပြိုင်ကားကို Traditional Soft Top နှင့် Retractable Fast- back(RF) ဟူ၍ ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်သွားမည် ဖြစ်သည်။

Traditional Soft Top ကို အနီရောင်၊ RF ကို အမည်းရောင် ဖြင့် ထုတ်လုပ်သွားမည် ဖြစ်ပြီး 6-Speed manual Soft Top ကို အမေရိကန်ဒေါ်လာ ၃၃,၆၁၅၊ 6-Speed Manual RF က အမေ ရိကန်ဒေါ်လာ ၃၆,၃၇ဝ ကျသင့် မည် ဖြစ်သည်။ Automatic Soft Top ကို အမေရိကန်ဒေါ်လာ ၃၄, ၁၄ဝ၊ Automatic RF ကို အမေ ရိကန်ဒေါ်လာ ၃၅,၆၉၅ ဖြင့် ရောင်း ချသွားမည်ဖြစ်ပြီး ကားဘော်ဒီတွင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် Logo များ ခတ်နှိပ်သွားမည်ဖြစ်သည်။
Ref: autoblog

LEAVE A REPLY

Please enter your comment!
Please enter your name here