နံပါတ်ထွက်ပြီးသား Volvo ကားများကို အထူးစျေးနှုန်းများဖြင့် ရောင်းချမည်

663

ရန်ကုန်၊ ဒီဇင်ဘာ
Volvo Cars Myanmar မှ နံပါတ်ထွက်ပြီးသား Volvo ကားများကို အထူးစျေးနှုန်းများဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Volvo Cars Myanmar မှ XC90 ၊ S90 ၊ S60 ၊ V40CC စသည့် ၂ဝ၁၇ မိုဒယ်ကားများကို အထူးစျေးနှုန်းများဖြင့် ရောင်းချ မည်ဖြစ်ပြီး ထိုကားများဝယ်ယူပါက197 Check Point Software Update ၊ 1 Year Free Service and Maintenance များ ပေးမည် ဖြစ်သည်။

‘‘နံပါတ်ယူထားပြီးသားကားတွေဖြစ်ပေမဲ့ ကားသစ်တွေနည်းတူ ကောင်းမွန်တဲ့ကားတွေ ဖြစ်ပါတယ်၊ ရောင်းချပေးမယ့် ကားအစီးရေက Limited Stock ဖြစ်တဲ့အတွက် အမြန်ဆုံးလာရောက်ဝယ်ယူဖို့ လိုပါ တယ်’’ဟု Volvo Cars Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

Volvo Cars Myanmar မှ XC90 T6 Inscription ကို ကျပ် ၁,၈၂ဝ သိန်း၊ S90 T5 Inscription ကို ကျပ်သိန်း ၁,၆ဝဝ၊ S60 T5 Momentum ကို ကျပ်သိန်း ၇၈ဝ ၊ V40CC T5 Inscription ကို ကျပ်သိန်း ၇၅ဝ တို့ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here