ဗြိတိန်ကားကုမ္ပဏီတစ်ခုဖြစ်သည့် Land Rover သည် ၎င်းတို့၏ လူ ကြိုက်များသော Off-Road အမျိုးအစား နောက်ဆုံးပေါ် Defender ကားသစ်ကို စက်တင်ဘာ ၁ဝ ရက်က တရားဝင် မိတ်ဆက်ပြ သခဲ့ကြောင်း Dailymail သတင်းစာက ရေးသားဖော်ပြခဲ့သည်။
Land Rover သည် Defender မိုဒယ်ကို ၁၉၄၈ ခုနှစ်က ပထမဆုံးအကြိမ် ထုတ်လုပ်ရောင်း ချခဲ့ပြီး ဘက်စုံအသုံးပြုနိုင်သော ကြောင့် လူကြိုက်များ ထင်ရှားခဲ့ သလို ဗြိတိန်ဘုရင်မကြီး အဲလိ ဇဘက်၏ စိတ်ကြိုက် ကားအမျိုး အစားဖြစ်သည်။
၂၁ ရာစု၏နောက်ဆုံးမိုဒယ် တွင် တံခါးသုံးပေါက်ပါ Defender 90 နှင့် တံခါးငါးပေါက်ပါ Defender 110 ဟူ၍ နှစ်မျိုးရှိပြီး 90 က ပေါင် လေးသောင်း ဖြစ်ကာ 110 က ပေါင် ၄၅,၂၄ဝ ကျသင့်သည်။ နှစ်မျိုးစလုံးတွင် ဓာတ်ဆီနှင့် ဒီဇယ် အင်ဂျင်နှစ်မျိုးအနက် ကြိုက် ရာရွေးချယ်နိုင်ပြီး ဓာတ်ဆီ အင်ဂျင်က မြင်းကောင်ရေ ပိုများသော ကြောင့် စွမ်းအင်ထုတ်လုပ်မှု ပိုမို ကောင်းမွန်သည်။
Land Rover သည် နောက်ဆုံးထုတ် Defender မိုဒယ်တွင် ဓာတ်ဆီ၊ ဒီဇယ်စွမ်းအင်ကို အသုံး ပြုထားသော်လည်း လာမည့်နှစ် တွင် စက်သုံးဆီနှင့် လျှပ်စစ်စွမ်း အင်နှစ်မျိုးစလုံး အသုံးပြုနိုင်သော Plug-in Hybrid မိုဒယ်များကို ထပ် မံထုတ်လုပ်သွားမည်ဖြစ်သည်။
Ref: Dailymail