နို်င်ငံခြားငွေရလမ်း မဖော်ပြနိုင်သူများကို ကားတင်သွင်းခွင့်မပေးရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ကြီးကော်ထံ တင်ပြသွားမည်

1253

ရန်ကုန်၊ဖေဖော်ဝါရီ
နို်င်ငံခြားငွေရလမ်း မဖော်ပြနိုင်သူ များကို ကားတင်သွင်းခွင့်မပေးရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီထံ တင်ပြသွားမည်ကြောင်း သိရသည်။

လက်ရှိကျင့်သုံးနေသည့် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာမူဝါဒအရ နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူတိုင်း နိုင်ငံခြားငွေဘဏ်အကောင့်ဖွင့်ပြီး ပြည်ပမှ ကားတင်သွင်းခွင့်ပေးထားသော်လည်း နောက်ပိုင်းတွင် နိုင်ငံခြားငွေရလမ်း ဖော်ပြနိုင်မှသာ တင် သွင်းခွင့်ပြုရန်အတွက် မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီထံ တင်ပြသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဖရီးပါမစ်ဖြင့် ကားတင်သွင်းခွင့် စတင်ခွင့်ပြုခဲ့သည့်အချိန်မှစ၍ မှတ်ပုံတင်ငှားရမ်းပြီး နိုင်ငံခြားငွေ စာရင်းဖွင့်ကာ ကားတင်သွင်းမှုများ ရှိနေရာ နောက်ပိုင်းတွေ လူတစ်ဦးချင်း အစီအစဉ်ဖြင့် နိုင်ငံခြားငွေ မရှိဘဲ Money Changer တွင် ငွေလဲလှယ်၍ ငွေစာရင်းဖွင့်ပြီး မော်တော်ယာဉ် တင်သွင်းလျှောက်ထားမှုများကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here