နိုင်ငံတော်၏ စီးပွားရေးဒေါက်တိုင်တစ်ခုဖြစ်ရန် အမှန်တကယ်လိုအပ်သည့် မြန်မာ့ကား Industry

266

လက်ရှိတွင် ဝန်ထမ်းများအတွက် အခွန်ကင်းလွတ်ကားပါမစ်ကို အစိုးရမှ ဆိုင်းငံ့လိုက်ခြင်းနှင့်အတူ မူဝါဒလှိုင်းများကြောင့် ဂယောက်ဂယက်ဖြင့် အကြိမ်ကြိမ်လဲပြိုလေ့ရှိသော ကားလောကသည် တစ်ဖန်ပြန်လည်နိုးထရပြန်ချေပြီဖြစ်သည်။ ဝန်ထမ်း အခွန်ကင်းလွတ်ပါမစ်ကြောင့် အဘက်ဘက်မှ အဝယ်များ အလုံးစုံနီးပါး ရပ်ဆိုင်းခဲ့ရာမှ တစ်ဖန်ပြန်လည်၍ အရောင်းအဝယ် လှုပ်ခတ်လာခြင်းလည်း ဖြစ်သည်။ ထိုကဲ့သို့သော သို့ လော၊ သို့လောဖြင့် မူဝါဒစောင့်ကြည့်မှုများ မြန်မာ့ကားလောကတွင် မကြာခဏ ဖြစ်လေ့ရှိသည် ဖြစ်ရာ ကားလောကဖြစ်စဉ်များမှာ တုံ့နှေး၊ တုံ့နှေးဖြင့်ပင် ဖွံ့ဖြိုးမှုအတွက် ရှေ့ခရီးမရောက်နိုင် ဖြစ်နေပါတော့သည်။

လက်ရှိအစိုးရသည် မြန်မာကြိုက်ကားများဖြစ်သည့် ဂျပန်ညာမောင်းကားများကို လမ်းစနစ်နှင့် မကိုက်ညီဟုဆိုကာ မူဝါဒချမှတ်၍ တင်သွင်း ခွင့် တဖြည်းဖြည်းလျော့ကျစေခဲ့ပြီး ကားသစ်စျေးကွက်ကို အာရုံစိုက်ပံ့ပိုး ပေးခဲ့သည်။ ရန်ကုန်မြို့တွင် ကားများကျပ်တည်းသည်ကို အကြောင်းပြု၍ ကားကျပ်တည်းမှု လျော့ကျစေရန် ရန်ကုန်လိုင်စင်ထုတ်ပေးခြင်း မပြုတော့သည့်အတွက် ရန်ကုန်လိုင်စင်ဟုခေါ်သည့် အခြားဒေသများ နည်းတူ ဒေသသတ်မှတ်ချက်တစ်ရပ်အနေဖြင့် ထုတ်ပေးသော လိုင်စင်သည်လည်း မြန်မာနိုင်ငံတွင် တန်ဖိုးအရှိဆုံး၊ တစ်နည်းအားဖြင့် ကားတန်ဖိုး မြင့်စေသည့် လိုင်စင်တစ်ရပ်အဖြစ်သို့ ရောက်ရှိသွားစေခဲ့သည်။ ထိုအခါ နယ်လိုင်စင်နှင့် ရန်ကုန်လိုင်စင်တို့အကြား အရောင်းအဝယ်များ ပြုလုပ်ကြရာ၌ တန်ဖိုးတစ်ခု ကွာဟမှုရှိခဲ့သည်။ သို့သော် မြန်မာ့ကားလောက ဖွံ့ဖြိုးရန်နှင့် ပြည်သူများ ကားသစ်များ စီးနင်းနိုင်ကြစေရန် Road Map တစ်ခုချမှတ်၍ တစိုက်မတ်မတ်အာရုံစိုက်ခဲ့သည့် အစိုးရသည် ယင်းရန်ကုန် လိုင်စင်ရရှိမှုကို မူဝါဒအခွင့်အရေးတစ်ရပ်အနေဖြင့် ကားသစ်တပ်ဆင် ထုတ်လုပ်သူများထံ ပေးအပ်ခဲ့သည်။ ယင်းမှာ ပြည်တွင်း တပ်ဆင်ထုတ် လုပ်သည့်SKD ၊ CKD ကားများကို ရန်ကုန်လိုင်စင် ရယူခွင့်ပြုခဲ့ခြင်းပင် ဖြစ်သည်။ ယင်းမူဝါဒအသာစီးကြောင့် တင်သွင်းခွင့် သတ်မှတ်မိုဒယ် အောက်ကားများနှင့် ညာမောင်းကားများ ရန်ကုန်လိုင်စင်အစား နယ်လိုင်စင်ဖြင့်သာ ကျေနပ်ခဲ့ရပြီး ပြည်တွင်းတပ်ဆင်ထုတ်လုပ်သည့် ကားသစ်များမှာမူ မူဝါဒမျက်နှာပန်းလှမှုကြောင့် ပြည်ပတင်သွင်းသည့် ကားသစ်များထက် ရောင်းပန်းပိုလှခဲ့ကာ ရောင်းအားပိုကောင်းလာကြသည်။ ပြည်သူ အများစုသည်လည်း စျေးကွက်တွင် အများကြိုက် ဂျပန်ပြည်တွင်းသုံး ကားများကို ဝယ်ယူသုံးစွဲနေကြရာမှ ကီလိုဇီးရိုး၊ ရန်ကုန်လိုင်စင်၊ After-Sales Service ရနိုင်သည့်အပြင် အရစ်ကျပါ ရရှိနိုင်ဦးမည့် SKD ကား များဆီသို့ ဦးလှည့်ခဲ့ကြသည်။

ထိုအချိန်တွင် SKD ကားကုမ္ပဏီများသည်လည်း ကားအမျိုးအစားသစ်များကို ထပ်တိုးထုတ်လုပ်နိုင်ရန် မိတ်ဆက် ကြိုးစားလာကြပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံမည့်ကားကုမ္ပဏီသစ်များသည်လည်း ခြေလှမ်းပြင် နေကြပြီဖြစ်သည်။ ယင်းသို့ လမ်းစနစ်နှင့်မကိုက်ညီသည့် ညာမောင်း ကင်းစင်သော ကားလောကသစ်သို့ရောက်ရှိရန် အဘက်ဘက်မှ ခြေလှမ်းသစ်များရရှိလာချိန်၊ အရှိန်တစ်ခုရလာချိန်၊ မူဝါဒအပေါ် ယုံကြည်မှု ခိုင်မာလာချိန်၌ ဝန်ထမ်းများအတွက် ရန်ကုန်လိုင်စင် အလိုအလျောက် ရရှိပြီး အခွန်ကင်းလွတ် ကားတင်သွင်းခွင့်ဂယက် ဖြစ်ပေါ်လာခြင်းဖြစ် သည်။ ယင်းတင်သွင်းခွင့်နှင့်ပတ်သက်၍ အသံများဆူညံစွာ ထွက်ပေါ် လာပြီးနောက်တွင် အစိုးရက ဆိုင်းငံ့ခဲ့သည့်အတွက် ကားလောကသား များ အတန်အသင့် သက်မချခဲ့ကြသည်။ ထိုမူဝါဒသာ အရှိန်မပျက် ဆက်လက် အကောင်အထည်ဖော်နေပြီဆိုပါက အခွန်ထမ်းပြည်သူများ၊ ရင်းနှီးမြှုပ်နှံထားကြသူများ၊ ပြည်ပမှဝင်လာမည့် ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတော်၏ အခွန်ရရှိမှုများတွင်ပါ ထိခိုက်နစ်နာစေမည်ဖြစ်သလို ကား အများအပြား တင်သွင်းမှုကြောင့် ဒေါ်လာစျေးနှုန်းများ မြင့်တက်ကာ ကုန်စျေးနှုန်းသို့ပါ ဂယက်ရိုက်မည်ဖြစ်သည်။

ယခုကာလတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများရရှိပြီး ပြည်တွင်းအလုပ်အကိုင်များ တိုးတက်လာခြင်းသည် ရေရှည်ဖြစ်စေရန် အစိုးရမှ ထိန်းချုပ်ကိုင်တွယ်ဖို့ လိုအပ်နေပြီး ဘက်စုံထောင့်စုံမှ သုံးသပ်မှု အားနည်းသည့် မူဝါဒများ ချမှတ်နေမည်ဆိုပါက နစ်နာမည့်မြေစာပင်များ ပေါ်ထွက်လာ ရဦးမည်သာ ဖြစ်သည်။ လက်ရှိဖွံ့ဖြိုးရန်ဟန်ပြင်နေသော မြန်မာ့ကား Industry ကို ပို၍ခိုင်မာစေရန်၊ ပိုမိုဖွံ့ဖြိုးစေရန်၊ အရည်အသွေးကောင်း သော ကားအမှတ်တံဆိပ်များ အလျင်အမြန် ထွက်ပေါ်စေရန်၊ နည်းပညာများ ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းစေရန်၊ စျေးနှုန်း မျှတစေရန်နှင့် ခေတ်အဆက်ဆက် မူဝါဒကြောင့် ကားစျေးနှုန်းများ မြင့်မားမှုဖြစ်ခြင်းမှ ကင်းဝေးစေရန် ဟန်ချက်ညီသော မူဝါဒများကိုသာ ချမှတ်လုပ်ဆောင်ဖို့ လိုအပ်လာကြောင်း ပြီးခဲ့သည့်ဖြစ်ရပ်များက ပြဆို ပါသည်။

အမှန်တကယ်တွင်မူ ၂ဝ၁၉ ခုနှစ် တစ်နှစ်တာလုံး ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့သည့် မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး Roadmap ကို မြန်မြန်ဆန်ဆန် ရုပ်လုံးပေါ်စေရန် တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်သည့် SKD စနစ်မှ သတ်မှတ်ထားသည့် အချိန်ကာလ တစ်ခုတွင် အလုံးစုံတပ်ဆင်ထုတ်လုပ်သည့် CKD စနစ်ဆီ တိတိကျကျ ရောက်ရှိရေးကိုသာ အာရုံစိုက်သင့်ပြီး လိုအပ်သည့် အခြေခံအဆောက် အအုံများအတွက် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဝိုင်းဝန်း ပူးပေါင်းကူညီမှုများကိုသာ ရှေးရှုသင့်ပါသည်။ ယခုကာလသည် ကားသစ် စျေးကွက် ပိုမိုကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာဖို့ လိုအပ်နေသည့် ကာလတစ်ရပ်လည်း ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လည်း ရရှိနေသည့် မူဝါဒအခွင့်အရေးအပေါ် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးဦး စားပေး၍ တစ်ထောင့်တစ်ကဏမှ တက်ညီလက်ညီ ကြိုးပမ်းလုပ်ဆောင်ကြရန် လိုအပ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများအတွက် သက်သာချောင်ချိရေးရာများ စီမံရာတွင် နိုင်ငံတော်အခွန်နစ်နာသည်မှစ၍ နိုင်ငံ၏ ဖွံ့ဖြိုးမှုဆိုင်ရာ ကဏများတွင်ပါ လေလွင့်မှုလျော့နည်းနိုင်မည့် နည်းလမ်းများဖြင့် နိုင်ငံ့ဝန်ထမ်းလုပ်သားများအပေါ် ကူညီပံ့ပိုးပေးရန် လိုအပ်ပါသည်။

ယခင် ကားဟောင်းစျေးကွက်ကြီးစိုးချိန်က ကားသစ်ရောင်းချရမှု နှုန်းသည် ၂ဝ၁၆ ခုနှစ်တွင် ရာခိုင်နှုန်းအားဖြင့် ဝ ဒသမ ဝဝ၅ ရာခိုင် နှုန်းမျှသာ ရှိခဲ့ပါသည်။ ထို့ကြောင့် မူဝါဒထိန်းချုပ်မှုများ အဆင့်ဆင့် ပြုလုပ်ခဲ့သဖြင့် မော်တော်ယာဉ်လိုအပ်နေသည့် မြန်မာနိုင်ငံတွင် ကားဟောင်းစျေးကွက် လျော့ကျလာပြီး ကားသစ်စျေးကွက် နေရာရလာပြီ ဖြစ်ကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာပြီဖြစ်သည်။ ထို့ပြင် အခြားမော်တော်ယာဉ်နှင့် ဆက်စပ်သည့် လုပ်ငန်းများလည်း ဟန်ချက် ညီညီပေါ်ထွန်းလာဖို့၊ ဖွံ့ဖြိုးလာဖို့ရာ လိုအပ်ပါသေးသည်။ သို့မှသာ အလုပ်အကိုင် အခွင့်အလမ်းများသည်လည်း ပိုမိုဖြစ်ထွန်းပေါ်ပေါက်မည် ဖြစ်သည်။ မူဝါဒစောင့်ကြည့်မှုများ မကြာခဏ ရှိနေမည်ဆိုပါက မိမိ တို့နိုင်ငံ၏ ကုန်ထုတ်လုပ်မှုစွမ်းအား နယ်ပယ်တစ်ခုသည် တိုးတက် သင့် သလောက်မတိုးတက်ဘဲ နောက်ပြန်ဆွဲနေသကဲ့သို့ ဖြစ်နေမည်ဖြစ်ပါ သည်။ ပြည်တွင်း ကားထုတ်လုပ်မှုနယ်ပယ်တွင် အဆင့်ဆင့် တိုးတက် လာပြီဆိုပါက ပြည်ပတင်ပို့မှု အသွင်သဏဥာန်သို့ ကူးပြောင်းရောက်ရှိ အောင် ကြိုးစားရဦးမည်လည်း ဖြစ်ပါသည်။ ပြည်တွင်း၊ ပြည်ပစျေးကွက် နှင့် နည်းပညာရရှိရေးတို့အတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များမှ မိမိတို့ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းနယ်ပယ်ကို မျက်စိကျစေမည့် မူဝါဒများ၊ သင့် လျော်သည့်စည်းကမ်းများ၊ လိုအပ်သည့် အခြေခံအဆောက်အအုံများ စသည်တို့ကို အကောင်းဆုံးပေးအပ်နိုင်မှသာ ထွက်ပေါ်လာမည့် မော် တော်ယာဉ်များသည်လည်း ရှိသင့်ရှိထိုက်သည့် စံနှုန်းများနှင့်အတူ ပိုမို၍ စနစ်ကျနသည့် ရောင်းဝယ်မှုပုံစံများပါ ထွန်းကားလာမည် ဖြစ်သည်။

ထို့ကြောင့် အခြေခံကောင်းများ ပေါ်ထွက်နေသည့် အခါသမယတွင် ရင်းနှီးမြှုပ်နှံသူများ တွန့်ဆုတ်စေမည့် အကြောင်းအရာများ မဖြစ်ပေါ်စေရန် နှင့် မြန်မာ့ကားလောကသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးစေမည့် ဒေါက်တိုင်တစ်ခု အဖြစ် ဖြစ်တည်စေရေး ရေရှည်တည်တံ့အောင် ဝိုင်းဝန်းတည့်မတ် လုပ် ကိုင်ဆောင်ရွက်ကြမှသာ ချမှတ်ထားသည့် ရည်မှန်းချက်များလည်း ပြည့်မီမည်ဖြစ်ပါသည်။ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ ဖွံ့ဖြိုးလာပါက အစိုးရ၏ သင့်လျော်သည့် ထိန်းချုပ်ကြပ်မတ်မှုများနှင့်အတူ အဖိုးနှုန်း ချိုသာ၍ အရည်အသွေးကောင်းမွန်သော လုံခြုံစိတ်ချရသည့် ကားသစ်များ ကို ပြည်သူအများ စီးနင်းနိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ကောင်းမွန်သည့် ရလဒ်များ ပေးစွမ်းနိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်စေမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ချမှတ်ထားသည့် မော်တော်ယာဉ် ထုတ်လုပ်မှုဆိုင်ရာ ပေါ်လစီများအတိုင်း ကာလတို၊ ကာလလတ်၊ ကာလ ရှည် မျှော်မှန်းချက်များ ပြည့်စုံပြီးေြမာက်ေစဖို့ အားလံုးဝုိင်းဝန်း ြကိုးပမ်း ြကရမည်သာ ြဖစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here