နိုင်ဂျီးရီးယား သူကြွယ်စုံတွဲ၏မဂင်္လာပွဲတွင် ဧည့်ပရိသတ်များအား အသစ်စက်စက်ကားများ မဲဖောက်ပေးခဲ့

820

နိုင်ဂျီးရီးယားမှ အဆောက်အအုံအတွင်းပိုင်းအလှဆင် ဒီဇိုင်းပညာရှင် Ehi Ogbebor နှင့် သူမ၏ချစ်သူ ရေနံသူဌေး Kenneth Oboku  တို့၏ မဂင်္လာဧည့်ခံပွဲအား နိုင်ဂျီးရီးယားနိုင်ငံ၊ Benin မြို့တွင် ကျင်းပခဲ့ပြီး မဂင်္လာပွဲသို့ တက်ရောက်လာကြသူများကို အသစ်စက်စက်ကားများနှင့် မိုက်ခရိုဝေ့ဗ်မီးဖိုများ လက်ဆောင်အဖြစ် ပြန်ပေးခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်တွင် Business Insider သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

အဆိုပါ မဂင်္လာပွဲ အခမ်းအနားတွင် အထပ်ပေါင်းများစွာ ပါဝင်သည့် ကြီးမားသော မဂင်္လာကိတ်မုန့်ကြီး စီစဉ်ထားပြီး နိုင်ဂျီးရီးယားရိုးရာဓလေ့အရ အသစ်စက်စက်ဇနီးမောင်နှံကို ဒေါ်လာတစ်ရာတန် ပိုက်ဆံ များဖြင့် ကြဲခဲ့သလို ပွဲတက်လာသည့် ဧည့်ပရိသတ်ကိုလည်း တန်ဖိုးကြီးမားလွန်းသည့် လက်ဆောင်များ ပြန်လည်ပေးခဲ့ သည်။ Ehi Ogbebor တို့စုံတွဲသည် ဧည့်သည်များအတွက် တစ်စီးလျှင် ဒေါ်လာ ၁၈,၅ဝဝ (ပေါင် ၁၄,ဝဝဝ) တန် တိုယိုတာအမှတ်တံဆိပ် အသစ်စက်စက် ကားနှစ်စီးကို မဲဖောက်ပေးခဲ့ပြီး ကားမဲ မပေါက်သူများအတွက် မိုက်ခရိုဝေ့ဗ် မီးဖိုများအပါအဝင် အခြားတန်ဖိုးကြီး လက်ဆောင် များကို ပေးအပ်ခဲ့ကြသည်။ ကလေးနှစ်ယောက်မိခင် Ogbebor သည် Sayaveth Interiors and Hotel  လုပ်ငန်း၏အမှုဆောင်အရာရှိချုပ်တစ်ဦး ဖြစ်သလို Oboku သည်လည်း အီတလီရေနံနှင့် ဓာတ်ငွေ့ ကုမ္ပဏီ Saipem ၏ အကြီးတန်းရာထူးတစ်ခုကို ရယူထားသည့် ဘီလျံနာတစ်ဦး ဖြစ်သည်ဟု လည်း ဆိုသည်။

 

၎င်းတို့နှစ်ဦး၏ အဆင့်အတန်း မြင့်မားလွန်းသည့် မဂင်္လာပွဲကို နိုဝင်ဘာ ၁၈ ရက် က Benin မြို့ရှိ Esteem Event Centre တွင် ကျင်းပခဲ့ ခြင်းဖြစ်သည်။ အခမ်းအနား မှတ်တမ်းတင် ဓာတ်ပုံများကို သတို့သမီး Ogebor က သူမ၏ အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာပေါ်၌ #ehiken2017 ဟု Hashtag တွဲကာ ဖော်ပြခဲ့ ကြောင်းသိရသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here