နာရီနှင့်ကျောက်မျက်များဖြင့် အလှဆင်ထားသော Harley-Davidson Blue Edition  မိုဒယ် ကမ္ဘာ့စျေးအကြီးဆုံးဆိုင်ကယ်အဖြစ် ရပ်တည်

977

Harley-Davidson နှင့် ဆွစ်ဇာ လန်နာရီ ကုမ္ပဏီ Bucherer  တို့ ပူးပေါင်းဖန်တီးခဲ့သော Harley-Davidson Blue Edition  ဆိုင်ကယ် မိုဒယ်သည် ကမ္ဘာ့စျေးအကြီးဆုံးဆိုင်ကယ် ဖြစ်လာကြောင်း မေ ၁၁ ရက်တွင် professionaljeweller  သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြထားသည်။

Harley-Davidson Blue Edition ဆိုင်ကယ်ကိုပြုလုပ်ရန် တစ်နှစ်ကြာ ဒီဇိုင်းရေးဆွဲခဲ့ရပြီး Bucherer နာရီပြုလုပ်သူရှစ်ဦး က နာရီပေါင်း ၂,၅ဝဝ ကျော် အချိန်ယူကာ ဆိုင်ကယ်တွင်ပါဝင်သည့် နာရီနှင့် ကျောက်မျက်များကို အလှဆင်တပ်ပေးခဲ့ကြောင်း သိရသည်။  Harley-Davidson Blue Edition  ကို ဖန်တီးရာတွင်  Harley-Davidson Softail Slim S ဆိုင်ကယ်ကို ပထမဦးစွာ ကိုယ်ထည်ပုံစံပြောင်းပြီးနောက် လက်ဖြင့် သတ္တုအစိတ်အပိုင်းများကို ဂဟေဆော်တပ်ဆင်ကာ လက်ကိုင်လီဗာ၊ ရေတိုင်ကီအဖုံးနှင့် ခြေနင်းပြား အပါအဝင် အစိတ်အပိုင်းများကို ရွှေဖြင့်အုပ်ပေးထားသည်။ ဆိုင်ကယ်လက်ကိုင်တွင် Bucherer Fine Jewellery Collection  တွင်ပါသည့် Dizzler Rotating Ring တပ်ထားသလို ဆိုင်ကယ်ဖောက်၌ စိန်လက်စွပ်များ၊ ဆီတိုင်ကီဘယ်ဘက်ခြမ်းတစ်ဝက်တွင် ၅ ဒသမ ၄ ကာရက်ရှိ စိန်လက်စွပ်တို့ကို ထည့်သွင်းထားသည်။

ထို့ပြင် Patravi TravelTec II  မိုဒယ်ကို အခြေခံကာ အထူးပြုလုပ်ထားသော လက်ပတ်နာရီတစ်လုံးကိုလည်း ဆိုင်ကယ်အင်ဂျင်အဖုံးပေါ်တွင် မြှုပ်ထားသည်။ အင်ဂျင်အစိတ်အပိုင်းများအလုပ်လုပ်ပုံကို မြင်တွေ့ရန် အတွင်းမှ အပူဒဏ်ခံ LED မီးစနစ်ကို ပထမဆုံး ထည့်သွင်းထားသည့် Harley-Davidson Blue Edition မှာ စုစုပေါင်း ဗြိတိန်ပေါင်စတာလင် ၁ ဒသမ ၃၃ သန်း တန်ကြေးရှိသဖြင့် ကမ္ဘာ့စျေးအကြီးဆုံး ဆိုင်ကယ်ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

Ref : professionaljeweller

LEAVE A REPLY

Please enter your comment!
Please enter your name here