နယ်ဒေသအချို့တွင် ရေကြီးရေလျှံမှုများကြောင့် အရောင်းအဝယ် အေးသွားသည့် ကားစျေးကွက်

1019
Page(Test)

တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသလို နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများသော ကြောင့် ယခုရက်ပိုင်းအတွင်း နယ်အဝယ်များ အဆင်းနည်းသွားခဲ့သည်။ ၁၃ဝဝ စီစီ ဂျပန်ညာမောင်းကားများလည်း ဖြစ်သင့်သည့်စျေးထက် မြင့် တက်နေခြင်းကြောင့် ထိုကားများ၏ အရောင်းအဝယ်လည်း အနည်းငယ် ပြန်အေးသွားသည်။ မိုးတွင်း၌ အရောင်းအဝယ်ကောင်းလေ့ရှိသော Toyota Kluger ၊ Toyota Vanguard ၊ Honda CR-V ၊ Toyota Harrier ၊ Toyota Land Cruiser စသည့်ကားများလည်း အမေးသာရှိပြီး လက်တွေ့အရောင်းအဝယ်ဖြစ်မှု နည်းနေသည်။

‘‘ဒီရက်ပိုင်းမှာ မိုးက တောက်လျှောက်ရွာနေတဲ့အတွက် နယ်အဝယ် ဆင်းတာ နည်းသွားပါတယ်၊ သြဂုတ်လဆန်းမှာ အရောင်းအဝယ်အေး သွားတယ်ဆိုပေမဲ့ ကျပ်သိန်း ၂၅ဝ နဲ့ သုံးရာကြား ကားတွေကတော့ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်ပါတယ်၊ ဂျပန်ညာမောင်းကားတွေက ဖြစ်သင့်တဲ့အတိုင်းအတာထက် စျေးမြင့်တက်နေလို့ အမြင့်ကားတွေ ဆိုရင် အရောင်းအဝယ် တော်တော်လေး အေးတယ်၊ နံပါတ်ထွက်ပြီး သား ၁၃ဝဝ စီစီကားတွေကတော့ အဝယ်ရှိပြီး Honda Fit ကို ပိုပြီးအ မေးများပါတယ်’’ဟု ‘MMM ကားအရောင်းစင်တာ’မှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

ဂျပန်ညာမောင်းကားများ စျေးတောက်လျှောက် မြင့်တက်နေချိန်တွင် Mazda Demio ၂ဝ၁၁၊ ၂ဝ၁၂ မိုဒယ် ရန်ကုန်လိုင်စင်နံပါတ်မြင့်ကို ကျပ် ၁၇၅ သိန်းဝန်းကျင်၊ Toyota Vitz ပုံပြောင်း ၂ဝ၁၁ မိုဒယ်ကို ကျပ်သိန်း ၁၉ဝ ဝန်းကျင်၊ Honda Fit GE6 ၂ဝ၁ဝ မိုဒယ်နဲ့အောက်ကို ကျပ်သိန်း ၁၈ဝ နှင့် နှစ်ရာကြား၊ Toyota Probox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ်သိန်း ၁၈ဝ ဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေသည်။ အမြင့်ကားများထဲတွင် Toyota Kluger ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ငါးရာ ဝန်းကျင် ၊ Toyota Alphard ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၅၂ဝ ဝန်းကျင်၊ Toyota Vanguard ၂ဝ၁ဝ မိုဒယ်ကို ကျပ်သိန်း ၆၅ဝ ဝန်းကျင်တွင် စျေးခေါ်ရောင်းနေကြသည်။

‘‘အရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်ဆိုပေမဲ့ ထင်သလောက်တော့ မရောင်းရပါဘူး၊ စျေးကွက်အကြိုက်ဖြစ်တဲ့ Honda Fit GE6 ၊ Fit Shuttle ၊ Toyota Axio ၊ Toyota Vitz ၊ Toyota Probox ၊ Fit GK3 တို့က ကားအခြေအနေအပေါ်မူတည်ပြီး ကျပ် ငါးသိန်းကနေ ၁ဝ သိန်းကြား စျေးထပ်တက်သွားလို့ အရောင်းအဝယ် အေးသွားပါတယ်၊ အဝယ်ဆင်းတာနည်းနေလို့ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ SKD ကားတွေ ဆိုရင်လည်း အရောင်းအဝယ် နည်းနည်းအေးသွားပါတယ်၊ ၂ဝဝ၃ မိုဒယ်နဲ့အောက် YBS ဘတ်စ်တွေ အပ်နှံခွင့်ပေးပေမဲ့လည်း စျေးကွက်ထဲ ဝင်မလာသေးတဲ့အတွက် ရန်ကုန်လိုင်စင် သက်တမ်းနှစ် နှစ်ဆယ် အမည်ပေါက် စလစ်စျေးက ကျပ်သိန်း ၁၄ဝ အထက်မှာ ငြိမ် နေပါတယ်’’ဟု ‘Soueast Smart Road’မှ မန်နေဂျင်းဒါရိုက်တာ ကိုစိုင်းက ဆိုသည်။

မိုးတွင်းကာလ အရောင်းအဝယ်အေးနေချိန်တွင် ကားအရောင်းပြခန်း များမှ CBU ဖြင့် တင်သွင်းထားသော ကားများကို ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူနိုင်သည့် အခွင့်အရေးအပါအဝင် အရစ်ကျစနစ်အမျိုးမျိုးဖြင့် Promotion ပြုလုပ်ကာ အရောင်းပြပွဲများ ပြုလုပ်ကျင်းပနေသော်လည်း အများစုမှာ ဂျပန်ညာမောင်းကားများကိုသာ အာရုံစိုက်နေကြသည်။ SKD ကားများထဲတွင် Brand သစ်များစွာ ထွက်ပေါ်လာသော်လည်း After-Sales Service အပါအဝင် ကားကြံ့ခိုင်မှုနှင့် မပြင်မဆင်ရဘဲ အသုံးပြုနိုင် မည့် ကီလိုအရေအတွက်ကို စောင့်ကြည့်နေကြခြင်းကြောင့် ထင်သ လောက် အရောင်းအဝယ် မကောင်းသေးပေ။ လူကြိုက်များနေသည့် Suzuzki Ertiga သည်လည်း Pre-Order စနစ်ဖြင့် မှာယူမည်ဆိုပါက လာမည့်နှစ် ဖေဖော်ဝါရီလလောက်မှ ကားရမည်ဖြစ်သောကြောင့် ထို ကားအပေါ်ကိုလည်း အာရုံစိုက်မှု လျော့နည်းနေသည်။ SKD ကားများကို စောင့်ကြည့်နေသူများသောကြောင့် ဂျပန်ညာမောင်းကားများသာ တက် စျေးဖြင့် အရောင်းအဝယ် ဖြစ်နေသည်။

‘‘လူစီးနံပါတ်အနက်ရော၊ တက္ကစီတွေပါ အရောင်းအဝယ် ပြန်အေး သွားပါတယ်၊ နယ်ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် လည်း ပါတယ်၊ တက္ကစီရောင်းကားတွေ ထွက်လာပေမဲ့ အဝယ်သိပ် မရှိပါဘူး၊ ကားစျေးတွေ မြင့်တက်နေတဲ့အချိန်မှာ တချို့ဝယ်/ရောင်းတွေ ကလည်း အရောင်းအဝယ်ဖြစ်ချင်တဲ့အတွက် အမြတ်နည်းနည်းနဲ့ ပြန် ထုတ်ကြတာတွေ ရှိပါတယ်၊ City Taxi မှတ်ပုံတင်တာတွေ ပြီးသွားရင် နယ်လိုင်စင်တက္ကစီတွေကို အကန့်အသတ်တစ်ခုနဲ့ ပြေးဆွဲခိုင်းမလားဆို ပြီး စိုးရိမ်နေကြတဲ့အတွက် နယ်တက္ကစီတွေကတော့ အဝယ်မရှိသလောက် ဖြစ်နေပါတယ်’’ဟု ကားဝယ်/ရောင်း ကိုစန်းဝင်းရှိန်က ဆိုသည်။

ကားအရောင်းစင်တာများမှ Promotion ဖြင့် တင်သွင်းထားသော စတိနံပါတ်ကားများ အရောင်းအဝယ်အေးနေသော်လည်း စလစ်ကပ်ပြီး ရန်ကုန်လိုင်စင်ယူသည့် Brand New ကားများကြောင့် စလစ်စျေးမှာ အမြင့်စျေးတစ်ခုတွင် တည်ငြိမ်နေသည်။ ကညနမှ ၂ဝဝ၃ မိုဒယ်နှင့် အောက် YBS အစီး နှစ်ရာကျော်ကို အပ်နှံခွင့်ပေးခဲ့သော်လည်း စျေး ကွက်အတွင်း ရောက်ရှိမလာသေးသောကြောင့် စလစ်စျေးမှာ အပြောင်း အလဲရှိဦးမည် မဟုတ်ကြောင်း ကားဝယ်/ရောင်းများက သုံးသပ်ထား ကြသည်။

ယခုရက်ပိုင်းအတွင်း စတိနံပါတ်ကားများ အဝယ်အေးနေသော်လည်း စလစ်စျေးမှာ အမြင့်စျေးတွင် တည်ငြိမ်နေပြီး ရန်ကုန်လိုင်စင်နှစ် နှစ်ဆယ် အမည်ပေါက်စလစ်သည် ကျပ် ၁၄၁ သိန်းဝန်းကျင်၊ တိုက်ကြေစလစ် သည် ကျပ် ၁၂၇ သိန်းဝန်းကျင် ေပါက်ေစျးရှိေြကာင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here