ဓာတ်ဆီဆိုင်(တိုင်/ပန့်)များကို ယုံကြည်ရမည်လား

137
Page(Test)

 

ကားပိုင်ရှင်များ၊ ဒရိုင်ဘာများ ကားပေါ်တက်ထိုင်ရင်း ခွေကိုင်၊ ဘရိတ် နင်း(စမ်း)၊ ဒက်ရှ်ဘုတ်ကြည့် သော့ဖွင့်လိုက်သည်နှင့် ဒက်ရှ်ဘုတ်ရှိ ပုံမှန် လင်းရမည့် မီးများလင်းမှ ထိုသူ စိတ်ချမ်းသာခြင်း ပထမအဆင့် အောင်မြင် သွားသည်ဟု စိတ်အေးသွားရရှာသည်။ ဒက်ရှ်ဘုတ်မှ မီး၊ သို့မဟုတ် ဒစ်ဂျစ်တုံးငယ်များ၊ သို့မဟုတ် မီတာမှ မြားတစ်ခုခုနှင့် ပြသသည့် ကားတိုင်ကီအတွင်း ဓာတ်ဆီလက်ကျန် များ၏/သင့်၏/နည်း၏ကို စစ်ဆေးလေ့ ရှိကြသည်။
ကိုယ်သုံးနေကျကားဖြစ်ပြီး ဓာတ်ဆီ Level နည်းနေသည်ဟု ယူဆ လျှင် အမျိုးမျိုးသော အကြောင်းများထဲမှ နောက်ဆုံးဓာတ်ဆီထည့်ခဲ့သည့် ဆိုင်(တိုင်)သည် ခေါင်းထဲသို့ သို့လော သို့လော အတွေးများ ဝင်ရောက် လာတတ်ကြတော့သည်။ စံချိန်ကိုက် ပုံမှန် ဆောင်ရွက်ထားသော တိုင်များမှ လောင်စာဆီဖြည့်စွက်ခဲ့လျှင် မိမိကားတိုင်အတွင်း သတ်မှတ် ဝယ်သည့် ဂါလန်၊ သို့မဟုတ် လီတာထက်အပေါ်တွင် ဝ ဒသမ ၃ ရာခိုင်နှုန်းအထိ ပိုမိုရရှိလာတတ်သည်ကိုမူကား စဉ်းစားလိမ့်မည် မဟုတ် ကြခြင်းသည် တိုင်၏အကြောင်းအနည်းငယ် ပိုမသိသေး၍ ဖြစ်ပေလိမ့်မည်။
ဓာတ်ဆီ ၁ဝ ဂါလန် သင်ဝယ်လိုက်ပြီဆိုသည်နှင့် သင်ပေးရမည့် ငွေနှင့်ကိုက်ညီမည့် ဓာတ်ဆီပမာဏအောက်လျော့၍ သင်ရရှိဖို့ရန်များ သည်။ ဓာတ်ဆီပန့်တိုင်များ၏ ပိုက်များမှ ထုတ်လုပ်ရောင်းချပေးသည့် ဓာတ်ဆီပမာဏ (ဂါလန်၊ သို့မဟုတ် လီတာ) အတိအကျကို သင်ရရှိ ခဲ့မည်ကို ဆွေးနွေးကြည့်ကြပါစို့။ လောင်စာဆီ ရောင်းချသော တိုင်များမှ မည်မျှ တိတိကျကျ သင့်ကားတိုင်ကီထဲသို့ ထည့်ပေးလိုက်နိုင်မည်နည်း။ (မှတ်ချက်။ ဤဆောင်းပါးသည် ရောင်းသူ၊ ဝယ်သူတို့၏ မသမာသော ဆောင်ရွက်ချက်များနှင့် မသက်ဆိုင်ပါ)။
အခြေခံအားဖြင့် အပိုအလို (0.3%), ( ± 0.3%) ဖြစ်သည်။ ပုံမှန် အတိုင်းရောင်းချမှု အတိုင်းအတာအတွက် အတိအကျ ချို့ယွင်းချက်မရှိ၊ ချို့ယွင်းချက်သုည(Zero Error)ဖြင့် သင်ရရှိသင့်သည်။ အချို့သော ဆိုင် အချို့သော အချိန်အခါများတွင်သာ ရံဖန်ရံခါဝယ်ယူသော ပမာဏ အတိုင်းအပိုအလိုမရှိ အတိအကျရရှိနိုင်မည်ဖြစ်သည်။ ဆိုင်(တိုင်)အများစု မှာ 0.1% မှ 0.3% အထိ လက်တွေ့ကျကျ သုညအမှား(ဇနမသ နမမသမ)အရ အတိအကျ အတိုင်းအတာမှ ကွာဟနေပေလိမ့်မည်။ 0.1% မှ 0.3% ဟုဆိုရာတွင် အလိုအပို နှစ်ဖက်စလုံးအတွက်ဖြစ်သည်။ ချိန်ကိုက်ရာတွင် အတိအကျသာ အဓိကထားပြီး ရောင်းဝယ်နေရပါက တစ်နေကုန်သည့် တိုင် ဓာတ်ဆီသည် တိုင်ကီထဲသို့ရောက်ရှိလာပေတော့မည် မဟုတ်ပေ။ ထို့ကြောင့် ချိန်ကိုက်သည်ဆိုရာဝယ် အတိုင်းအတာတစ်ခုအထိ ဝယ်သူ၊ ရောင်းသူ လက်ခံရမည့်ချိန်ကိုက်မှု စံယူမှုပင်ဖြစ်သည်။
ထုံးစံအတိုင်း ပန့်များ၏ ထုတ်ပိုက်ဂေါက်များမှ စံချိန်ကိုက်မှု အလုပ် သည်၊ ဈေးသည်များ အချိန်ကုန်ခံကာ ချိန်ခွင်ကိုပြင်နေမည့် အစား အလေး(တင်း)ပိုးလိုက်ပြီး ချိန်ခွင်ဘောင် ပိတ်အောင် ဆောင်ရွက်လိုက်သည့် အလုပ်နှင့် ဆင်တူတော့သည်။ အမှားကင်းစင်ချို့ယွင်းမှုသုည(Error Zero)ဝန်းကျင်အတွင်း ± 0.1% ~ 0.3% စံချိန်ဝင်လျှင် လက်ခံကြရသည့် အဆင့်ဖြစ်သည်။ အလေးချိန်အတိုင်းအတာများကို တရားဝင်ထိန်းသိမ်း (သူ)အဖွဲ့အနေဖြင့် စည်းမျဉ်း၊ စည်းကမ်းနှင့် ညီမညီ ပန့်များကို အခါအား လျော်စွာ စစ်ဆေးမှုများလည်း ပြုလုပ်ကြရသည်ချည်း ဖြစ်သည်။
အကယ်၍ ၁ဝ ဂါလန်ဟု သတ်မှတ်ပြီး ကားတစ်စီးကို ဖြည့်ပေးလိုက် လျှင် ဝယ်ယူသူ၏ကားတိုင်ကီအတွင်းသို့ ၉ ဒသမ ၉၇ ဂါလန်မှ ၁ဝ ဒသမ ၃ ဂါလန်အကြား ရောက်ရှိခဲ့လျှင် သတ်မှတ်ချက်အတိုင်း ဘောင်ဝင်သည်ဟု ဆိုရပေမည်။ ဆိုလိုသည်မှာ ဝ ဒသမ ၃ ဂါလန် လျော့ရသည်မှ ဝ ဒသမ ၃ ဂါလန် ပိုမိုရရှိခဲ့ခြင်းကို လက်ခံကျေနပ်ခြင်း၊ သတ်မှတ်ခြင်း နှစ်ဦးနှစ်ဖက် လက်ခံကြရမည်ဖြစ်သည်။ ထိုသတ်မှတ် ချက်မှ ဝယ်သူ၊ ရောင်းသူ လက်ခံနိုင်သည့် ပမာဏသည်၊ ပိုခြင်း/လျှော့ခြင်း သည် (၁ဝ ဂါလန်သတ်မှတ်ကြခြင်းအပေါ်၊ စားပွဲဇွန်း ရှစ်ဇွန်းပမာဏ သာ ဖြစ်သဖြင့် လျော့ရသည်ဖြစ်စေ၊ ပိုရလာသည်ဖြစ်စေ)ထူးခြားလှ သည့် ပမာဏတော့မဟုတ်ပေ။
ဓာတ်ဆီဆိုင်(တိုင်)နှစ်တိုင်ခွဲ၍ အမျိူးတူ၊ အရည်အသွေးတူ၊ ဓာတ်ဆီ ဆတူ၊ ပမာဏတူကို မိမိကားတိုင်ကီအတွင်းသို့ ဖြည့်လိုက်ခြင်းက သတ်မှတ် စံချိန်စံညွန်းပမာဏ(ဂါလန်)ထက်ပို၍ ရနိုင်မည်ကို သိရှိသင့်သည်။ အနိမ့်ဆုံးအနေဖြင့် ဆိုင်နှစ်ဆိုင်မှ ဆီဖြည့်ပြီးသည်နှင့်ဝယ်လိုသော ဂါလန် အတိအကျရနိုင်မည်။
ပန့်ကိုင်သူမှ ဝ ဒသမ ၂ ရာခိုင်နှုန်းအတွင်း ကျရောက်စေရန် သီအိုရီအရ ဇယားဖတ်ရမှု၏ ၉၉ ရာခိုင်နှုန်းအထိ အတိအကျ အလို ရှိပါက ဝ ဒသမ ၁ ရာခိုင်နှုန်းကို ချိန်ဖမ်း/ချိန်ကိုက်ရမည်ဖြစ်သည်။ သို့မှသာ အမှားအယွင်းသည် အနုတ် ဝ ဒသမ ၃ နှင့် အပေါင်း ဝ ဒသမ ၁ ရာခိုင်နှုန်းအကြား ကျရောက်ကာ လောင်စာဆီ ဖြန့်ဖြူးမှုအတွက် ပုံတွင်ပြထားသည့် မျဉ်းကွေးမျဉ်းအစိမ်းရောင်နှင့် ကိုက်ညီသွားပေလိမ့်မည်။
ဤကဲ့သို့ ဖြစ်ရပ်မျိုးတွင် ဝ ဒသမ ၉၇ နှင့် ၁ဝ ဒသမ ဝ၃ ဂါလန် အကြား ကျရောက်၍ သတ်မှတ်ချက်နှင့် ကိုက်ညီအောင်မြင်စွာ အလုပ်ပြီး မြောက် ရောင်းချခြင်းမျိုးမည်ပေမည်။ ၁ဝ ဂါလန်သတ်မှတ်လျှင် ၉ ဒသမ ၉၇ နှင့် ၁ဝ ဒသမ ဝ၁ ဂါလန်အတွင်း ဖတ်မှတ်ရသင့်သည်။
အမှန်၊ သို့မဟုတ် အမှား သုညနှင့် နှိုင်းယှဉ်လျှင် ပျမ်းမျှအားဖြင့် ဝ ဒသမ ၂ အောက် ဖြန့်ဖြူး ရောင်းချပေးသင့်လှသည်။ ဆိုင်(တိုင်) မီတာဖတ်ရမှုအောက် အနည်းငယ်လျော့သော ပမာဏကို ဝယ်ယူသူမှ ရရှိသွားနိုင် မည်မှာ ဖတ်/မှတ်သော အကြိမ်ပေါင်း၏ ၇၅ ရာခိုင်နှုန်း ဖြစ်နေမည်မှာ သေချာသည်။ ဝယ်ယူလိုက်သော ဓာတ်ဆီပမာဏသည် မရိုးမဖြောင့်မသမာသော သူခိုးစိတ်ဖြင့်ပန့်ကိုင်သူ ရှားမည် မဟုတ်သည် ကိုလည်း သိထားသင့်သည်။ ထိုထိုသော အကြောင်းအမျိုးမျိုးတို့ကြောင့် အနောက်တိုင်းနှင့် ဥရောပနိုင်ငံများတွင် တစ်နှစ်လျှင် ဒေါ်လာသန်းချီ တန်သော လောင်စာဆီကို သုံးစွဲသည့် အဖွဲ့အစည်းများအနေဖြင့် ဒေါ်လာ နှစ်ထောင်မကသော ငွေကြေးပမာဏအထိ လောင်စာဆီဆိုင်(တိုင်)များမှ အပိုငွေကို ရရှိနေကြခြင်းဖြစ်သည်။ ထိုငွေသည် တိကျစွာ အလုပ်လုပ်သော ပန့်မီတာ အသစ်တစ်လက် ဝယ်ယူနိုင်လောက်သည်ကို တွေးဆမိတိုင်း . . .

LEAVE A REPLY

Please enter your comment!
Please enter your name here