ဓာတ်ဆီကား ထုတ်လုပ်ခဲ့တဲ့ ပထမဦးဆုံး အမေရိကန်ကားကုမ္ပဏီအကြောင်း တစေ့စောင်း

913

ဓာတ်ဆီစွမ်းအင်အသုံးပြုတဲ့ မော်တော်ကားတွေကို ပထမဦးဆုံး ထုတ်လုပ်ခဲ့တဲ့ အမေရိကန် ကားထုတ်လုပ်ရေး ကုမ္ပဏီကိုပြောပါဆိုရင်တော့ ၁၈၉၅ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ စပရင်းဖီးမြို့မှာ စတင်တည်ထောင်ခဲ့တဲ့ Duryea Motor Wagon ကုမ္ပဏီလို့ ဆိုရပါလိမ့်မယ်။ Charles Duryea နဲ့ သူ့အစ်ကို Frank တို့ရဲ့ Duryea Motor Wagon ကုမ္ပဏီကနေ မြင်းကောင်ရေလေးကောင်အား ဆလင်ဒါ တစ်လုံးထိုးအင်ဂျင် တပ်ဆင်ထားတဲ့ Duryea Motor Wagon ကားအမျိုးအစားကို ပထမဦးဆုံး စတင်ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီကားအမျိုးအစားကို ၁၈၉၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်က စပရင်းဖီးမြို့မှာ စတင်မိတ်ဆက်ပြသခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ အောင်အောင်မြင်မြင် ထုတ်လုပ်ခဲ့တဲ့ ပထမဦးဆုံး ဓာတ်ဆီအင်ဂျင်တပ် မော်တော်ကားလို့ ဆိုနိုင်ပါတယ်။

Frank ဟာ ၁၈၉၄ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ ဒုတိယမြောက် ဓာတ်ဆီစွမ်းအင်သုံး Duryea ကား အမျိုးအစားနဲ့ ရှီကာဂိုမြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဦးဆုံးမော်တော်ကားမောင်းပြိုင်ပွဲ Chicago Times Herald မှာ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ Frank ဟာ တစ်နာရီကို ၇ ဒသမ ၅ မိုင်နှုန်းနဲ့ ခရီးမိုင်စုစုပေါင်း ၅၄ မိုင် (၈၇ ကီလိုမီတာ) မောင်းနှင်ခဲ့ပါတယ်။ ၁၈၉၅ ခုနှစ်မှာပဲ Frank တို့ ညီအစ်ကိုနှစ်ဦးဟာ ဓာတ်ဆီစွမ်းအင်သုံးကားတွေကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချခဲ့ပြီး ၁၈၉၆ ခုနှစ် ကုန်ပိုင်းမှာတော့ အစီးရေ ၁၃ စီးအထိ ရောင်းချနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Frank တို့ ညီအစ်ကိုနှစ်ဦးဟာ ငွေကြေး အငြင်းပွားမှုကြောင့် သီးခြားစီ ရှေ့ဆက်ခဲ့ကြသလို ၁၉၂၇ ခုနှစ်အထိ Frank က လက်နက်ခဲယမ်းတွေထုတ်လုပ်တဲ့ Stevens ကုမ္ပဏီနဲ့ ပူးပေါင်းပြီး Stevens-Duryae ကားအမျိုးအစားတွေ ထုတ်လုပ်ခဲ့ပါတယ်။ Charles ကတော့ ၁၉၁၇ ခုနှစ်လောက်အထိ Duryae ကားတွေကို ဆက်ထုတ်ခဲ့ပါတယ်။ Charles ဟာ ၁၉ဝဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ အဂင်္လန်နိုင်ငံ၊ ရိဒင်းမြို့ကို ပြောင်းရွှေ့အခြေချခဲ့ပြီးနောက်ပိုင်း Sternbergh ဆိုသူနဲ့ ပူးပေါင်းပြီး မော်တော်ကား တွေ ထုတ်လုပ်ခဲ့ပါတယ်။ ၁၉ဝ၂ ခုနှစ်မှာတော့ တစ်နာရီ မိုင်နှစ်ဆယ်နှုန်းလောက်အထိ မောင်းနိုင်တဲ့ သုံးဘီးတပ်၊ ဆလင်ဒါသုံးလုံးထိုး ဓာတ်ဆီစွမ်းအင်သုံး Duryae ကားတွေကို တစ်ပတ်တစ်စီး ထုတ်လုပ်ခဲ့ပါတယ်။ ၁၉ဝ၅ ခုနှစ်မှာ တစ်နှစ်ကို ကားအစီး ခြောက်ဆယ်လောက် ထုတ်လုပ်နိုင်ခဲ့ပေမဲ့ ရှယ်ယာရှင်တွေအကြား မပြေလည်မှုကြောင့် ၁၉ဝ၇ ခုနှစ်မှာ လုပ်ငန်းပြိုလဲခဲ့ရပါတယ်။

၁၉၁၆ ခုနှစ်မှာ Charles က မော်တော်ကားမကျ၊ မော်တော်ဆိုင်ကယ်မကျ Duryae GEM ယာဉ်အမျိုးအစား သစ်ကိုထုတ်လုပ်ခဲ့ပါတယ်။ မော်တော်ကားလို  ငြိမ့်ညောင်းတည်ငြိမ်ပြီး မော်တော်ဆိုင်ကယ်လို ထိန်း ချုပ်ရတဲ့စနစ်က ရိုးရှင်းလွယ်ကူတဲ့ Duryae GEM ကို ထုတ်လုပ်ဖန်တီးဖို့ ဒေါ်လာ ၂၅ဝ တည်း ကုန်ကျခဲ့တာပါ။ ထုတ်လုပ်မှုစရိတ်သက်သာပေမဲ့ ဓာတ်ဆီတစ်ဂါလန်ကို ခရီးမိုင်  ၆၅ မိုင်အထိ မောင်းနှင်သွားလာနိုင်ပါတယ်။ ဒါပေမဲ့ ရင်းနှီးငွေ မလုံလောက်ခဲ့တဲ့အတွက် Duryae GEM ကို အစီးရေ ခြောက်စီးတည်း ထုတ်လုပ်နိုင်ခဲ့သလို Duryae GEM ဟာ Charles Duryae ထုတ်လုပ်ခဲ့တဲ့ နောက်ဆုံးမော်တော်ကားအမျိုးအစားလည်း ဖြစ်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here