ဓာတ်ဆီကားများမှ Spark Plug ပြသနာများ

277

 

ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ မီးပေးစနစ်နဲ့ ဆီပို့စနစ်မှန်နေမှ အင်ဂျင် ပုံမှန် အလုပ်လုပ်နိုင်ပါတယ်။ မီးနဲ့ဆီ မမှန်ရင် အင်ဂျင်စက်သံ မမှန်တဲ့အပြင် အင်ဂျင်ဆွဲအားလည်း ကျသွားပါတယ်။ မီးစနစ်မှာပါတဲ့ Spark Plug တွေကတော့ အရေးကြီးဆုံးပါပဲ။ ပလပ်(Plug)ပြသနာကြောင့် ကား စက်နှိုးမရတာ၊ အင်ဂျင် Misfire ဖြစ်တာ၊ အင်ဂျင်ဆွဲအား မကောင်း တာ၊ Slow မှာ အင်ဂျင်တုန်နေတာ၊ လီဗာနင်းသလောက် ကားမဆွဲ တာ၊ ခါတိုင်းထက် ဆီစားများနေတာ၊ မကြာခဏ စက်သေသွားတာ၊ စက်သံမမှန်ဘဲ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေတာ ဒီလိုမျိုး အဆင်မပြေမှုတွေ ကို ကားဆရာတွေ မကြာခဏ ရင်ဆိုင်နေကြရပါတယ်။ ဒီကြားထဲ အင် ဂျင်မမှန်တဲ့ ပြသနာက ဆီကြောင့်လား၊ မီးကြောင့်လား ဝေခွဲမရဖြစ် တတ်ပါသေးတယ်။ ဘာပဲပြောပြော ကားမကောင်းရင် စိတ်ညစ်ရတာ ကတော့ ယာဉ်မောင်းတွေပါပဲ။

ပလပ်(Plug)တစ်လုံး မီးပွားပွင့်ဖို့ အလွန်မြင့်မားတဲ့ ဗို့အား(High Voltage))ကို Ignition Coil က ထုတ်ပေးပါတယ်။ ပလပ်ထိပ်က Centre Electrode နဲ့ Ground Electrode တို့ကြား Gap ဖြစ်နေပါတယ်။ ပလပ်ထိပ်ငုတ်နှစ်ခုကြားမှာ လျှပ်စစ်ခုန်ကူးဖို့ ဗို့အားအနည်းဆုံး ငါးထောင် ကနေ အများဆုံး ဗို့အား ၂၈ဝဝဝ အထိ လိုအပ်ပါတယ်။ မြင့်မားတဲ့ လျှပ်စစ်ဗို့အားဟာ Electrode ငုတ်နှစ်ခုကြား လေထဲမှာ ခုန်ကူးတာ ကြောင့် မီးပွား(Spark)ဖျန်းခနဲ ပွင့်သွားပါတယ်။

မီးပွားပွင့်မှ လေနဲ့ လောင်စာဆီ အရောအနှောကို မီးလောင်ပေါက်ကွဲ စေနိုင်ပါတယ်။ ကွိုင်က ဗို့အားနည်းရင် မီးပွားအားမကောင်းပါဘူး။ Plug ထိပ်မှာပွင့်တဲ့ မီးပွားအားကောင်းမှ အင်ဂျင်ထဲမှာ ပေါက်ကွဲအားကောင်း ပါတယ်။ လောင်စာတွေ အပြည့်အဝ လောင်ကျွမ်းနိုင်ပါတယ်။
ပစ္စတင် တစ်လုံးဟာ အင်ဂျင်ထဲမှာ အထက်/အောက် တက်လိုက်၊ ဆင်းလိုက် လှုပ်ရှားနေပါတယ်။ 4 Stroke အင်ဂျင်မှာ ကရိုင်းရှပ်နှစ်ပတ် လည်မှ ပါဝါတစ်ကြိမ်ရပါတယ်။ ပလပ်မီးပွား ပွင့်ပေးတဲ့အချိန်က ပစ္စတင် TDC (Top Dead Centre)မရောက်ခင် ဒီဂရီ အနည်းငယ်အလိုမှာ ဖြစ် ပါတယ်။
မီးပွင့်တာ အရမ်းစောလွန်းရင်(Over Advanced Timing) မီးခေါက်သံ ထွက်လာပြီး အင်ဂျင်ကို ပျက်စီးစေနိုင်ပါတယ်။ ပစ္စတင်က ထိပ်ဆုံးတောင် မရောက်သေးဘူး။ မီးလောင်ပေါက်ကွဲအားကြောင့် Compression Stroke မှာ တက်လာတဲ့ ပစ္စတင်ကို ရိုက်ချသလို ဖြစ်သွားပါတယ်။ နောက်တစ်မျိုးက မီးတိုင်မင် နောက်ကျလွန်းတာလည်း မကောင်းပါဘူး။ ပါဝါ ရသင့်သလောက် မရပါဘူး။ မီးတိုင်မင် မှန်အောင် ထိန်းချုပ်တဲ့ အလုပ်ကို ခေတ်ဟောင်းကားတွေမှာ ဒစ်စတြီဗြူတာက လုပ်ပေးပါ တယ်။ ခေတ်ပါ်ကားတွေမှာတော့ ကွန်ပျူတာနဲ့ Ignition Module က မီးတိုင်မင်ကို ထိန်းချုပ်ပေးပါတယ်။

Spark Plugs ပြသနာများ
အင်ဂျင် စက်နှိုးကြည့်တယ်။ Starter မိုတာ ဆွဲတယ်။ ဒါပေမဲ့ စက်မနှိုးဘူး ဖြစ်နေတယ်။ ပထမဆုံး ပလပ်တွေကို စစ်ကြည့်ပါ။ ပလပ် လေးလုံးစလုံး ဘာမီးမှ မပွင့်ဘူးဆိုရင်တော့ မီးပေးစနစ်(Ignition System)မှာ ပြသနာရှိနေလို့ပါပဲ။ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်အစိတ်အပိုင်း မှာ အပြစ်ရှိတာလဲ၊ ကွိုင်လား၊ Ignition Module မှာလား၊Crank ဆင်ဆာလားစတဲ့ အားနည်းချက်ရှိတဲ့ နေရာကို ရှာတွေ့ရင် ပြုပြင် အစား ထိုးလဲပေးရတာ မခက်ပါဘူး။
အင်ဂျင်စက်နှိုးတယ်၊ ဒါပေမဲ့ စက်သံ မမှန်ဘူး။ Misfire ဖြစ်နေ တယ်။ ပလပ်တွေစုံအောင် မလုပ်တာလား။ ပလပ်တစ်လုံး ညာနေတာ လား။ ပလပ်ဆီရိုက်ပြီး ညစ်ပတ်နေတာလား။ ပလပ်ကြိုးတွေ မကောင်း တာလား၊ ပလပ်ငုတ်တွေ မီးစားပြီး Gap ကျယ်နေတာလား ဆိုတာ ပလပ်တွေ ဖြုတ်စစ်ကြည့်ရမယ်၊ ပလပ်ကြိုးတွေ စစ်ကြည့်ရမယ်။
ပလပ်ထိပ်ဖျားနဲ့ အတွင်းပိုင်းမှာ ကာဗွန်ဂျိုး(ချိုး)တွေ အင်ဂျင်ဝိုင် တွေနဲ့ ညစ်ပတ်နေရင် ဒီပလပ်ကို ဆေးကြောသန့်စင်ကြည့်ပါ။ ညစ်ပတ် နေတဲ့ ပလပ်တစ်လုံးဟာ မီးပွားပွင့်တာ မကောင်းတတ်ပါ။ Plug Gap ကျယ်နေရင်လည်း မီးကူးမကောင်းပါ။ ပလပ်ငုတ်နှစ်ခုကြားမှာရှိတဲ့ Gap အကွာအဝေးက သတ်မှတ်ချက်အတွင်းမှာ ရှိသင့်ပါတယ်။ စံအဖြစ် သတ် မှတ်ချက်က ဝ ဒသမ ဝ၂၈ လက်မကနေ ဝ ဒသမ ဝ၃၄ လက်မ ဖြစ်ပါတယ်။ ပလပ်ငုတ်ထိပ်(Electrode)ကလေးတွေကို တာရှည်အပူခံတဲ့ သတ္တုနဲ့ ပြုလုပ်ထားပေမဲ့ ကြာလာရင်တော့ မီးစားပြီး ငုတ်တွေ တိုသွား တတ်ပါတယ်။ Gap ကျယ်တဲ့ ပလပ်တွေကို သန့်ရှင်းပြီး ပလပ်ငုတ်အကွာ အဝေးကို ချိန်ညှိပေးနိုင်ပါတယ်။

ညစ်ပေနေတဲ့ ပလပ်ပြသနာ
ပုံမှန်မီးပွင့်ပြီး အလုပ်လုပ်နေတဲ့ ပလပ်တစ်လုံးဟာ အမြဲ သန့်ရှင်း နေတတ်ပါတယ်။ အင်ဂျင်အခြေအနေ ကောင်းတဲ့ကား (အင်ဂျင်မကျ သေးတဲ့ကား)မှာ ပလပ်တွေ ခဏလေးနဲ့ ညစ်ပတ်နေတာမျိုး မဖြစ်တတ် ပါဘူး။ ပလပ်ဆီရိုက်ပြီး ညစ်ပေနေပြီဆိုရင်တော့ အင်ဂျင်ကျနေလို့ပါပဲ။ အင်ဂျင်သုံးတာ နှစ်ကြာလာရင် ပစ္စတင်ရင်းတွေ၊ စလစ်တွေ စားပြီး ချောင်လာမယ်။ အင်ဂျင်ဝိုင် အထက်ကိုတက်ပြီး အင်ဂျင်ဝိုင် မီးခိုးဖြူတွေ ထွက်နေတဲ့ ကားမှာ ပလပ်တွေ ညစ်ပေနေတတ်ပါတယ်။
ပလပ်တိုင်ငုတ် ခြေရင်းနားမှာ ကာဗွန်ချိုးတွေ၊ ဆီချိုးတွေကပ်ပြီး ညစ်ပတ်နေရင် ပလပ်မီးပွားပွင့်တာ မမှန်နိုင်တော့ပါဘူး။ Misfire ဖြစ်ပြီး အင်ဂျင်စက်သံမမှန်ဘဲ ကားဆွဲအားလည်း ကျသွားတတ်ပါတယ်။ ညစ်ပေ နေတဲ့ Plug ဟာ Preignition ဖြစ်ပြီး မီးခေါက်သံ ထွက်လာတတ် ပါတယ်။
ပလပ် ညစ်ပေစေတဲ့ တခြားအကြောင်းတရားတွေ ရှိပါသေးတယ်။ အင်ဂျင်ဝိုင်ဟာ ပလပ်ညစ်ပေစေတဲ့ အဓိကတရားခံပါပဲ။ ကျနေတဲ့ အင် ဂျင်တစ်လုံးမှာ ဗားဆီး၊ ဗားဂိုက်(Valve Guide)တွေစားပြီး ချောင်နေ တတ်ပါတယ်။ ဗားတံကြားထဲကနေ အင်ဂျင်ဝိုင်တွေ ယိုစိမ့်ပြီး Combustion Chamber ထဲ ရောက်လာပါတယ်။ ဒီဆီတွေကြောင့် ပလပ် ဆီရိုက်ပြီး ညစ်ပတ်နေတာပါ။
နောက်တစ်ချက်က ဆီများတဲ့ အချိုးအစား(Rich Fuel Mixture) ကြောင့်ပါပဲ။ ဆီများရင် အပြည့်အဝ လောင်ကျွမ်းမှုမဖြစ်ပါဘူး။ လောင်စာ ဆီ အကုန်မလောင်တဲ့အတွက် ပလပ်မှာ ဂျိုး(ချိုး)သွားကပ်ပါတယ်။ ဆီ များတဲ့အပြစ်က ခေတ်ဟောင်းကားတွေမှာ ကာဗရိုက်တာ မကောင်းလို့ပါ။ ခေတ်ပေါ်ကားတွေမှာတော့ Injector မကောင်းလို့ပါ။ Pressure Regulator မကောင်းရင်လည်း ဆီလိုင်းထဲမှာ ဆီဖိအားများနေပြီး Injector ထိပ်မှာ ဆီယိုစိမ့်နေတတ်ပါတယ်။ အောက်ဆီဂျင် ဆင်ဆာ မကောင်း ရင်လည်း ဆီများတတ်ပါတယ်။
အင်ဂျင် Head Gasket မလုံရင်လည်း Combustion Chasmber ထဲကို ရေတွေ၊ အင်ဂျင်ဝိုင်တွေ ရောက်လာနိုင်ပါတယ်။ စိမ့်ဝင်လာတဲ့ ရေတွေ ဆီတွေကြောင့် Plug ညစ်ပတ်စေပါတယ်။ ညစ်ပတ်နေတဲ့ ပလပ်၊ ဆီရိုက်ပြီး ကာဗွန်ချိုးတက်နေတဲ့ ပလပ်ကို ဆေးကြောသန့်ရှင်း ပြန်သုံးနိုင်ပါတယ်။ ဒါပေမဲ့ ပလပ်ညစ်ပေစေတဲ့ အကြောင်းတရားတွေ ကို မပြင်ပေးနိုင်သေးရင်တော့ ပလပ်ဆီရိုက်တဲ့ ပြသနာက မကြာခဏ ဆက်ပြီး ဖြစ်နေဦးမှာပါပဲ။
Heat Range ကိုလိုက်ပြီး အပူပလပ်(Hot Plug)နဲ့ အအေးပလပ် (Cold Plug)ဆိုပြီး ခွဲခြားထားပါတယ်။ ပလပ် ထုတ်လုပ်သူတွေက အင်ဂျင်အမျိုးအစားနဲ့ အသုံးပြုရမယ့် နေရာကိုလိုက်ပြီး ပလပ်တွေကို အမျိုးမျိုး ခွဲခြားထုတ်လုပ်ပါတယ်။ ပလပ်တီနမ် ပလပ် (Platinium Plug)နဲ့ အိုင်ရစ်ဒီယမ်ပလပ်(Iridium Plug)တွေကတော့ သတ္တုအကောင်း စားတွေနဲ့ လုပ်ထားတာဖြစ်လို့ မီးစားတဲ့ဒဏ်၊ အပူဒဏ်ကို ခံနိုင်ရည် ရှိတယ်။ သာမန်ပလပ်တွေထက် သက်တမ်းနှစ်ဆ၊ သုံးဆလောက် ပိုပြီး တာရှည်အသုံးခံတယ်။
မော်တော်ယာဉ် ထုတ်လုပ်သူတွေကတော့ ပလပ်အစားထိုးလဲ လှယ်သင့်တဲ့အချိန်ကို ပိုင်ရှင်လက်စွဲစာအုပ်မှာ ဖော်ပြထားပါတယ်။ ကားမှာပါတဲ့ မူလအော်ရီဂျင်နယ်ပလပ် အမျိုးအစားကတော့ ဒီကား အင်ဂျင်အတွက် အကောင်းဆုံးပါပဲ။ ပလပ်အသစ်လဲပေးဖို့ လိုအပ်လာ ရင် မူလအမျိုးအစားအတိုင်း ရှာလဲပါ။ Brand တူ အမျိုးအစားမရမှ အရည်အသွေးအကောင်းဆုံး ပလပ်ကိုသုံးပါ။ သာမန်ပလပ်တွေကတော့ ခရီးမိုင် သုံးသောင်းလောက်သုံးပြီးရင် တစ်ခါလဲသင့်ပါတယ်။ ပလပ်တီနမ် ပလပ်လို အကောင်းစားသုံးထားရင်တော့ ခရီးမိုင်ရှစ်ထောင်ကနေ တစ်သောင်းနီးပါးသုံးပြီးမှ ပလပ်အသစ်ပြန်လဲပေးပါ။
သတ်မှတ် သက်တမ်းကာလမတိုင်မီ ပလပ်လဲပေးဖို့အကြောင်းတွေ လည်း ရှိလာနိုင်ပါတယ်။ Misfire ဖြစ်နေတဲ့ ပလပ်တစ်လုံးဟာ ဆေးကြောသန့်ရှင်းပြီး ပြန်သုံးကြည့်ပါ။ မကောင်းရင်တော့ အသစ်လဲတာ အကောင်းဆုံးပါပဲ။
ပလပ်မဖြုတ်ခင် ပလပ်နားတစ်ဝိုက်ကို လေမှုတ်သန့်ရှင်းပါ။ WD-40 ဆေးရည်ဖျန်းပြီး ၁၅ မိနစ်လောက် ခဏစောင့်နေပါ။ ပြီးမှ ပလပ် ဘောက်စပန်နာသုံးပြီး ပလပ်ကိုဖြုတ်ပါ။ အင်ဂျင်ဟတ်(Head) နှစ်မျိုး ရှိပါတယ်။ အလူမီနီယမ်ဟတ်နဲ့ သံကြွပ်ဟတ်ပါ။ ပလပ်အထိုင်အ တွင်း အရစ်တွေမနာအောင် အဖြုတ်/အတပ် သတိထားပါ။
သတ်မှတ် ပေါင်ဂိတ်ကိုသုံးပါ။ Torque-Wrench သုံးပြီး ပလပ် အရစ်ကို ကျပ်ပါ။ ၁၄ မီလီမီတာပလပ်အတွက် တင်းကျပ်ပေးသင့်တဲ့ Torque ပမာဏက 26 to 30 ft-lb (သံကြွပ် Head အတွက်ပါ)၊ အလူ မီနီယမ် Head အတွက်ဆိုရင် (22 ft-lb)လောက်ပဲ ကျပ်သင့်ပါတယ်။ လှည့်အားများသွားရင် အလူမီနီယမ် အရစ်ပျက်သွားတတ်ပါတယ်။ (18 mm) Plug အတွက်ဆိုရင်တော့ သံကြွပ် Head ကို တင်းအား(36 ft-lb) လောက်ထားပါ။ အလူမီနီယမ် Head ဆိုရင် (30 ft-lb) လောက်ဆိုရင် ရပါပြီ။
ပလပ်အရစ်တွေက ညာကျပ်ဖြစ်ပါတယ်။ ပလပ်ပြန်တပ်ရင် အရစ်မှာ အင်ဂျင်ဝိုင်ပါးပါးလေး သုတ်ပေးပြီးမှတပ်ပါ။ ပလပ်တွေကောင်းပြီး ပလပ် ကြိုးတွေလည်း ကောင်းဖို့လိုပါတယ်။ ပလပ်ကြိုးမကောင်းရင်လည်း ပလပ်ခုတ်တာ မမှန်နိုင်ပါဘူး။ ပလပ်ကြိုးကာဗာ ကောင်း/မကောင်း စစ်ပါ။ ပလပ်ကြိုးခုံခံအား Ohm ကို တိုင်းကြည့်ပါ။ Crankshaft Position ဆင်ဆာ၊ အောက်ဆီဂျင် ဆင်ဆာတွေကောင်းပြီး ဆီလည်း မှန်မယ်၊ ပလပ်တွေလည်း ကောင်းမယ်ဆိုရင် သင့်ကား အင်ဂျင်စက် ကေလးက ေပါ့ပါးသွက်လက် နေမှာပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here