ဒီဇယ်အင်ဂျင်နှင့် ဓာတ်ဆီအင်ဂျင်တို ့ဧ။် အဓိကကွာခြားချက်များ

583

ဒီဇယ်အင်ဂျင်ရော ဓာတ်ဆီအင်ဂျင်ပါ Internal Combustion အင်ဂျင်တွေပဲ ဖြစ်ကြပါတယ်။ Cylinder အတွင်းပေါက်ကွဲမှုစွမ်းအားကို အခြေခံပြီး Mechanical စွမ်းအားကိုရရှိတဲ့ အင်ဂျင်မျိုးတွေပဲ ဖြစ်ကြပါတယ်။ အင်ဂျင်နီယာ စာစကားနဲ့ အတိအကျပြောရမယ်ဆိုရင်တော့ ဓာတုဗေဒစွမ်းအင်ကနေ စက်မှုစွမ်းအင်ကို ပြောင်းလဲပေးတဲ့ စက်ပစ္စည်းတွေပဲဖြစ်ပါတယ်။ လောင်ကျွမ်းပေါက်ကွဲနိုင်တဲ့ ဓာတုဗေဒစွမ်းအင်ရှိတဲ့ ဓာတ်ဆီ၊ ဒီဇယ်တွေကို အလုံပိတ်ဆလင်ဒါထဲမှာ Piston အသုံးပြုပြီး ဖိနှိပ် ပေါက်ကွဲစေလိုက်ပါတယ်။ ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဖိအားက Piston ကို တွန်းကန်ရွေ့လျားစေပြီး Linear Motion ခေါ် အလျားလိုက်လှုပ်ရှားမှုကို ဖြစ်ပေါ်စေပါတယ်။ အလျားလိုက်ရွေ့လျားလာတဲ့ Piston က Connection Rod ကို အသုံးပြုပြီး Crankshaft ကို Rotary Motion ခေါ် စက်ဝိုင်းပုံလှုပ်ရှားမှုအတိုင်း ဆွဲလှည့်လိုက်ပါတယ်။ Crank-Shaft မှာ နောက်ဆုံးဖြစ်ပေါ်လာတဲ့ Mechanical စွမ်းအင်ခေါ် စက်မှုစွမ်းအင်တစ်ခုဖြစ်တဲ့ စက်ဝိုင်းပုံလှုပ်ရှားမှုကို ပုံစံအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးမှာ အသုံးပြုနေကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ အဲဒါကြောင့် လောင်စာဆီအသုံးပြုတဲ့ Internal Combustion အင်ဂျင်တွေဟာ ဓာတုဗေဒစွမ်းအင်ကနေ စက်မှုစွမ်းအင်ကိုပြောင်းလဲပေးတဲ့ စက်ပစ္စည်းတွေဖြစ်ကြောင်း ပြောနိုင်တာပါ။ ဒီဇယ်အင်ဂျင်နဲ့ ဓာတ်ဆီအင်ဂျင်တွေမှာ 2 Stroke (Two Cycle) နဲ့ 4 Stroke (Four Cycle) အင်ဂျင်တွေ ရှိကြပါတယ်။ ဒီဇယ် 2 Stroke အင်ဂျင်တွေကတော့ ပင်လယ်ကူး သဘေင်ာ္ကြီး  တွေမှာသာ အသုံးပြုကြပြီး အရွယ်အစားလည်း အလွန်ကြီးမားကြပါတယ်။ ဓာတ်ဆီ 2 Stroke အင်ဂျင်တွေကတော့ အရွယ်အစားသေးငယ်ကြပြီး မော်တော်ဆိုင်ကယ်၊ Portable လွှစက်နဲ့ မြက်ရိတ်စက်တွေမှာသာ လက်ရှိအသုံးပြုနေကြပါတယ်။ ယခုဆောင်းပါးမှာတော့ မော်တော်ကားတွေမှာအသုံးပြုတဲ့ 4 Stroke ဒီဇယ်အင်ဂျင်နဲ့ ဓာတ်ဆီအင်ဂျင်တို့ရဲ့ အဓိကကွာခြားချက်တွေကိုပဲ ဖော်ပြသွားမှာပါ။

၁။ ဒီဇယ်အင်ဂျင်ဟာ ဓာတ်ဆီအင်ဂျင်ထက် Compression Ratio  မြင့်ပါတယ်

Compression Ratio ဆိုတာ Cylinder Volume နဲ့ Clearance Volume တို့ရဲ့အချိုးပဲ ဖြစ်ပါတယ်။ Cylinder Volume ဆိုတာ Piston အောက်ဆုံးကျနေတဲ့နေရာ BDC (Bottom Dead Centre) ကနေ Combustion Chamber ခေါ် မီးလောင်ခန်းရဲ့ထိပ်အထိရှိတဲ့ ထုထည် ပမာဏပါ။ Clearance Volume ဆိုတာကတော့ Piston က အပေါ်ဆုံးမှာရောက်နေတဲ့နေရာ TDC(Top Dead Centre) နဲ့ Cylinder Head ထိပ်ကြားထဲက ထုထည်ကို ပြောတာပါ။ တစ်နည်းအားဖြင့် Combustion Chamber Volume လို့လည်း ပြောနိုင်ပါတယ်။ အဆိုပါ Cylinder Volume နဲ့ Clearance Volume (Combustion Chamber Volume)တို့ရဲ့အချိုးကို Compression Ratio(ဖိကျစ်အားအချိုး)လို့ ခေါ်ပါတယ်။ နောက်တစ်နည်း အလွယ်မှတ်ရရင်တော့ Compression Ratio ဆိုတာ Cylinder ရဲ့ အကြီးဆုံးထုထည်နဲ့ အနည်းဆုံးထုထည် အချိုးလို့ မှတ်နိုင်ပါတယ်။ ဓာတ်ဆီအင်ဂျင်ရဲ့ Compression Ratio ဟာ 8:1 ကနေ 13:1 အထိ ရှိကြပါတယ်။ 8:1 ဆိုတာ စုစုပေါင်း Cylinder Volume ရှစ်ဆမှာ Clearance Volume တစ်ဆပဲရှိတာကို ဆိုလိုတာပါ။ ဒီဇယ်အင်ဂျင်မှာတော့ 14:1 ကနေ 25:1 အထိ ရှိကြပါတယ်။ ဒီဇယ်အင်ဂျင်မှာ Compression Ratio မြင့်ရခြင်း အကြောင်းရင်းက Cylinder အတွင်းမှာရှိတဲ့ လေထုကို အလွန်တရာပူလာအောင် ဖိကျစ်ရလို့ပဲ ဖြစ်ပါတယ်။ မီးကူးပေးနိုင်တဲ့ Spark Plug မပါတဲ့အတွက် ဒီဇယ်ဆီရဲ့ Auto Ignition Temperature ခေါ် အလိုအလျောက် မီးလောင်ကျွမ်းနိုင်တဲ့အပူချိန်ဖြစ်တဲ့ 210°C ဝန်းကျင်ရောက်အောင် လေထု ကို ဖိကျစ်ပေးရပါတယ်။ (တကယ်တမ်း လက်တွေ့မှာတော့ 210°C ထက် များစွာကျော်လွန်အောင် ဖိကျစ်ပေးရပါတယ်။ ဒါမှလည်း ဒီဇယ်ဆီက ကောင်းမွန်ပြည့်ဝစွာ လောင်ကျွမ်းပေါက်ကွဲနိုင်မှာပါ။) အဲဒါကြောင့် Compression Ratio မြင့်ရတာပါ။ Compression Ratio မြင့်လေ၊ ဖိကျစ်အားများလေ ပေါက်ကွဲအားပြင်းထန်လေဖြစ်ပြီး နောက်ဆုံး Crank-Shaft မှာရရှိတဲ့ လိမ်ကျစ်မှုပါဝါဖြစ်တဲ့ Torque အား များလေပဲဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲအနေနဲ့ ပြင်းထန်တဲ့ဖိကျစ်အားတွေ ပေါက်ကွဲအားတွေကို ခံနိုင်ရည်ရှိအောင် Cylinder Head တွေ Cylinder Liner တွေ ကိုပါ သံသားထူထူနဲ့ ပြုလုပ်ရတာတွေ ဖြစ်လာပါတယ်။

ဆက်လက်ဖော်ပြပါမည်။

 

 

 

 

 

 

 

 

Compression Ratio ကို ဖော်ပြထားတဲ့ပုံပဲ ဖြစ်ပါတယ်။ Cylinder Volume at Bottom Center : Cylinder Volume at Top Center ပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် Cylinder ရဲ့ အများဆုံးထုထည်နဲ့ အနည်းဆုံးထုထည်ရဲ့အချိုးပဲ ဖြစ်ပါတယ်။ ကိန်းဂဏန်းနဲ့ ဖော်ပြရရင်တော့ CV at Bottom Center က ၁ဝ ဆလို့ထားရင် CV at Top Center က တစ်ဆ ရှိမှာပါ။ (10:1 လို့ ဖော်ပြကြပါတယ်)

ရန်နိုင်ထွေး ( Marine Engineer )

LEAVE A REPLY

Please enter your comment!
Please enter your name here