ဒရုန်းနှင့် ဆိုင်ကယ် ပေါင်းစပ်ထားသည့် Haversurf ယာဉ် GITEX နည်းပညာပြပွဲတွင် ဒူဘိုင်းရဲတပ်ဖွဲ့ မိတ်ဆက်ပြသ

1530

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက် က ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် Gulf Information & Technology Exhibition (GITEX) နည်းပညာပြပွဲတွင် ဒရုန်းနှင့် ဆိုင်ကယ် ပေါင်းစပ် တီ ထွင်ထားသော Hoversurf ယာဉ် ကို ဒူဘိုင်းရဲတပ်ဖွဲ့က မိတ်ဆက်ပြသခဲ့ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် Thenational.ae ဝက်ဘ် ဆိုက်က ရေးသားဖော်ပြခဲ့သည်။

အနာဂတ်ကာလတွင် ရာဇ ဝတ်မှုများကို အကောင်းဆုံး တား ဆီးနှိမ်နင်းရန်အတွက Hoversurf ယာဉ်ကို တီထွင်ပြီး အရှေ့အလယ် ပိုင်းဒေသ၏ အကြီးဆုံးနည်းပညာ ပြပွဲဖြစ်သော GITEX ၌ ပြသခဲ့ ခြင်းဖြစ်သည်။ လျှပ်စစ်နှင့် လောင်စာဆီ စွမ်းအင်နှစ်မျိုးစလုံး သုံးစွဲ နိုင်သည့်  Hoversurf  ယာဉ်တွင် ထောင့်လေးထောင့်၌ ကြီးမားသော ပန်ကာဒလက်များ တပ်ဆင်ထား ကာ ရဲအရာရှိတစ်ဦး လိုက်ပါစီး နင်းနိုင်သကဲ့သို့ အဝေးမှလည်း ထိန်းချုပ်မောင်းနှင်နိုင်ကြောင်း သိရ သည်။ Hoversurf ယာဉ်ကို လျှပ်စစ်စွမ်းအင်ဖြင့် အသုံးပြုပါက ၂၅ မိနစ်ကြာမောင်းနိုင်ပြီး လောင်စာ စွမ်းအင်နှင့်ဆိုလျှင် တစ်နာရီနီးပါး သုံးစွဲနိုင်ကာ စီးနင်းသူ မပါပါက မြေပြင်အထက် ငါးမီတာအကွာမှ တစ်နာရီ ကီလိုမီတာ ခုနစ်ဆယ် နှုန်းဖြင့် ခြောက်ကီလိုမီတာအထိ ပျံသန်းနိုင်မည်ဖြစ်သည်။ ထို့ပြင် Hoversurf  ယာဉ်သည် နောက်ထပ် သုံးရာ ကီလိုဂရမ်အလေးချိန် ကို ထပ်ဆောင်းသယ်ဆောင်နိုင် စွမ်းလည်းရှိသည်။

လေထဲတွင် ပျံသန်းနိုင်သည့် Hoversurf ယာဉ်သည် ယာဉ် ကြောပိတ်ဆို့မှုနှင့် အရေးပေါ်အခြေ အနေများအတွက် အသုံးဝင်မည်ဟု ဒူဘိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က Gulf News သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။ ဒူဘိုင်း ရဲတပ်ဖွဲ့သည် GITEX  ပြပွဲတွင် ကာဘွန်ဖိုင်ဘာပြားဖြင့် တည်ဆောက် ကာ ကင်မရာရှစ်လုံး တပ်ဆင်ထား ပြီး ၃၆၀ ဒီဂရီမြင်ကွင်းများကို ထိန်း ချုပ်ခန်းသို့ တိုက်ရိုက်ပေးပို့နိုင်သည့် လျှပ်စစ်ဆိုင်ကယ်၊ အလိုအလျောက် မောင်းနိုင်သည့်ရဲကား၊ Robocop စက်ရုပ်တို့ကိုလည်း Hoversurf ယာဉ်နည်းတူ မိတ်ဆက်ပြသသွားခဲ့ သည်။

Ref : Thenationa.ae

LEAVE A REPLY

Please enter your comment!
Please enter your name here