ဒက်ရှ်ဘုတ်တွင် အလွယ်တကူ ဘေးတိုက်ရွှေ့နိုင်သည့် စတီယာရင်ကို တပ်ဆင်ရန် Volvo စီစဉ်နေ

233

 

ဆွီဒင်ထိပ်တန်း ကားကုမ္ပဏီ Volvo သည် စတီယာရင်ကို တစ်နေရာတည်း အသေမထားဘဲ ဒက်ရှ်ဘုတ်တွင် အလွယ်တကူ ရွှေ့နိုင်စေရန် ဖန်တီးတည်ဆောက်သွားမည်ဖြစ်ပြီး မူပိုင်ခွင့်အတွက် မှတ်ပုံတင်သွားမည်ဟု ဗြိ တိန်သတင်းစာ ဒေးလီးမေးလ်က အောက်တိုဘာ ၁၅ ရက်တွင် ဖော်ပြသည်။


Volvo သည် အဆိုပါ ဘေးတိုက်ရွှေ့နိုင်သည့် စတီယာရင်ကို အနာဂတ် Semi-automated ကားများတွင် တပ် ဆင်သွားမည်ဖြစ်ပြီး ကား၏ ဘယ်ဘက်၊ ညာဘက်နှင့် အလယ်ကောင်တည့်တည့် သုံးနေရာခွဲ၍ အလွယ်တကူ တပ်ဆင်နိုင်မည် ဖြစ်သည်။
သာမန်ကားများတွင် စတီယာရင်ကို ဘယ်ဘက်၊ သို့မဟုတ် ညာဘက်တွင်သာ တပ်ဆင်လေ့ရှိပြီး Volvo က ဒက်ရှ်ဘုတ်၏ နေရာသုံးခုတွင် အလွယ်တကူ တပ်ဆင်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် Customers များအနေဖြင့် စတီယာရင်အား မိမိကြိုက်နှစ်သက်သည့်နေရာတွင် ရွှေ့ကာ မောင်းနှင်နိုင်မည် ဖြစ်သည်။


စတီယာရင်ကိုသာမက မိမိရွှေ့လိုသည့် နေရာကိုလိုက်၍ ဂီယာအုံနှင့် ထိုင်ခုံများကိုလည်း အလွယ်တကူ ရွှေ့ နိုင်အောင် ပြုလုပ်ထားပြီး ယခုနှစ် စက်တင်ဘာလအတွင်း မူပိုင်ခွင့်အတွက် အမေရိကန် မူပိုင်ခွင့်နှင့် မှတ်ပုံ တင်ရုံးတွင် တင်သွင်းခဲ့သည်ဟု သိရသည်။
အဆိုပါ မူပိုင်ခွင့်ရုံးက Volvo မှ တင်သွင်းလာသည့် အလွယ်တကူ ရွှေ့နိုင်သော စတီယာရင်နှင့် အခြားသော အသေးစိတ် ခဲခြစ်ပုံကြမ်းများကို ထုတ်ပြန်ခဲ့ရာ ဆွီဒင်ကုမ္ပဏီ၏ တီထွင်ဆန်းသစ်မှုက အံ့မခန်းစရာဖြစ်သည်။ သို့သော်လည်း Volvo သည် သမားရိုးကျ စတီယာရင်အစား ရွှေ့ပြောင်းနိုင်သည့် စတီယာရင်ကို အသုံးပြုမည့် ပထမဆုံး ကားကုမ္ပဏီမဟုတ်ဘဲ ဗြိတိန်ကုမ္ပဏီ McLaren က ၁၉၉၀ ပြည့်လွန်နှစ်ပိုင်းအတွင်း ထုတ်လုပ်သော F1 ပြိုင်ကားတွင် စတီယာရင်ကို ရှေ့ခန်းအလယ်၌ တပ်ဆင်ဖူးသည်။
ထို့ပြင် ဂျာမန်ကုမ္ပဏီ Mercedes-Benz ကလည်း ၎င်းတို့၏ စစ်ဖက်နှင့် အရေးပေါ်လုပ်ငန်းသုံး ကားကြီးများ တွင် စတီယာရင်ကို ဘေးတိုက်ရွှေ့နိုင်အောင် ပြုလုပ်ထားသည်မှာ ကာလအတန် ကြာမြင့်နေပြီဖြစ်သည်။

ဘာသာပြန်-ခွန်ဝဏ္ဏ
Ref:dailymail

LEAVE A REPLY

Please enter your comment!
Please enter your name here