ထူးခြားမှုမရှိသည့် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များနှင့် ပြောင်းလဲမှု မရှိသည့် ကားစျေးကွက်

428

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ် ရေးကော်မတီကနေ အောက်တိုဘာ ၁ ရက်က လာမယ့်နှစ်အတွက် မိုဒယ်သတ်မှတ်ချက်တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်တွေက ထူးထူးခြားခြား ပြောင်းလဲမသွားဘဲ ထုံးစံအတိုင်း ရှေ့ကို တစ်နှစ်စီပဲ ခုန်သွားပါတယ်။ ဒီမိုဒယ်သတ်မှတ်ချက်တွေ မထုတ်ပြန်ခင် ကားလုပ် ငန်းရှင်တချို့က ညာမောင်းကားတွေ ပြန်တင်သွင်းခွင့်ပေးဖို့နဲ့ လုပ်ငန်း သုံးကားတွေကို မိုဒယ်လျှော့ချပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ လာမယ့်နှစ်အတွက် မိုဒယ်သတ်မှတ်ချက်တွေက မထူးခြားတဲ့အတွက် စျေးကွက်အခြေအနေလည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်ကစပြီး ကားလောကရဲ့ ပေါ်လစီတွေက တင်သွင်းမှုထက် ထုတ်လုပ်မှုကို ဦးစားပေးမယ့်သဘော ဖြစ်လာပါတယ်။

လာမယ့်နှစ်အတွက် မိုဒယ်သတ်မှတ်ချက်တွေကို ကြည့်မယ်ဆိုရင် လည်း ကားတင်သွင်းမှုကို လုံးဝပိတ်လိုက်တာ မဟုတ်ပေမဲ့ ၂ဝ၁၇ မိုဒယ်နဲ့အထက် ဘယ်မောင်းကားတွေကိုပဲ တင်သွင်းရမယ်ဆိုတဲ့အတွက် တင်သွင်းစရာ ကားအမျိုးအစားက အရမ်းနည်းသွားပါတယ်။ ဘယ်မောင်း ကားတွေက မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ ရှိတော့ရှိတယ်၊ ဒါပေမဲ့ ကားတန်ဖိုး၊ အခွန်အခတွေနဲ့ တွက်ကြည့်ရင် ဘယ်လိုမှ မကိုက်တော့ဘူး။ ရန်ကုန်လိုင်စင် ပိတ်ထားတဲ့အကြောင်းအရင်းကလည်း ကားတင်သွင်းဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်သွားပါတယ်။ ဒါကြောင့်လည်း ပြည်ပကနေ Brand New ကားအသစ်တွေ တင်သွင်းပြီး ရောင်းချနေတဲ့ Showroom တွေကို လိုက်မေးကြည့်ရင် အမြတ်ရနေတဲ့ Showroom ဆိုတာ အရမ်းနည်းပါတယ်။ ရေရှည်ကို မျှော်မှန်းပြီး ဆက်ပြီးလည်ပတ် နေကြတာပဲ ရှိပါတယ်။

အနာဂတ်မှာ ကားဟောင်းကလည်း ကားဟောင်းစျေးကွက်၊ ကား သစ်ကလည်း ကားသစ်စျေးကွက်အတိုင်းပဲ ဆက်ပြီး ရှိနေဦးမှာပါ။ ကား ဟောင်းစျေးကွက်မှာ ဂျပန်ညာမောင်းကားတွေက လာမယ့် ဆယ်စုနှစ် တစ်ခုကျော်အထိ အားကောင်းဦးမှာဖြစ်သလို ကားသစ်စျေးကွက်မှာလည်း ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်နေတဲ့ SKD ကားတွေက စျေးကွက်ဝေစု ကို တဖြည်းဖြည်း ဖဲ့ယူလာမှာ ဖြစ်ပါတယ်။ အခုအချိန်မှာလည်း ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ SKD ကားတွေထဲမှာ Sedan ၊ MPV ၊ Wagon ၊ SUV ၊ Hatchback ၊ Pick-up ၊ Minibus စတဲ့ ကားအမျိုး အစားအစုံရှိပြီး Ford ၊ KIA ၊ Nissan ၊ Suzuki ၊ Hyundai ၊ Lifan ၊ Soueast ၊ Brilliance ၊ Changhe ၊ Daewoo စတဲ့ Brand တွေအပြင် Borgward ၊ Toyota ၊ BAIC ၊ Haval ၊ Jetour တို့ လည်း ဝင်လာဖို့ ရှိတဲ့အတွက် ရွေးချယ်စရာ Brand များသွားပါတယ်။ ကားသစ်တစ်စီးဝယ်ရင် Warranty ပါတာက အားသာချက်ဖြစ်သလို ဘဏ်နဲ့ချိတ်ဆက်ပြီး နှစ်နှစ်ကနေ ခုနစ်နှစ်အထိ အရစ်ကျဝယ်ယူလို့ရတာ ကလည်း Down Payment နည်းနည်းနဲ့ လစဉ် ပုံမှန်ဝင်ငွေရှိတဲ့သူတွေ အတွက် ကိုယ်ပိုင်ကားတစ်စီးပိုင်ဆိုင်ဖို့ အိပ်မက်ကို ပိုပြီးပေါ်လွင်လာ စေပါတယ်။ ဂျပန်ညာမောင်းကားစျေးတွေ မြင့်တက်နေတဲ့အချိန်မှာ အရောင်အသွေး စုံလင်ပြီး ဒီဇိုင်းမျိုးစုံနဲ့ ထွက်ပေါ်လာတဲ့ SKD ထုတ် ကားသစ်တွေကို လဲစီးချင်တဲ့သူတွေကလည်း ဂျပန်ညာမောင်းကား ဟောင်းတွေကို ထုတ်ရောင်းပြီး ကားသစ်ဝယ်လာကြတဲ့အတွက် Brand New ကားတွေရဲ့ ဝယ်လိုအားက ပိုပြီး မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ CarsDB Auto Show မှာ Brand New Car Brand ၁၆ မျိုး ကျော် ဝင်ရောက်ပြသခဲ့ပြီး ရောင်းအားလည်း အရင်နှစ်တွေထက် အရေအတွက် ပိုများတာကိုကြည့်ရင် ကားသစ်စျေးကွက် ပိုပြီးအားကောင်းလာတယ်ဆို တာ သိသာထင်ရှားပါတယ်။ အခုအချိန်မှာ နေ့စဉ် ကနဦးမှတ်ပုံတင်ပြုလုပ် တဲ့ ကားအစီးရေရဲ့ တစ်ဝက်လောက်က SKD ထုတ် Brand New ကားတွေဖြစ်နေတာကလည်း ကားလောကရဲ့ အလှည့်အပြောင်းတစ်ရပ်ကို ထင်ရှားစေပါတယ်။

ကားသစ်တွေရဲ့စျေးကွက် အားကောင်းလာသလို ကားဟောင်းစျေး ကွက်ကလည်း ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ကားအသစ်ဆိုတာက လည်း သုံးနှစ်လောက်စီးပြီးရင် အဟောင်းစာရင်းထဲ ဝင်သွားမှာ ဖြစ်တဲ့ အတွက် ကားဟောင်းစျေးကွက်ထဲ ရောက်သွားမှာပါ။ ဒါကြောင့် ကား သစ်လည်း ကားသစ်စျေးကွက်၊ ကားဟောင်းလည်း ကားဟောင်းစျေးကွက်၊ သူ့စျေးကွက်နဲ့သူ၊ သူ့အကြိုက်နဲ့သူ ရှိနေဦးမှာ ဖြစ်ပါတယ်။ ကားသစ်နဲ့ ကားဟောင်းမှာ သူ့အားသာချက်နဲ့သူ၊ သူ့အားနည်းချက်နဲ့သူ ရှိပါတယ်။ ကားသစ်ဝယ်မယ်ဆိုရင် Brand New ဘယ်မောင်းကားကို စီးရမယ်၊ Warranty ပါမယ်၊ ရန်ကုန်လိုင်စင်အမည်ပေါက် ရမယ်၊ အရစ်ကျစနစ်နဲ့ ဝယ်ယူလို့ရမယ် စတဲ့အားသာချက်တွေ ရှိပါတယ်။ ဒါပေမဲ့ ကားသစ်ဝယ် တာဖြစ်တဲ့အတွက် ဝယ်ပြီးရင်တော့ ရံှုးမှာ သေချာပါတယ်။ ကားဟောင်း ဝယ်မယ်ဆိုရင်တော့ ဂျပန်ပြည်တွင်းသုံးကားကို စိတ်ကြိုက်ဝယ်ယူလို့ရ မယ်၊ Japan Used Domestic ဖြစ်တဲ့အတွက် ပြည်တွင်းမှာ တပ်ဆင် ထုတ်လုပ်တဲ့ကားတွေထက် အရည်အသွေးပိုမိုကောင်းမွန်မယ်၊ မစီးချင်လို့ ပြန်ရောင်းရင် အရံှုးမများဘူး စတဲ့အားသာချက်တွေ ရှိတယ်။ ဒါပေမဲ့ ကားဟောင်းဝယ်တာဖြစ်တဲ့အတွက် အနည်းနဲ့အများတော့ စက်ပိုင်းဆိုင် ရာ၊ ဘော်ဒီပိုင်းတွေမှာ ပြန်လည်ပြင်ဆင်ရမယ်၊ ဖောက်စွပ်မိမှာကြောက် တဲ့အတွက် ယာဉ်စစ်ရမယ်၊ ကားကောင်းတစ်စီးလိုချင်တယ်ဆိုရင် အချိန် ယူပြီး ပြင်ဆင်ရမယ် စတဲ့အားနည်းချက်တွေ ရှိပါတယ်။ အခုအချိန်မှာ ဂျပန်ညာမောင်းကားတွေက စျေးကွက်ထဲမှာ အလုံးအရင်းရှိပြီး အလွယ် တကူရှာဖွေဝယ်ယူလို့ရတဲ့အတွက် ကားသစ်စျေးကွက်ထက် ကားဟောင်း စျေးကွက်ကတော့ ပိုပြီး အားကောင်းနေပါတယ်။ ဒါပေမဲ့ ဂျပန်ညာမောင်း ကားတွေ တဖြည်းဖြည်းအိုဟောင်းလာမယ့် နောင် ၁ဝ နှစ်လောက်ကျရင် တော့ အလှည့်အပြောင်းတွေဖြစ်လာပြီး ကားသစ်တွေက စျေးကွက်ကို ဦးဆောင်လာတော့မှာ ဖြစ်ပါတယ်။

၂ဝ၂ဝ ပြည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ

ယာဉ်အို/ယာဉ်ဟောင်းအစီအစဉ်(Consignment စနစ်အပါအဝင်)
(၁) လူစီးမော်တော်ယာဉ်များ (၁၃၅ဝ စီစီနှင့်အောက် လူစီးယာဉ်များ အပါအဝင်)- ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း (ဘယ်မောင်း)
(၂) ကုန်တင်ယာဉ်များ-၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း (ဘယ်မောင်း)
(၃) ခရီးသည်တင်ယာဉ်များ(Mini Bus/ City Bus/ Express Bus)-၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း (ဘယ်မောင်း)
လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအစဉ်

(၁) လူစီးမော်တော်ယာဉ်များ (၁၃၅ဝ စီစီနှင့်အောက် လူစီးယာဉ်များ အပါအဝင်)- ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း (ဘယ်မောင်း)
(၂) ကုန်တင်ယာဉ်များ-၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း (ဘယ်မောင်း)
(၃) ခရီးသည်တင်ယာဉ်များ(Mini Bus/ City Bus/ Express Bus)-၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း (ဘယ်မောင်း)

ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်လျှောက်ထားမှု င်္(ဥဃ စနစ်ဖြင့် ပြည်ပမှလှူဒါန်းသည့် မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအပါအဝင်)
(၁) လူစီးမော်တော်ယာဉ်များ- ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း (ဘယ်မောင်း)
(၂) လုပ်ငန်းသုံးယာဉ်များ-၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း (ဘယ်မောင်း)
(၃) ယန္တရားများ-၂ဝ၁၁ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း
(၄) မီးသတ်ယာဉ်-၂ဝ၁၁ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း (ဘယ်မောင်း)
(၅) လူနာတင်ယာဉ်-၂ဝ၁၁ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း (ဘယ်မောင်း)
(၆) နိဗဦ္ဗာန်ယာဉ်-၂ဝ၁၁ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း (ဘယ်မောင်း)
(၇) သာသနာရေးဆိုင်ရာယာဉ်များ-၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း (ဘယ်မောင်း)
(၈) ခရီးသည်တင်ယာဉ်များ(Mini Bus/ City Bus/ Express Bus)-၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း (ဘယ်မောင်း)
အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် Excavator ၊ Bulldozer ၊ Wheel Loader ၊ Vibratory Roller ၊ Clamp Loader ၊ Motor Grader ၊ Road Roller Compactor ၊ Bridge Crane ၊ Gantry Crane ၊ Tower Crane ၊ Pilling Machine ၊ Crawler Drill/Crane ၊ Overhead Travelling Crane ၊ Mobile Crane ၊ Rough Terrain Crane ၊ Forklift ၊ Boom Lift ၊ Asphalt Finisher (ကတ္တရာခင်းစက်)စသည့် လုပ်ငန်းသုံးယန္တရားများအား လွန်ခဲ့သော ၁၅ နှစ်အတွင်း ထုတ်လုပ်သည့်ယာဉ်များအြဖစ် တင်သွင်း ခွင့်ြပုပါမည်။

LEAVE A REPLY

Please enter your comment!
Please enter your name here