ထုံး၊ သဲ၊ ကျောက် လုပ်ငန်းသုံးယာဉ်များကို နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်းသာ မြို့တွင်းလမ်းများတွင် ဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်

196

 

မန္တလေး၊ မတ်
မန္တလေးမြို့အတွင်း ထုံး၊ သဲ၊ ကျောက် လုပ်ငန်းသုံးယာဉ်များကို ယခင်က သတ်မှတ်လမ်းကြောင်း များအတိုင်း အချိန်ပြည့်ခွင့်ပြုခဲ့ သော်လည်း ယခုအခါ နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်းသာ မြို့တွင်းလမ်းများ၌ ဖြတ်သန်းမောင်း နှင်ခွင့် ပြုတော့ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော် မတီမှ သိရသည်။

“အဓိက ကတော့ လုပ်ငန်း သုံးယာဉ်တွေက သဲတွေအပြည့်တင် တယ်၊ ကျောက်ခဲတုံးကြီးတွေ အပြည့်တင်တယ်၊ အဖုံးကျတော့ မ အုပ်ကြဘူး၊ အဲဒီလိုစည်းကမ်းမဲ့ သယ်ယူတာတွေက ဆိုင်ကယ်စီး နင်းသူတွေ လမ်းပေါ်သွားလာနေ သူတွေအတွက် အန္တရာယ်သိပ်များ လို့ သွားလာခွင့်အချိန် ကန့်သတ် လိုက်တာပါ၊ ရုံးတက်ရုံးဆင်း လမ်း သွားလမ်းလာများတဲ့အချိန်မှာ သူ တို့ကို မြို့ထဲဝင်ခွင့်မပေးတာ”ဟု အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်များ မြို့တွင်း သွားလာခွင့်ကို အချိန်အပိုင်းအခြား ဖြင့် ကန့်သတ်လိုက်ခြင်းအပေါ် သဲ၊ ကျောက်လုပ်ငန်းရှင်များနှင့် ကား လုပ်ငန်းရှင်များအနေဖြင့် ပူူးပေါင်း ပါဝင်ပေးရန် လိုအပ်ပြီး အများ ပြည်သူ အန္တရာယ်ကင်းရှင်းရေးကို အဓိက ဦးတည်ကြောင်း၊ အုတ်၊ ထုံး၊ သဲ၊ ကျောက်တင်လုပ်ငန်းသုံး ကားများ သွားလာမှုအဆင်ပြေစေ ရန်အတွက်လည်း ပြည်ကြီးတံခွန် မြို့နယ်တွင် လမ်းကြောင်းတစ် ကြောင်း သတ်မှတ်ပေးထားပြီး စည်းကမ်းလိုက်နာခြင်းမရှိပါက စည်ပင်သာယာရေးဥပဒေအရ အ ရေးယူသွားမည်ဖြစ်ကြောင်း အခွန် ဌာနမှ သိရသည်။

“တချို့ မြို့ထဲရောက်နေတဲ့ ကားတွေထဲက မြို့ပြင်ကိုပြန်ထွက် ချင်လို့ဆိုရင် သဲတင်ထားတာမျိုး ကျောက်တင်ထားတာမျိုးမဟုတ် ဘဲ ခါလီပဲဆိုရင် အချိန်မရွေးထွက် ခွင့်ရမယ်၊ မဟုတ်ရင်တော့သတ် မှတ်စည်းကမ်းအတိုင်း အရေးယူခံ ရမယ်”ဟု အဆိုပါဌာနမှ တာဝန် ရှိသူတစ်ဦးက ထပ်မံဆိုသည်။

မန္တလေးမြို့တွင် အုတ်၊ ထုံး၊ သဲ၊ ကျောက်တင်လုပ်ငန်းသုံးကား များသည် လမ်းမကြီးများပေါ် သွား လာရာတွင် အဖုံးဖုံးအုပ်ခြင်းမရှိ သကဲ့သို့ ဟွန်းများကြာရှည်စွာတီး ခြင်း၊ အရှိန်ပြင်းမောင်းနှင်ခြင်း စသည့် အများပြည်သူစိတ်အနှောင့် အယှက်ဖြစ်စေမည့် ကိစ္စရပ်များ လည်း ကျူးလွန်ကြသည့်အတွက် ထိထိရောက်ရောက် ကြပ်မတ်ကာ အရေးယူပေးစေလိုကြောင်း မန္တလေး မြို့ခံအချို့က သုံးသပ်သည်။
ကျော်ကျော်အောင်(ကေလးြမို့)

LEAVE A REPLY

Please enter your comment!
Please enter your name here