ထိုင်း Honda Click ၊ Scoopy i ဆိုင်ကယ်များ စျေးမြင့်တက်

368

 

မန္တလေး၊ ဇွန် ၂၃
ထိုင်းနိုင်ငံရှိ Honda ဆိုင်ကယ်စက်ရုံတွင် လုပ်ငန်းများ ကောင်းမွန်စွာ မလည်ပတ်နိုင်သေးခြင်းနှင့် မကြာမီ စတစ်ကာအပြောင်းဖြင့် ၂ဝ၂ဝ မိုဒယ်သစ်များ ထွက်ရှိမည့်သတင်းကြောင့် လက်ရှိ ၂ဝ၁၉ မိုဒယ် Honda Click ၊ Scoopy i ဆိုင်ကယ်များမှာ အနည်းဆုံးကျပ် လေးသောင်းမှ ခုနစ်သောင်းအထိ စျေးတက်သွားကြောင်း ဆိုင်ကယ် ကုမ္ပဏီများမှ စုံစမ်းသိရသည်။

“ထိုင်း Honda စက်ရုံရဲ့ သဘောတရားက မိုဒယ်အသစ်ထွက်ခါနီးဆိုရင် မိုဒယ်အဟောင်းကို လျှော့ထုတ်တယ်၊ ဒါနှစ်စဉ် ထုံးစံပဲ၊ အခုလည်း မကြာခင် Scoopy i ဆိုင်ကယ် မိုဒယ်သစ်ထွက်တော့ မယ်လို့ ကြားနေတယ်၊ မိုဒယ်သစ် ထွက်ခါနီးချိန် လက်ကျန်ပစ္စည်းအကျန်များမှာစိုးလို့ ပစ္စည်း လျှော့ ထုတ်တာပေါ့၊ ပစ္စည်းလျှော့ထုတ်တော့ စျေးကွက်ထဲ ပစ္စည်း(ဆိုင် ကယ်)နည်းနေတဲ့ အချိန်မှာ သူ့ထက်ငါအပြိုင် စျေးပိုပေးပြီးဝယ်ရ လို့ အဲဒီမှာ ဆိုင်ကယ်စျေးတွေက တက်ကုန်တယ်၊ Click ရော၊ Scoopy i ရော နှစ်မျိုးစလုံးကို စျေး တက်သွားတာ”ဟု Honda ဆိုင်ကယ်မျိုးစုံ တင်သွင်းရောင်းချနေသည့် Easy Rider Motorbike ကုမ္ပဏီမှ Regional Sales Manager ကိုစိုးပိုင်က ပြောကြားသည်။

ထိုင်း Honda စက်ရုံတွင် ဆိုင်ကယ် ထုတ်လုပ်မှုနည်းပါးခြင်းမှာ မိုဒယ်သစ် အချိန်းအပြောင်း ကာလနှင့် Covid-19 ဂယက်ကြောင့် စက်ရုံလုပ်သား နည်းပါး နေမှုနှင့်သက်ဆိုင်ပြီး ထပ်မံ၍ စျေးတက်နိုင်ဖွယ်ရှိသေးကြောင်း ဆိုင်ကယ် ရောင်းဝယ်ရေးလုပ်ငန်း ရှင်အချို့က သုံးသပ်သည်။

“Covid-19 ဂယက်ကြောင့် အခုအချိန်ထိ ထိုင်း Honda စက် ရုံမှာကို ကောင်းကောင်းမလည်ပတ် နိုင်သေးဘူး၊ အဲဒီလို မလည်ပတ်နိုင်သေးတဲ့အချိန်မှာ ပစ္စည်း(ဆိုင် ကယ်)က နည်းတော့ နယ်စပ်ကနေတင်သွင်းရောင်းချတဲ့သူတွေက ရှိ တဲ့ပစ္စည်း စျေးအပြိုင်အဆိုင်ပေးပြီး လုဝယ်ရတဲ့အချိန်မှာ စျေး တက်ကုန်တာ၊ Click ဆိုရင် အရင်ထက် ကျပ်ငါးသောင်းလောက် တက်သွားတယ်၊ Scoopy ဆိုရင် ကျပ် ခုနစ်သောင်းလောက် တက်သွားတယ်၊ မိုဒယ်အသစ်မထွက်မီ ကာလစပ်ကြား ပစ္စည်း(ဆိုင်ကယ်) ရှားလေ စျေးထပ်တက်လေဖြစ်နေ မှာပဲ”ဟု Honda ဆိုင်ကယ်များ လက်လီ၊ လက်ကားဖြန့်ချိရောင်း ချနေသည့် JIAFA Trading ကုမ္ပဏီမှ မန်နေဂျာဦးဝင်းနိုင်က သုံးသပ်သည်။

မန္တလေးမြို့တွင် ဇွန်လ စတုတ္ထ ပတ်အတွင်း ၂ဝ၁၉ မိုဒယ် Honda Click 125 တစ်စီးလျှင် ကျပ် ၂,၇၇ဝ,ဝဝဝ၊ Click150 ကျပ် ၃,၁ဝဝ,ဝဝဝ၊ Scoopy စပုတ် ကျပ် ၂,၄၇ဝ,ဝဝဝ၊ Scoopy ဒလက် ကျပ် ၂,၅၇ဝ,ဝဝဝ စသော နှုန်းထားများ ပေါက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here