ထိုင်းရှိ Honda ဆိုင်ကယ်စက်ရုံမှ Covid-19 ကာလကူညီပံ့ပိုးမှုအဖြစ် Honda Click 125 နှင့် New Scoopyi စပုတ်ဆိုင်ကယ်၀ယ်ယူသူများကို Cashback ပြန်​ပေးမည်

291

 

မန္တ​လေး၊ ​မေ ၂၉

ထိုင်းနိုင်ငံ Honda မော်တော်ဆိုင်ကယ်စက်ရုံမှ Covid-19 ကာလ အထူးကူညီပံ့ပိုးမှုအစီအစဉ်ဖြင့် Honda Click 125 နှင့် New Scoopyi စပုတ် ဆိုင်ကယ်၀ယ်ယူသူများအား ကျပ် နှစ်သိန်းမှ ငါးသိန်းအထိ ငွေပြန်အမ်းပေးမှုကို ဇွန်လကုန်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံ Honda စက်ရုံကနေ Covid-19 ကာလ ပြည်သူတွေအားလုံး ငွေကျပ်တည်းနေကြတဲ့အချိန် ဆိုင်ကယ်၀ယ်ယူချင်တဲ့သူတွေအဆင်ပြေအောင် ငွေပြန်အမ်းပေးတာပေါ့၊ တကယ်တမ်း မူရင်းစျေးက မကျဘူး၊ ပြည်သူတွေအတွက်အဆင်ပြေအောင်လို့ ကူညီပေးတာပေါ့၊ Honda ဆိုင်ကယ်တွေထဲက Click 125 ၀ယ်တယ်ဆိုရင် မူရင်းရောင်းနေတဲ့နှုန်းထားကနေ ကျပ် ငါးသိန်း ငွေပြန်အမ်းပေးမယ်၊ Scoopyi ဆိုရင် ကျပ် နှစ်သိန်း ငွေပြန်အမ်းပေးမယ်” ဟု Honda ၏ မြန်မာပြည် Authorized Distributor ဖြစ်သည့် NCX Myanmar ကုမ္ပဏီမှ General Manager ကိုအောင်သူမြင့်က ပြောသည်။

ထိုသို့ ငွေပြန်အမ်းပေးသည့်အစီအစဉ်သည် မြန်မာတစ်နိုင်ငံလုံးရှိ NCX Myanmar Honda Showroom များတွင်သာမက NCX Myanmar Co.,Ltd ၏ နယ်အရောင်းကိုယ်စားလှယ်ဆိုင်များအတွက်ပါ အကျုံး၀င်ကာ နယ်ဒေသများတွင် ၀ယ်ယူပါကလည်း ယင်းခံစားခွင့်ရရှိမည်ဖြစ်ကြောင်း၊ ထိုသို့ ငွေပြန်အမ်းလိုက်ခြင်းကြောင့် Honda Click 125 ၀ယ်ယူပါက ယခင် ကျပ် ၂,၈၅၀,၀၀၀ မှ ယခု ကျပ် ၂,၃၅၀,၀၀၀ သာ ကျသင့်တော့မည်ဖြစ်ပြီး New Scoopyi စပုတ် ၀ယ်ယူပါက ယခင် ကျပ် ၂,၅၉၀,၀၀၀ မှ ယခု ကျပ် ၂,၃၉၀,၀၀၀ သာ ကျသင့်တော့မည်ဖြစ်ကြောင်း NCX Myanmar ကုမ္ပဏီမှ သိရသည်။

“Click 125 ဆိုရင် ကျပ် ငါးသိန်း ငွေပြန်အမ်းပေးတယ်၊ New Scoopyi စပုတ်ဘီးဆိုရင် ကျပ် နှစ်သိန်းငွေပြန်အမ်းပေးတယ်၊ အဲဒီအစီအစဉ်က ဇွန်လကုန်အထိ သတ်မှတ်ထားတယ်၊ အရစ်ကျ၀ယ်ချင်သူတွေအတွက်လည်း ဒီကာလမှာ ၀ယ်မယ်ဆိုရင် အရစ်ကျ၀န်ဆောင်ခကို Free နဲ့ လုပ်ဆောင်ပေးသွားပါမယ်” ဟု ယင်းကုမ္ပဏီမှ General Manager ကိုအောင်သူမြင့်က ထပ်မံဆိုသည်။

လက်ရှိတွင် NCX Myanmar ၏ ကိုယ်ပိုင် Honda ဆိုင်ကယ်အရောင်းပြခန်းများကို မန္တလေး၊ တောင်ကြီး၊ မုံရွာ၊ မကွေး စသော မြို့ပေါင်း ၁၀ မြို့တွင် ဖွင့်လှစ်ထားပြီး အရောင်းကိုယ်စားလှယ်ဆိုင်များမှာမူ မြို့ပေါင်း ၁၃၀ ၌ အသီးသီးဖွင့်လှစ်ထားကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here