ထိုင်းတွင် ကားသစ်ရောင်းအား ၁၄ ရာခိုင်နှုန်းကျော် ကျဆင်း

656

အရှေ့တောင်အာရှဒေသ၏ စီးပွား ရေးအင်အားကြီးနိုင်ငံ တစ်ခုဖြစ် သော ထိုင်းတွင် ကားသစ်ရောင်း အားပမာဏမှာ ၁၄ ရာခိုင်နှုန်း ကျော်အထိ ကျဆင်းသွားခဲ့ကြောင်း အောက်တိုဘာ ၂၂ ရက်တွင် justauto ဝက်ဘ်ဆိုက်က ရေးသား ဖော်ပြသည်။

ထိုင်းသည် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများ၏ ကားထုတ်လုပ်ရာ အဓိက နိုင်ငံတစ်ခုဖြစ်သော်လည်း ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ အတွင်း နိုင်ငံအတွင်း ကားသစ် ရောင်းချရမှုမှာ ၇၆,၁၉၅ စီးသာ ရှိခဲ့သည်။

ထိုပမာဏမှာ ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း ရောင်းချ ခဲ့ရသော ၈၈,၇ဝ၆ စီးထက်စာလျှင် ၁၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင် စု ထိုင်းစက်မှုလုပ်ငန်းများ အစည်းအရုံး(FTI)၏ ကြေညာချက်ကို ကိုး ကား၍ justauto က ဖော်ပြသည်။ ထိုင်းနိုင်ငံအတွင်း ကားသစ်ရောင်း ချရမှုကျဆင်းခြင်းမှာ ၂ဝ၁၉ ခုနှစ်၊ ဇွန်လမှ စတင်ခဲ့ခြင်းဖြစ်ရာ စက် တင်ဘာလအထိဆိုလျှင် လေးလ ဆက်တိုက် ရောင်းအား ကျဆင်း လျက်ရှိသည်။

ထိုသို့ ရောင်းအားကျဆင်းရ ခြင်းမှာ အရစ်ကျစနစ်ဖြင့် ဝယ်ယူ မည့်သူများအတွက် ဘဏ်များက ချေးငွေယူရမည့် စည်းမျဉ်း၊ စည်း ကမ်းများကို တင်းကြပ်လိုက်ခြင်း ကြောင့်ဖြစ်ကြောင်း FTI က ကြေ ညာသည်။ နောက်ဆုံး လေးလ ဆက်တိုက် ရောင်းအားကျဆင်းခဲ့ သော်လည်း ၂ဝ၁၉ ခုနှစ်၊ ပထမ ကိုးလတာရောင်းအားမှာ ၇၆၁, ၈၄၇ စီးရှိကာ ၂ဝ၁၈ ခုနှစ် ရောင်း အားထက် ၂ ရာခိုင်နှုန်း တိုးတက် လာသလို ယခုနှစ်အတွင်း အစီးရေ တစ်သန်း ပြည့်မီအောင် ရောင်း နိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။
Ref: justauto

LEAVE A REPLY

Please enter your comment!
Please enter your name here