ထိုင်းဆိုင်ကယ်များနှင့် တရုတ် Auto ဆိုင်ကယ်များ အရစ်ကျစနစ်ဖြင့် အဝယ်လိုက်လာသည့် မန္တလေးဆိုင်ကယ် စျေးကွက်

1575

မန္တလေးမြို့ ဆိုင်ကယ်စျေးကွက်မှာ ယခင်တစ်ပတ်က ရောင်းအားကျဆင်းခဲ့သော်လည်း သြဂုတ်လ ပထမ ပတ်တွင် အရောင်းပြခန်းများရှိ ထိုင်း Click ၊ Scoopy i နှင့် Wave 100 ဆိုင်ကယ်များအပါအဝင် တရုတ် Auto ဆိုင်ကယ်များပါ အရစ်ကျစနစ်ဖြင့် အဝယ်လိုက် လာပြီး ဝယ်/ရောင်းစျေးကွက်တွင်မူ တရုတ်နှင့် ထိုင်း ဆိုင်ကယ်များမှာ စံချိန်တင် ရောင်းအားကျဆင်းနေ ကြောင်း မန္တလေးမြို့ ဆိုင်ကယ်စျေးကွက်အတွင်းမှ သိရသည်။

 

”ဒီရက်ပိုင်း သြဂုတ် ၃၁ ရက်ကတည်းက အခု အချိန်အထိ တစ်ရက်ကို ရှစ်စီး၊ ကိုးစီး အဝယ်လိုက် နေတယ်၊ ဆိုင်ကိုလာတာနဲ့ စျေးမေးပြီး ပြန်သွားတယ် ဆိုတာ ရှားတယ်၊ တိုက်ရိုက်လာဝယ်တာချည်းပဲ၊ များ သောအားဖြင့် နယ်ဘက်ကဆိုလို့ ဘုတလင်ဘက်က လောက်ပဲပါတယ်၊ ကျန်တာ မန္တလေးမြို့ပေါ်ကပဲ၊ ဒီ ရက်ပိုင်းက Click ၊ Scoopy i ရော၊ Wave 100 ရော အစုံရောင်းရတယ်”ဟု မန္တလေးမြို့ Honda 84 ဆိုင် ကယ်အရောင်းပြခန်း’မှ ကိုယဉ်မင်းထွန်းကပြောသည်။

 

သြဂုတ်လ ပထမပတ်အတွင်း ရာသီဥတုကောင်း မွန်မှုနှင့် လကုန်ပြီးခါစအချိန်ဖြစ်သောကြောင့် ရောင်း အားတက်လာခြင်း ဖြစ်နိုင်ပြီး အရစ်ကျစနစ်ထက် လက်ငင်းစနစ်မှာ ပိုအရောင်းသွက်နေကြောင်း၊ ထို့ပြင် ဘတ်စျေးနှင့် ဒေါ်လာစျေး တည်ငြိမ်နေသောကြောင့် စျေးအပြောင်းအလဲမရှိခြင်းကလည်း ဆိုင်ကယ်ဝယ်ယူ ရန် ပြင်ဆင်နေသူများအတွက် စိတ်ဝင်စားမှု မြင့်တက် စေကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းပိုင်ရှင် အချို့က သုံးသပ်သည်။

 

”ဒီရက်ပိုင်းက ငွေစျေးငြိမ်နေတော့ ဆိုင်ကယ် စျေးက မပြောင်းဘူး၊ ငွေစျေးလှုပ်နေရင်ကို စျေးကျ ဦးမလား၊ စျေးတက်ဦးမလားနဲ့ စျေး အတက်/အကျ စောင့်နေတာနဲ့တင် မဝယ်ဖြစ်ကြတော့ဘူး၊ ငွေစျေး လှုပ်တဲ့အချိန်ဆိုရင် အရောင်းပါးတယ်၊ အရင်လက တည်းက အခုအချိန်အထိ စျေးငြိမ်နေတာရော၊ လ ကုန်ပြီးရက်ဖြစ်တာရောကြောင့် အဝယ်လိုက်လာတာလို့ ထင်တယ်”ဟု မန္တလေးမြို့ Auto Star ဆိုင်ကယ် အရောင်းပြခန်း’မှ ကိုကျော်စွာလင်းက ဆိုသည်။

 

မန္တလေးမြို့ Showroom ဆိုင်ကယ်စျေးကွက်တွင် သြဂုတ်လ ပထမပတ်၌ ထိုင်းဆိုင်ကယ်များ အရောင်း အဝယ်ဖြစ်နေသကဲ့သို့ တရုတ်နိုင်ငံထုတ် Star Sky ၊ Yamasuki ၊ WSC စသော Auto ဆိုင်ကယ်များနှင့် Winner ၊ 125R စသော ဆိုင်ကယ်အမျိုးအစားများပါ အရစ်ကျစနစ်ဖြင့် အဝယ်လိုက်လာပြီး မိုးရာသီ Promotion ပြုလုပ်နေမှုနှင့် သက်ဆိုင်နိုင်ကြောင်း အဆိုပါ ဆိုင်များမှ သိရသည်။

 

”ဒီလဆန်းပိုင်းမှာ Auto ဆိုင်ကယ်လေးတွေ၊ Winner ဆိုင်ကယ်လေးတွေနဲ့ Wave 110 ဆိုင်ကယ် လေးတွေ အတော်လေး အဝယ်လိုက်လာတယ်၊ တစ် ရက်ကို အနည်းဆုံး ငါးစီး၊ ခြောက်စီး ပုံမှန် ရောင်း ရတယ်၊ အဝယ်လိုက်လာတယ်ဆိုပေမဲ့ လက်ငင်းက နည်းသွားပြီး အရစ်ကျနဲ့ဝယ်တာ များလာတယ်၊ အဓိက ကတော့ မိုးရာသီ Promotion လုပ်နေတော့ အနည်းဆုံး ကျပ်ငါးသောင်းကနေ တစ်သိန်းလောက် အထိ စျေးချနေတာရော၊ လက်ဆောင်ပစ္စည်းတွေ ပေးနေတာရောကြောင့် အဝယ်လိုက်လာတာလို့ထင်တယ်”ဟု မန္တလေးမြို့ Star Sky ဆိုင်ကယ်အရောင်း ပြခန်း’မှ အရောင်းတာဝန်ခံ မစိုးစိုးက သုံးသပ်သည်။

 

မန္တလေးမြို့ Showroom ဆိုင်ကယ်စျေးကွက်တွင် သြဂုတ်လ ပထမပတ်၌ ထိုင်းနိုင်ငံထုတ်၂ဝ၁၇ မိုဒယ်ထိုင်း Click ဒလက် ကျပ် ၂,၄ဝဝ,ဝဝဝ၊ Click စပုတ် ကျပ် ၂,၃ဝဝ,ဝဝဝ၊ Scoopy i ဒလက် ကျပ် ၂,၄ဝဝ,ဝဝဝ၊ Scoopy i စပုတ် ကျပ် ၂,၃ဝဝ,ဝဝဝ၊ Wave 100 ကျပ် ၁,၁၂ဝ,ဝဝဝ၊ တရုတ်နိုင်ငံထုတ် MSX(Star Sky) ကျပ်ကိုးသိန်း၊ Wave 110(Star Sky) ကျပ် ၅၅ဝ,ဝဝဝ၊ CZI(Star Sky) ကျပ် ၄၈၉,ဝဝဝ၊ ှေျာ့ (ှအမေ ှုပ) ကျပ် ၆၆ဝ,ဝဝဝ တို့တွင် ရှိနေသည်။

 

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းစျေးကွက်တွင် လည်း သြဂုတ်လပထမပတ်၌ မတ္တရာ၊ ကျောက်ဆည် စသော နယ်ဒေသများမှ ရာသီစာကောက်ပဲသီးနှံများ စတင်ထွက်ရှိချိန်ဖြစ်၍ ၂ဝ၁၅၊ ၂ဝ၁၆၊ ၂ဝ၁၇ စသည့် ထိုင်းမိုဒယ်မြင့် ဆိုင်ကယ်များမှာ အနည်းငယ် အဝယ် လိုက်နေသော်လည်း တရုတ် တစ်ပတ်ရစ်ဆိုင်ကယ်များ မှာမူ စျေးဦးပေါက်အောင်ပင် ရုန်းကန်နေရကြောင်း ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်။

 

”အသစ်ဘီးလည်း မဝယ်နိုင်တော့ မိုဒယ်မြင့်ထဲ က စီးပြီးသားဘီးလေးတွေ လာဝယ်ကြတယ်၊ ဒီရက် ပိုင်းတော့ တစ်ရက်ကို နှစ်စီး၊ သုံးစီး ပုံမှန်ရောင်းရ တယ်၊ များသောအားဖြင့် Click ၊ Scoopy i ပဲ အဝယ် များတယ်”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့် ဝယ်/ရောင်းတစ်ဦးဖြစ်သူ ကိုဖုန်းက ပြောကြားသည်။

 

တရုတ်တစ်ပတ်ရစ် ဆိုင်ကယ်များ ရောင်းချလျက် ရှိသည့် ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့်ဝယ်/ရောင်းတစ်ဦး ဖြစ်သူ ကိုညီညီနိုင်က”တရုတ်ဘီးကတော့ အတော် လေး အရောင်းပါးတယ်၊ စီးပြီးသား တရုတ်ဘီးကို နယ်တွေက အရင်တုန်းကလို မန္တလေးအထိ လာမဝယ် ကြတော့ဘူး၊ နယ်တွေမှာကလည်း ဆိုင်တွေရှိတာရော၊ အရစ်ကျပေးတဲ့ဆိုင်တွေရော ရှိနေပြီကိုး၊ ဒါကြောင့် တရုတ်တစ်ပတ်ရစ်ဘီးတွေက မန္တလေးဝယ်လိုအားပဲ အားထားရတယ်၊ ဒီရက်ပိုင်းက တစ်ရက်တစ်စီးစျေးဦး ပေါက်ဖို့ကို အတော်ရုန်းနေရတယ်”ဟု ၎င်းက ဆက် လက်ပြောသည်။

 

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းစျေးကွက်တွင် သြဂုတ်လ ပထမပတ်၌ ထိုင်းနိုင်ငံထုတ်၂ဝ၁၇ မိုဒယ် Click ကျပ် ၂,၂၅ဝ,ဝဝဝ၊ ၂ဝ၁၆ မိုဒယ် Click ကျပ် ၂,ဝ၅ဝ,ဝဝဝ၊ Scoopy i စပုတ် ကျပ် ၁,၉ဝဝ,ဝဝဝ၊ ၂ဝ၁၅ မိုဒယ် Scoopy i ကျပ် ၁,၇၂ဝ,ဝဝဝ၊ ၂ဝ၁၄ မိုဒယ် Scoopy i ကျပ် ၁,၆၈ဝ,ဝဝဝ နှင့် တရုတ် နိုင်ငံထုတ် တစ်ပတ်ရစ်ဆိုင်ကယ်များမှာ ဆိုင်ကလုန်း ကျပ်ငါးသိန်းမှ ရှစ်သိန်းကြား၊ Super Cub Jailing ကျပ်နှစ်သိန်းခွဲမှ သုံးသိန်းကြား၊ CZI ကျပ်သုံးသိန်းမှ သုံးသိန်းခွဲကြား၊ MSX ကျပ် ခြောက်သိန်းခွဲဝန်းကျင် တို့တွင် အသီးသီးရှိနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here