ထိုင်ခုံခါးပတ် မပတ်သည့် အမှုဖြင့် ခြောက်လအတွင်း အမှု ခြောက်ထောင်ကျော်အထိရှိ

679

ရန်ကုန်၊ ဇူလိုင် ၁၁
ထိုင်ခုံခါးပတ်မပတ်သည့် ယာဉ်မောင်း များကို စစ်ဆေးအရေးယူရာတွင် ခြောက်လအတွင်း အမှု ခြောက် ထောင်ကျော်အထိရှိခဲ့ကြောင်း ရန် ကုန်တိုင်းဒေသကြီး အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
ယာဉ်မတော်တဆမှု ဖြစ်ပွား ရာတွင် ထိခိုက်ဒဏ်ရာရရှိမှု လျော့ နည်းစေရန်အတွက် ထိုင်ခုံခါးပတ် ပတ်ပြီး မောင်းနှင်မှုမရှိသည့်ယာဉ် များကို စိစစ်အရေးယူခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးအတွင်း တစ်လ လျှင် အမှုတစ်ထောင် ဝန်းကျင် ဖမ်းဆီးရမိနေပြီး ၂ဝ၁၈ ခုနှစ် နှစ် စမှ ခြောက်လအတွင်းအမှု ၆,၇၃၆ မှုအထိ ရှိခဲ့ကြောင်း သိရသည်။
‘‘ထိုင်ခုံခါးပတ် မပတ်တဲ့အမှု က တစ်လကို တစ်ထောင်ကျော် ရှိပါတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်း မှာတော့ ထိုင်ခုံခါးပတ် ပတ်ပြီး မောင်းလာကြတဲ့အတွက် တဖြည်းဖြည်း နည်းသွားပါတယ်၊ အခုလို ဖမ်းဆီးတယ် ဆိုတာကလည်း ယာဉ် မတော်တဆမှုဖြစ်တဲ့အခါမှာ ထိခိုက် ဒဏ်ရာရရှိမှု နည်းဖို့အတွက်ဖြစ်ပါ တယ်၊ ဒါကိုသိရှိပြီး ယာဉ်မောင်း တွေအနေနဲ့လည်း လိုက်နာဖို့လိုပါ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
အသက်ကယ် ထိုင်ခုံခါးပတ် မပတ်ဘဲ မောင်းနှင်သော ယာဉ် များကို ဖမ်းဆီးအရေးယူမှု စတင် ခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း ၁၁,၅၇၅ မှုအထိရှိခဲ့သည်။ ထိုင်ခုံ ခါးပတ်မပတ်ဘဲ မောင်းနှင်ပါက ဒဏ်ငွေ ကျပ်သုံးသောင်း ဒဏ်ရိုက် အရေးယူလျက်ရှိကြောင်း သိရသည်။
ယခုနှစ်အတွင်း ထိုင်ခုံခါးပတ် မပတ်ဘဲ မောင်းနှင်သောယာဉ်များ ကို အရေးယူရာတွင် ဇန်နဝါရီလ၌ ၁,၂၈၈မှု ၊ ဖေဖော်ဝါရီလ၌ ၁,၁ဝ၇ မှု၊ မတ်လ၌ ၁,ဝ၉၃ မှု ၊ဧပြီလ၌ ၇၁၁ မှု၊ မေလ၌ ၁,၄၅၃ မှု၊ ဇွန်လ ၌ ၁,ဝ၈၄ မှုရှိခဲ့ကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here