ထိထိရောက်ရောက်အရေးယူရန် လိုအပ်နေသော မင်းကင်းမြို့မှ စည်းကမ်းမဲ့ သဲ၊ ကျောက်တင် လုပ်ငန်းသုံးကားများ

169

“ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့နေရာရဲ့ လမ်းဘေးမှာ တရားနာနေကြတာ၊ တရား နာနေတုန်းရှိသေး သဲကျောက်တင်ကားနှစ်စီးက တစ်စီးနဲ့တစ်စီး အပြိုင် အဆိုင် မောင်းရင်း တရားနာနေတဲ့ဆီ ဦးတည်လာလို့ တရားနာနေတဲ့သူ တွေရော၊ တရားပေးနေတဲ့ဘုန်းကြီးတွေရော မြောင်းထဲခုန်ဆင်းပြေးရ တာ၊ ဘုန်းကြီးကပ်မယ့်ပစ္စည်းတွေလည်း မွစာကျဲကုန်သလို ဘုန်းကြီး တစ်ပါးလည်း ထပြေးရလို့ ခြေထောက်နည်းနည်းနာသွားတယ်၊ မဟုတ် ရင် အဲဒီကားက လာတိုက်တော့မှာလေ၊ အဲဒီကားတွေကို ထိထိ ရောက်ရောက် အရေးယူစေချင်တယ်ဗျာ”ဟု ဆိုလာသူက မင်းကင်းမြို့ နယ် သူရိယစန္ဒာ ပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့မှ ကိုကျော်မင်းထွဋ်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်က မင်းကင်းမြို့နယ် မင်းကင်း-မြို့မကားလမ်း မြို့မကျေးရွာအနီး နတ်ရှင်ကွေ့အရောက် တောင်ကုန်း အဆင်းတွင် လုပ်ငန်းသုံး သဲကျောက်တင်ယာဉ်က ကုန်တင်ယာဉ်တစ်စီးကို နောက်မှဝင်တိုက်လိုက်ရာမှ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် သူ၏သမီးဖြစ်သူ အသက် တစ်နှစ်နှင့် ၁၁ လအရွယ်သာ ရှိသေးသော ကလေးငယ်တစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းက ဆိုလာ ခြင်းဖြစ်သည်။

မင်းကင်းမြို့ အမှတ် (၃)ရပ်ကွက်တွင်နေထိုင်သော အသက် နှစ်ဆယ် ကျော်အရွယ်သာရှိသေးသည့် အကြင်လင်မယားနှစ်ယောက်တို့တွင် သမီး လေးတစ်ဦးမွေးဖွားထားကာ သူ၏သမီးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက အသက် တစ်နှစ်နှင့် ၁၁ လအရွယ်သာရှိသေးသည်။ လင်မယားနှစ်ဦးစလုံး အသက်ကခပ်ငယ်ငယ်၊ နှစ်ဦးလုံး အနေအထိုင်အေးသူများအပြင် ဘာ သာရေး လိုက်စားသူများဖြစ်သဖြင့် အသက်ငယ်ရွယ်သော်လည်း ပတ်ဝန်း ကျင်တွင် နေထိုင်သူများအားလုံးက လေးစားကြသည်။ သို့သော် မိသား စုကံကြမ္မာစိုးက ဖေဖော်ဝါရီ ၁၇ ရက်တွင် ရုတ်တရက် ဝင်ရောက်လာ သည်။ အကြောင်းမှာ ဘာသာရေးလိုက်စားသော အသက် နှစ်ဆယ်ကျော် အရွယ်သာရှိသေးသည့် လင်မယားနှစ်ဦးနှင့် သူတို့၏သမီးငယ်လေး တို့ပါဝင်သော မိသားစုဝင်သုံးဦးသည် ဖေဖော်ဝါရီလလယ်ပိုင်းက မင်း ကင်းမြို့နယ်၊ ယုံသာရွာရှိ သာသနာ့အလင်းရောင်ကျောင်းတိုက်ရှိ သိန်း တစ်ရာဝန်းကျင်အကုန်အကျခံ၍ ဆိုင်းဝိုင်းများဖြင့် ဘုရားထီးတင်တစ်ဦး တည်းဒါယကာအဖြစ် အလှူဒါနသွားရောက်ပြုခဲ့ကြသည်။ ဘုရားထီးတင် မှုများ တစ်ဦးတည်းအလှူဒါယကာအဖြစ် ရေစက်ချလှူဒါန်းမှုများ ပြီးစီး ပြီး နောက်တစ်ရက် ဖေဖော်ဝါရီ ၁၇ ရက် နံနက်၌ နေထိုင်ရာ မင်းကင်း မြို့သို့ မြို့မ-မင်းကင်း ကားလမ်းအတိုင်းပြန်လာစဉ် သူတို့မိသားစုဝင် သုံးဦးစီးနင်းလာသော ကုန်တင်ယာဉ်ကို သဲ၊ ကျောက်တင်လုပ်ငန်းသုံး ယာဉ်တစ်စီးက နောက်မှ ရုတ်တရက်ဝင်တိုက်မိခဲ့သည်။ နောက်မှ တစ် ဟုန်ထိုး ဝင်တိုက်လာသည့်အရှိန်က ရှေ့မှမောင်းနှင်နေသော ကုန်တင် ယာဉ်ကို ပေ ၊လေးဆယ်အကွာအထိ အရှိန်နှင့် တွန်းပို့သလိုဖြစ်ကာ ဆောက် လုပ်ပြီးကာစ တံတားပေါင်နှင့် တိုက်မိခဲ့သည်။ တံတားပေါင်နှင့် ဝင်ရောက် တိုက်မိမှုကြောင့် ကုန်တင်ယာဉ်၏ ကားခေါင်းခန်းတစ်ခုလုံး ကြေမွ သွားခဲ့ပြီး ကားခေါင်းခန်းထဲတွင် လိုက်ပါလာသော မိသားစုဝင်သုံးဦးလည်း ဒဏ်ရာများစွာရရှိခဲ့သည်။

ဖြစ်ပွားပြီးပြီးချင်း နောက်မှဝင်တိုက်လာသော သဲ၊ ကျောက်တင် လုပ်ငန်းသုံးယာဉ် ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ကာ ကုန်တင်ယာဉ်၏ ကားခေါင်းခန်းထဲမှ မိသားစုဝင်သုံးဦးကိုမူ လမ်းသွားလမ်းလာများက စုပေါင်းအင်အားဖြင့် ဆွဲထုတ်ခဲ့ကြသော်လည်း ဖခင်ဖြစ်သူ အမျိုးသားနှင့် သူ၏သမီးငယ်မှာ ယင်းနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ မိခင် ဖြစ်သူ အမျိုးသမီးမှာမူ ပေါင်ကျိုး၊ လက်ကျိုးဒဏ်ရာများကြောင့် မန္တလေး ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။ မိခင်ဖြစ်သူ အမျိုးသမီး မန္တလေးဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်၍ ကုသနေစဉ်ကာလအတွင်း သေဆုံးသွားသည့် ဖခင်ဖြစ်သူ အမျိုးသားနှင့် သူ၏ သမီးငယ်တို့၏ ရုပ် အလောင်းတို့ကို ဆွေမျိုးသားချင်းများက ဝိုင်းဝန်းသဂြိုဟ်ခဲ့ကြသည်။ ရက်မလည်မီ ဗုဒ္ဓဘာသာဝင်တို့၏ထုံးစံအရ ဘဝကူးကောင်းစေရန်နှင့် အမျှဝေခွင့်ရရန် ၎င်းတို့သေဆုံးမှုဖြစ်ပွားခဲ့သည့်နေရာသို့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆွေမျိုးသားချင်းများနှင့် အိမ်နားနီးချင်းများက သံဃာတော်များ ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်များ သွားရောက်ရွတ်ဖတ်ကာ တရားသွား နာခဲ့ကြသည်။ ထိုသို့ တရားပေးနေစဉ် မလှမ်းမကမ်း၌ အရှိန်ဖြင့်မောင်းနှင် လာသော သဲ၊ ကျောက်တင်လုပ်ငန်းသုံးယာဉ် နှစ်စီးအနက် နောက်မှ ယာဉ်သည် လမ်းမပေါ်ရှိ ဖုန်လုံးများအကြား ရှေ့ယာဉ်သို့ ကျော်တက်ရင်း တရားနာနေသည့်နေရာသို့ ခေါင်းထိုးဝင်ရောက်လာသည့် အနေအထား ကြောင့် တရားနာပရိသတ်များ အပါအဝင် တရားပေးနေသည့် သံဃာ တော်များပါ ထပြေးခဲ့ရလေသည်။

“ယာဉ်တိုက်မှုဖြစ်ထားလို့ သေဆုံးသွားခဲ့တဲ့နေရာမှာ တရားနာနေ တာကို ကောင်းကောင်း တရားမနာခဲ့ရဘူး၊ အဲဒီကားနှစ်စီး အရှိန်ပြင်း မောင်းလာရင်း ဝင်တိုးမလိုဖြစ်တာနဲ့ တရားနာနေတဲ့သူတွေရော၊ သံဃာ တော်တွေရော ထွက်ပြေးရတာ၊ အဲဒီလောက်အထိကို မင်းကင်းမှာ သဲ၊ ကျောက်တင်လုပ်ငန်းသုံးကားတွေ သောင်းကျန်းနေတာ၊ ရှေ့လျှောက် အဲဒီကားတွေကြောင့် လူ့အသက်တွေ ထပ်ဆုံးရှုံးမှာကြောင့် ထိထိရောက် ရောက် အရေးယူစေချင်တာ”ဟု ကိုကျော်မင်းထွဋ်က ထပ်မံဆိုလာသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားအပြီး ငါးရက်အကြာ မုံရွာ-ယာကြီး-ကလေး ဝလမ်း(မင်းကင်းအပိုင်း)နှင့် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေသော မော်တော်ယာဉ်များ များပြားနေသဖြင့် လမ်းများပျက်စီးခြင်း၊ ယာဉ်တိုက်မှု၊ မတော်တဆမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ဖေဖော်ဝါရီ ၂၁ ရက် တွင် မင်းကင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရေး အဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်း၍ တာဝန် အသီးသီးပေး အပ်ခဲ့သည်။ အဆိုပါအဖွဲ့တွင် မင်းကင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုရဲမှူးမောင်ဝင်း ဦးဆောင်၍ ဌာနဆိုင်ရာ ပူးပေါင်းပါဝင်သောအဖွဲ့ကို ချင်းတွင်းမြစ်ကြောင်းသွား သငေ်္ဘာများကိုစစ်ဆေးစေ၍ ကြာပင် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ်စိုးမင်းထွန်း ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်း ပါဝင်သောအဖွဲ့ကို မော်တော်ယာဉ်များစစ်ဆေးရေးအဖွဲ့(၂)အဖြစ် မြို့မ တွင် စစ်ဆေးစေကာ တာဝန်အသီးသီး ပေးအပ်ခဲ့ကြောင်း၊ ထိုသို့စစ် ဆေးရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ် းအသိပညာပေးဆောင်ရွက် ရန်၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်များကို ဥပဒေနှင့်အညီစစ်ဆေးရန်၊ ယာဉ်များ သတ်မှတ် ကုန်တန်ချိန်ထက်မပိုစေရန်၊ ယာဉ်များ ကြံ့ခိုင်မှု ရှိ/မရှိ စစ်ဆေးရန်၊ ယာဉ်မောင်းရာတွင် အရက်သေစာ သောက်စား မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်များကို သတ်မှတ်အရှိန်ထက် ကျော်လွန်စွာ မောင်းနှင်မှုမပြုရန် စသောအချက်များကို စစ်ဆေးရန်ညွန်ကြားထားကြောင်း မင်းကင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

“အဲဒီဖြစ်စဉ်ပြီးပြီးချင်း ယာဉ်လိုင်စင်ပြည့်စုံမှုရှိမရှိ၊ ယာဉ်မောင်းလိုင်စင် ကိုက်ညီမှုရှိမရှိ စစ်ဆေးဖို့ Mobile Team နှစ်ဖွဲ့ခွဲပြီးစစ်ဖြစ်တယ်၊ လုပ်ငန်းသုံး ယာဉ်မောင်းတဲ့သူတွေကိုလည်း ပညာပေးတွေ မကြာခဏ လုပ် နေသလို အဲဒီလုပ်ငန်းသုံးကားတွေအသုံးပြုတဲ့ ယာကြီးလမ်းပိုင်းက အိန္ဒိယလမ်းဆိုဒ်ကုမ္ပဏီတွေကို လမ်းအထူးအဖွဲ့နဲ့ပူးပေါင်းပြီး တာဝန်ခံ တွေ ခေါ်ယူအသိပေးထားတယ်၊ အဓိကကတော့ သူတို့ကုမ္ပဏီကငှားထားတဲ့ လုပ်ငန်းသုံးယာဉ်တွေရဲ့ ယာဉ်မောင်းတွေကို အရှိန် လျှော့မောင်းနှင်ဖို့ ပြီးတော့ နေ့စဉ်သွားလာနေတဲ့လမ်းတွေကို ပြင်ပေးဖို့ ပြောထားတယ်၊ နိုင်ငံတော် စီမံကိန်းနဲ့ဆောင်ရွက်နေတဲ့လမ်းဖြစ်တဲ့အတွက် ချောင်းဝလမ်း အပါအဝင် နေ့စဉ်သွားလာနေတဲ့ လမ်းတွေပြင်ပေးဖို့ ကုမ္ပဏီတွေကို လည်း ပြောထားသလို ခရိုင်ကိုလည်း တင်ပြထားတယ်၊ ခရိုင်ကနေလည်း တိုင်းကို တင်ပြထားတယ်လို့ သိထားရတယ်၊ လမ်းညွန်မှုခံယူနေဆဲ ကာ လပေါ့ ” ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးဆန်းဗိုလ်က ပြောကြားသည်။

လူနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အပြီး ထပ်မံမဖြစ်ပွားစေရန် Mobile Team နှစ်ဖွဲ့ဖြင့် မကြာခဏကြပ်မတ်နေကာ ယင်းဖြစ်စဉ်ကြောင့် လုပ်ငန်းသုံး ယာဉ်များအား ပြေးဆွဲမှုရပ်ခိုင်းရန်လည်း မဖြစ်နိုင်ကြောင်း၊ အကြောင်းမှာ လုပ်ငန်းသုံးယာဉ်အများစုသည် ယာကြီး-ကလေးဝလမ်းပိုင်း အဆင့်မြှင့် တင်ရေးလုပ်ငန်း နိုင်ငံတော်စီမံကိန်းတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည့် အတွက် ရပ်ဆိုင်းခိုင်းထား၍မရဘဲ ပညာပေး၍ စစ်ဆေးကြပ်မတ်မှုသာ လုပ်နိုင်ကာ လုပ်ငန်းသုံးကားများ နေ့စဉ်သွားလာလျက်ရှိသည့် လမ်းများ ပါ ပြင်ဆင်ပေးရန် ခရိုင်နှင့်တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း မင်း ကင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ ဦးဆန်းဗိုလ်က ထပ်မံပြောကြား သည်။

“ဆိုးဆိုးရွားရွား လမ်းပျက်စီးနေတဲ့နေရာက သုံးနေရာလောက် ရှိတယ်၊ ဒါကြောင့် အဲဒီနေရာတွေကို ပြင်ဆင်ပေးရင် ယာဉ်အန္တရာယ် လျော့နည်းနိုင်တဲ့အတွက် အဲဒီနေရာတွေပြင်ဆင်ပေးဖို့ လမ်းဆိုဒ်ကုမ္ပဏီ တွေကိုလည်း ပြောထားသလို ခရိုင်နဲ့တိုင်းကိုလည်း တင်ပြထားတယ်”ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ဖုန်ထူထပ်မှုကြောင့် ဖုန်တောလမ်းတွင် သွားလာမောင်းနှင်ရသော မင်းကင်း-တောင်တွင်းလမ်းနှင့် မင်းကင်း-လာပို့လမ်းတွင် နေ့စဉ်သွားလာ မောင်းနှင်နေသာ သဲ၊ ကျောက်တင်လုပ်ငန်းသုံးကားအချို့သည် မင်း ကင်းမြို့ခံများပိုင်ဆိုင်သော ကားများဖြစ်ပြီး ယာဉ်မောင်းများသည်လည်း မင်းကင်းမြို့ခံများဖြစ်ကြသည်။ သို့သော် ယာဉ်မောင်းကျွမ်းကျင်ပြီး လုပ် ငန်းသုံးယာဉ်မောင်းနှင်ခွင့် သတ်မှတ်လိုင်စင်ရှိကာ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းနှင့်အညီမောင်းနှင်သော ယာဉ်မောင်းမှာ အလွန့်အလွန်နည်း ပါးသည့်အတွက် အရှိန်ပြင်းမောင်းနေကြခြင်းဖြစ်ကြောင်း မင်းကင်းမြို့ ခံအချို့က သုံးသပ်သည်။ ထို့ပြင် ယာဉ်မောင်းများအား တစ်ခေါက်လျှင် မည်မျှပေးမည်ဟူ၍ ခေါက်ကြေးနှင့်မောင်းနှင်ခိုင်းခြင်းကလည်း ကားတစ် စီးနှင့်တစ်စီး အပြိုင်အဆိုင် အရှိန်ပြင်းမောင်းနှင်ကြကာ ယင်းသို့မောင်း နှင်ခြင်းကြောင့်လည်း တန်ဖိုးအရှိဆုံး လူ့အသက်နှစ်ချောင်းဆုံးရံှုးခဲ့ရ သည်ဟု ၎င်းတို့က ထပ်မံပြောဆိုသည်။

မတ် ၄ ရက်အထိ လူ့အသက်နှစ်ချောင်းအား ဆုံးရှုံးစေခဲ့သော သဲ၊ ကျောက်တင် လုပ်ငန်းသုံးယာဉ် ယာဉ်မောင်းမှာလည်း ယခုအချိန်အထိ ဖမ်းမမိသေးဘဲ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည်။ ထို့ပြင် မိသားစု ဝင်နှစ်ဦး ဆုံးရှုံးခဲ့ရသော မိခင်ဖြစ်သူ အမျိုးသမီးမှာလည်း မန္တလေးဆေးရုံ ကြီးမှ ဆင်းပြီဖြစ်သော်လည်း ပေါင်ကျိုး၊ လက်ကျိုးဒဏ်ရာများ ကုသနေ ဆဲဖြစ်ရာ ၎င်း၏ခင်ပွန်းနှင့် သမီးငယ်တို့ အသက်ဆုံးရှုံးခဲ့ခြင်းကို ယခု အချိန်အထိ အသိပေး ပြောကြားထားခြင်း မရှိသေးကြောင်း သိရသည်။

“ပေါင်ကျိုး လက်ကျိုးသွားတဲ့အမျိုးသမီးက တစ်ဦးတည်းသောသမီး၊ သူ့မိဘတွေ အခုအချိန်ထိရှိသေးတယ်၊ သူ့မှာအားကိုးစရာဆိုလို့ သူ့အမျိုး သားရယ်၊ သူ့သမီးလေးရယ်ပဲရှိတာ၊ အခုစည်းကမ်းမဲ့တဲ့ကားကြောင့် သူ့အမျိုးသားရော၊ သူ့သမီးလေးရော ဆုံးရှုံးသွားတော့ သူ့မှာ တစ် ယောက်တည်း ကျန်ခဲ့တာ၊ ဒဏ်ရာကလည်းများတော့ ဘဝပျက်သွားပြီလို့ ပြောလို့ရတယ်၊ မျှော်လင့်ချက်မရှိတော့ဘူး၊ နောက်ထပ် ဘဝပျက်တာတွေ မရှိဖို့ အဲဒီ လုပ်ငန်းသုံးကားတွေကို ထိထိရောက်ရောက် အရေးယူစေချင် တာဗျ”ဟု ကိုကျော်မင်းထွဋ်က မျက်ရည်ဝဲကာ ဆိုလာသည်။

ထို့ကြောင့် မင်းကင်းမြို့နယ်ကို စည်းကမ်းပျက်ယာဉ်များ ပျော်မြူး ရာမြို့တော်ဟု ကင်ပွန်းတပ်မခံရစေရန် အုပ်ချုပ်ရေးပိုင်း၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူလူထုမှ ကိုယ်စီ စည်းကမ်းလိုက်နာကျင့်သုံး ခြင်းဖြင့် ပူးပေါင်းပါဝင်ရန် အရေးတကြီးလိုအပ်နေကာ ယာဉ်မောင်းများ ကလည်း ကိုယ်ချင်းစာစိတ်ဖြင့် ေမာင်းနှင်ြကရန် လိုအပ်ေနေပသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here