ထရပ်သုံးကားသုံး ဒီဇယ်အင်ဂျင်ထိန်းသိမ်းခြင်း

1474

ဒီဇယ်အင်ဂျင် ဖွဲ့စည်းပုံနှင့် အလုပ် လုပ်ပုံသည် ဓာတ်ဆီအင်ဂျင်နှင့် ကွဲပြားခြားနားပါသည်။ ဒီဇယ်အင်ဂျင်သည် ပါဝါစွမ်းအား ကောင်းပြီး ဆီစား သက်သာသည်။ အကြမ်းခံ၍ တာရှည်လည်း အသုံးခံသည်။ ထို့ကြောင့် ဒီဇယ်အင်ဂျင်ကို အသုံးချမှုနယ်ပယ် ကျယ်ဝန်းသည်။ ဝန်ပေါ့ ပစ်ကပ်ကား၊ လိုက်ထရပ်ကားများမှစ၍ ကား ကြီးများတွင် ဒီဇယ်အင်ဂျင်ကိုသာ သုံးကြသည်။ ယန္တရား ကြီးများ၊ မီးစက်ကြီးများ၊ Heavy Duty Truck ကား ကြီးများတွင်လည်း ဒီဇယ်အင်ဂျင်ကိုသာ သုံးကြသည်။

ဒီဇယ်အင်ဂျင်သည် Compression Ratio မြင့်မားပြီး ပေါက်ကွဲမှု ပြင်းထန်သဖြင့် အင်ဂျင်တည်ဆောက် ထားပုံမှာ ထုထည်ကြီးမားသည်။ ဓာတ်ဆီအင်ဂျင်နှင့် အဓိကခြားနားချက်မှာ Ignition System ခေါ် မီးပေးစနစ်မပါဘဲ အင်ဂျင်ဖိသိပ်အား တစ်ခုတည်းဖြင့် မီး လောင်ပေါက်ကွဲခြင်း ဖြစ်သည်။ သုံးစွဲသောလောင်စာ ဆီနှင့် Fuel System ကွာခြားသည်။ လောင်စာဆီစနစ် သည် Injection စနစ်ဖြစ်၍ ပန့် နှင့် နော်ဇယ်များကို သုံးထား သည်။ ခေတ်ပေါ် ကွန်ပျူတာ စနစ်ဖြင့် ထိန်းချုပ်သော ဒီဇယ် အင်ဂျင်များတွင် Common Rail Direct Injection စနစ်ကို သုံး ထားသည်။ ဒီဇယ်ဆီ၏ စွမ်းအင် သိပ်သည်းဆသည် ဓာတ်ဆီ၏ စွမ်းအင်သိပ်သည်းဆထက် များ စွာ သာလွန်သောကြောင့် ပါဝါ စွမ်းအား ကြီးမားစွာလိုအပ်သော နေရာများတွင် ဒီဇယ်အင်ဂျင် ကိုသာ အသုံးပြုကြသည်။

ဒီဇယ်ကားတစ်စီးကို ကိုင် တွယ်မောင်းနှင်ရသော ယာဉ်မောင်းတစ်ဦးသည် ဒီ ဇယ်အင်ဂျင်၏ ထူးခြားမှုနှင့် ပြုပြင်ထိန်းသိမ်းသင့်သော ယေဘုယျ အချက်များကို သိရှိထားရန် လိုအပ်သလို ဒီဇယ်အင်ဂျင်နှင့် သက်ဆိုင်သော ဗဟုသုတများလည်း သိရှိထားသင့်သည်။ ဒီဇယ်အင်ဂျင်တစ်လုံးသည် စက် သံကြမ်းပြီး ဆူညံခြင်း၊ ဒီဇယ်မီးခိုးမည်းများ ထွက်ခြင်း၊ ရာသီဥတု အေးစက်လွန်းလျှင် စက်နှိုးရ ခက်ခဲခြင်း စသည့် ပြသနာများ ရှိသည်။ ဒီဇယ်အင််ဂျင်သည် Compression ဖိသိပ်အား မြင့်မားသဖြင့် စက်နှိုးမို တာစနစ် အားကောင်းရန်လိုပါသည်။ အမ်ပီယာများများ ထောက်ပံ့နိုင်သော ဘက်ထရီကောင်းကောင်းလည်း လိုအပ်ပါသည်။

ဓာတ်ဆီအင်ဂျင်တစ်လုံး စတင်စက်နှိုးရန် လွယ် ကူပြီး မိုတာလှည့်အားကလည်း ကြီးကြီးမားမား မလို အပ်ပါ။ သို့သော် ဒီဇယ်အင်ဂျင်သည် ထုထည်ကြီးမား လေးလံပြီး ဖိသိပ်အားမြင့်မား၍ စက်နှိုးမိုတာကောင်း မှ တစ်ချက်တည်းဖြင့် အင်ဂျင်စက် နိုးနိုင်ပါသည်။ ဆောင်းရာသီနှင့် အလွန်အေးသော တောင်ပေါ်ဒေသ များတွင် နံနက်ပိုင်း ဒီဇယ်အင်ဂျင်စက် စတင်နှိုးလျှင် ခက်ခဲတတ်ပါသည်။ သို့သော်လည်း ချွတ်ယွင်းအား နည်းချက်မရှိသော ဒီဇယ်အင်ဂျင်များသည် စက် စတင် နှိုးရန် လွယ်ကူပါသည်။ ပြုပြင်ထိန်းသိမ်းမှု အားနည်းလျှင် မိုတာဆွဲအား မကောင်းခြင်း၊ ဂလိုးမီးခေါ် Heat Plug များ ကြိုတင်အပူပေးမှု မပြည့်စုံခြင်း၊ ဒီဇယ်ဆီလိုင်း ပိတ်နေခြင်း၊ လေခိုနေခြင်း၊ ဒီဇယ်ဆီထဲတွင် ရေများ ရောနှောပါနေခြင်း စသော ပြစ်ချက်၊ ချွတ်ယွင်းချက်များ ရှိနေနိုင်၍ စက်နှိုးရ ခက်ခဲစေပါသည်။

ဒီဇယ်အင်ဂျင်တွင် သုံးစွဲသော အင်ဂျင်ဝိုင်ချောဆီ အပျစ်အကျဲ၊ ဂရိတ်တို့ကလည်း စက်နှိုးရ လွယ်ကူမှု နှင့် ဆက်စပ်နေပါသည်။ အင်ဂျင်ဝိုင်တို့၏ သဘာဝသည် အေးလွန်းပါက ပျစ်ခဲနေပြီး အင်ဂျင်ကို စတင်စက်နှိုးရန် လှည့်ပေးရသော မိုတာလှည့်အားများများ စိုက်ထုတ် ရသည်။ အကယ်၍ ချောဆီအကျဲကို သုံးစွဲပါက အေး လွန်းသော အခြေအ နေများတွင် အင်ဂျင်ကို ဆွဲလှည့် ပေးရသော စက်နှိုး မိုတာရုန်းအား သက်သာသည်။ တစ် နည်းအားဖြင့် အင်ဂျင် ဝိုင် ခဲပျစ်နေမှုကြောင့် ဖြစ်ပေါ်လာသည့် အင် ဂျင်လည်ပတ်မှု ခုံခံ အား လျှော့ချရန် ဆီကျဲသော အင်ဂျင်ဝိုင် အမျိုးအစားကို ရွေး ချယ်သုံးရမည်။

General Motor နှင့် Light-duty Diesel ထရပ်ကားများအတွက် ထောက်ခံထားသော Motor Oil မှာ Synthetic Motor Oil 10W-30 ၊ CG-4 ဂရိတ် အဆင့်ရှိသော အင်ဂျင်ဝိုင် ဖြစ်သည်။ မိုနိုဂရိတ် ရိုးရိုးအင်ဂျင်ဝိုင်များကို လုံးဝ မသုံးသင့်ပါ။ အနည်းဆုံး မာတီဂရိတ်(15W- 30 Multi-viscosity Motor Oil)ဆီလောက်ကို ပြောင်း သုံးပါ။ ချောဆီကျဲ၍ အင်ဂျင်ကို လှည့်ပေးရသည်မှာ ပေါ့ပါးပြီး စက်နှိုးသွားသည်နှင့် အင်ဂျင်ဝိုင် ချက်ချင်းတက်လာ နိုင်သည်။ ဆီပျစ်ချွဲနေပါက စက်နှိုးပြီး တော်တော်ကြာမှ အင်ဂျင်ဝိုင်တက်ပါသည်။ ချောဆီအတက် နောက်ကျ လျှင် ကနဦးစက် စတင်လည်ပတ်ချိန်၌ ဘယ်ရင်များ ပွန်းစားသွားနိုင်သည်ကို သတိပြုပါ။

ဒီဇယ်အင်ဂျင်များတွင် မီးပေးစနစ်မပါ၍ Ignition Spark Plug များလည်း မပါဝင်ပါ။ အေးစက်နေ သော ဒီဇယ်အင်ဂျင်တစ်လုံး စတင် စက်နိုးသွားရန် အောက်ပါအချက်များနှင့် ပြည့်စုံရပါမည်။
– အပူပေးပလပ်ခေါင်း(Glow Plug) ခေါ် Head Plug များ ကောင်းရမည်။ Timer နှင့် ရီလေးဘူး ကောင်းရမည်။
– အင်ဂျင် Compression ကောင်းရမည်။
– ဒီဇယ်ဆီ Injection ပန့်နှင့် နော်ဇယ်များ ကောင်းရမည်။
– ဆီပိုက်လိုင်းပိတ်ခြင်း၊ ဆီစစ်ဘူးပိတ်ဆို့နေခြင်း၊ ဆီလိုင်း လေခိုနေခြင်း၊ ဆီ အရည်အသွေး ညံ့ခြင်းများ မရှိစေရ။
– စက်နှိုးမိုတာ ဆွဲအား ကောင်းရမည်။
– ဘက်ထရီအား အပြည့်အဝ ရှိပြီး ဘက်ထရီကြိုးများ ဆက်သွယ်မှု ကောင်းရမည်။

အထက်ပါ လိုအပ်ချက်များမှ တစ်ခုခုချွတ်ယွင်း နေလျှင် စက်နှိုးရ ခက်ခဲစေပါသည်။ အလွန် အေးခဲ သော တောင်ပေါ်ဒေသများတွင် ဒီဇယ်ကားတစ်စီးကို စတင်စက်နှိုးပါက အင်ဂျင်ဘလောက်သည် ရေခဲတုံး တမျှ အေးနေ၍ ကြိုတင်အပူပေးရန် Heat Plug များ အားလုံးအလုပ်လုပ်ဖို့လိုပါသည်။ Heat Plug လေးလုံး ရှိရာတွင် တစ်လုံး ညာနေပါကလည်း စက်နှိုးရ ထိုင်းပါသည်။ Heat Plug များကို ဘက်ထ ရီပါဝါပေးရာတွင် Timer နှင့် Relay များက လုပ် ဆောင်ပေးပါသည်။ မိုတာမဆွဲမီ ဂလိုမီး အပူပေးခြင်းသည် စက္ကန့်ပိုင်းသာ ကြာပါသည်။ တစ်ခါ တစ်ရံတွင် ရီလေးဘူး ပွိုင့်ကပ်နေပြီး ပါဝါ ဆက်တိုက် ပေးနေပါက Heat Plug လောင်ကျွမ်းသွားတတ်ပါသည်။ မကောင်းသော Heat Plug များကို စစ်ဆေးဖော်ထုတ် ပြီး အစားထိုး လဲလှယ်ပေးမှသာ စက်နှိုးရလွယ်ကူစေ ပါသည်။

အရည်အသွေးည့ံသော ဒီဇယ်ဆီများ သုံးမိပါက ဆီလိုင်းများတွင် ပြသနာအချို့ရှိနိုင်သည်။ ဒီဇယ်ဆီ ညံ့လျှင် ဖယောင်းနှင့် ဆာလဖာများတတ်သည်။ အလွန် အေးသော ဒေသများတွင် ဒီဇယ်များ အေးလွန်းပါက ဖယောင်းများ အနယ်ထိုင်ပြီး ဆီပိုက်လိုင်းတွင် ပိတ် ဆို့နေတတ်သည်။ ဒီဇယ်တိုင်ကီတွင် အနယ်အနှစ်များ၊ ရေများ၊ အကျိအချွဲများကြောင့် သုံးစွဲမှုအချိန်ကြာလျှင် ညစ်ညမ်းလာသည်။ ဒီဇယ်ဆီထဲတွင် ရှင်သန်နိုင်သော ဘက်တီးရီးယား အနုဇီဝပိုးများ ရှိသည်ဟု ပြောလျှင် သင်မအံ့သြပါနှင့်။ ထိုအနုဇီဝပိုးများသည် ရေနံကိုစား သုံး၍ အသက်ရှင်သည်။ ရေနံ၏ မူလအစသည် ရုပ်ကြွင်းလောင်စာ ဖြစ်သည်။ အဆိုပါ အနုဇီဝပိုးမွားများမှ စွန့်ထုတ်လိုက်သော အကျိအချွဲများကြောင့် ဆီလိုင်း များပိတ်ဆို့စေပြီး ဆီစစ်ဘူးများကိုလည်း ဒုက္ခပေးသည်။ ထို့ကြောင့် အချိန်ကြာကြာ သုံးထားသော သင့်ကားမှ ဒီဇယ်ဆီတိုင်ကီကို ဖြုတ်ချပြီး သန့်ရှင်းဆေးကြော သင့်သည်။ ဒီဇယ်ကားများတွင် ကားမောင်းနှင်နေစဉ် စက်ထိုးရပ်သွားသော ပြသနာများ ဖြစ်တတ်သည်။ ဆီလိုင်းတွင် လေခိုခြင်းနှင့် ဒီဇယ်ဆီတွင် ရေများ ရော နှောပါလာပါက စက်သေသွားနိုင်ပါသည်။ ထို့ကြောင့် ဆီစစ်ဘူး မှန်မှန်လဲပေးပါ။ ဆီလိုင်းတွင် လေခိုမနေစေ ရန် ဂရုစိုက်ပါ။ ဆီတိုင်ကီထဲတွင် ဆီလက်ကျန် လုံးဝ ကုန်သွားသည်အထိ မမောင်းမိပါစေနှင့်။

ရေနှင့်ဆီ ခွဲခြားထုတ်ပေးသော ပထမအဆင့် Water Separation/Fuel Filter ကို ခရီးမိုင်သုံး သောင်းခန့် မောင်းပြီးတိုင်း ဆီစစ်တစ်ကြိမ် လဲပေးပါ။ ဒုတိယအဆင့် ဆီစစ်ဘူးင်္(Filter)ကို ခရီးမိုင်နှစ်သောင်း မှ သုံးသောင်းအတွင်း အသစ်လဲလှယ်ပေးပါ။
ခေတ်ပေါ် ဒီဇယ်အင်ဂျင်များတွင် နော်ဇယ်အစား Injector များ သုံးကြသည်။ EFI ဓာတ်ဆီအင်ဂျင်သုံး Injector များထက် ဒီဇယ် Injector က Pressure ဖိအား ပိုများပါသည်။ Injector များ ညစ်ပတ်နေပြီး ဆီမလုံပါက အင်ဂျင်လည်ပတ်မှုကို ထိခိုက်စေပါသည်။ Injector များကို ဆေးကြောသန့်ရှင်း၍ ချိန်ညှိပေးရန် လိုပါသည်။ ပန့်နော်ဇယ်သုံးခေတ်ဟောင်း ဒီဇယ်အင် ဂျင်များတွင် Injection Pump ကို ဒီဇယ်ဆားဗစ်ဆိုင် များတွင် စစ်ဆေး၍ လိုအပ်ချက်များကို လဲလှယ်ပေး မှသာ ပန့်ကျပြီး စက်နှိုးရထိုင်းသော အားနည်းချက်များ ကို ပြုပြင်နိုင်ပါမည်။ နော်ဇယ်ခေါင်းများ ဆီပန်းပုံစံမှန် နေစေရန် ၂ နှစ်တစ်ကြိမ်ခန့် စစ်ဆေးပြီး ပြန်ချိန်သင့် ပါသည်။

ဒီဇယ်အင်ဂျင် လုပ်ဆောင်ချက်များ အမြဲကောင်း နေစေရန် ပုံမှန်လုပ်ဆောင်ပေးရသော ပြုပြင်ထိန်းသိမ်း ခြင်းများကို လုပ်ဆောင်ပေးသင့်ပါသည်။
– ခရီးမိုင် သုံးထောင်ခန့် သုံးပြီးတိုင်း အင်ဂျင်ဝို်င် ချောဆီ အသစ်လဲပေးပါ။
– Air Cleaner လေစစ်ကို ပုံမှန်သန့်ရှင်းပေးပါ။
– အင်ဂျင်ဝိုင်စစ်(Oil Filter)ကို အင်ဂျင်ဝိုင်လဲ တိုင်း အသစ်လဲပေးပါ။
– ဒီဇယ်အင်ဂျင်သည် အပူစွန့်ထုတ်မှုများ၍ အင် ဂျင်အအေးခံစနစ်မှ ရေတိုင်ကီ၊ ရေပိုက်၊ ပန်ကာ၊ ပန်ကာကြိုး၊ ဝါးတားပန့်တို့ကို ဂရုတစိုက် ထိန်းသိမ်းပါ။ အင်ဂျင်အပူလွန်ကဲပြီး ရေတိုင်ကီရေဆူလျှင် ချက်ချင်း ပြုပြင်ပါ။ ဒီဇယ်ကားများ ရေဆူပြီး Overheat ဖြစ်လျှင် အင်ဂျင်လုံးဝ ပျက်စီးသွားတတ်ပါသည်။
– ဆီစစ်ဘူးသည် ဒီဇယ်အင်ဂျင်အတွက် အလွန် အရေးကြီးပါသည်။ ဆီစစ်ဘူးပိတ်နေပါက အင်ဂျင် စက် မမှန်နိုင်ပါ။ စက်နှိုးရ ခက်ခဲစေပါသည်။ ဆီစစ်ဘူး ပုံမှန်လဲပေးပါ။ အရည်အသွေးကောင်းသော Filter ဘူးကို ရွေးသုံးပါ။
– ဆီလိုင်းတွင် လေခိုနေပါက စက်သေရပ်ဆိုင်း တတ်ပါသည်။ ဆီလိုင်းတွင် လက်ကျန် လေခိုနေခြင်း မရှိစေရန် လေချူပေးပါ။ Hand Pump ရိုက်ပြီး လေ ချူခေါင်းဖွင့်၍ လေချူနိုင်ပါသည်။
– ဆီစစ်ဘူးမှ ရေဖောက်ချပေးပါ။

– ဂလိုးမီးများ မှန်မှန် အပူပေးနိုင်မှ စက်နှိုးရ လွယ်ကူနိုင်ပါသည်။ Glow Plug များ စစ်ဆေး၍ မကောင်းသော ပလပ်ကို လဲလှယ်ပေးပါ။
– ဖယောင်းနည်းပြီး ဆာလဖာပါဝင်မှုနည်းသော ပရီမီယမ်ဒီဇယ်ဆီကို သုံးပါ။ ချက်ဆီ ရောနှောထား သော ပြင်ပဆီများ မသုံးပါနှင့်။

စက်မှုအင်ဂျင်နီယာတစ်ဦး

 

LEAVE A REPLY

Please enter your comment!
Please enter your name here