ထရပ်ကားလောကကို တစ်ခေတ်ဆန်းသစ်ဖို့ တီထွင်ခဲ့တဲ့ Steinwinter Supercargo 2040

733
Page(Test)

ကုန်စည်ပို့ဆောင်ရေးမှာ အဓိကကျတဲ့ ထရပ်ကားတွေဟာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် စွမ်းဆောင်ရည်မြင့်လာခဲ့ပေမဲ့ မြင့်မားတဲ့ခေါင်းပိုင်း ကြောင့် လေခွင်းအားမကောင်းတဲ့ ဒီဇိုင်းနဲ့ လမ်းပေါ်မှာ မြွေလိမ်မြွေ ကောက် မောင်းနိုင်စွမ်းမရှိမှုတို့ကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ ဒီအချက်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့တာက မော်တော်ယာဉ်အင်ဂျင်နီ ယာတစ်ဦးဖြစ်တဲ့ Manfred Steinwinter ဆိုသူပါပဲ။ ထရပ်ကားရဲ့ ခေါင်းပိုင်းကို နိမ့်သွားအောင် လျှော့ချလိုက်ရင် ကုန်တင်နိုင်တဲ့ ပမာဏ ပိုများလာသလို ဆီစားနှုန်းလည်း သက်သာစေမယ်လို့ ယုံကြည်တဲ့ Manfred Steinwinter က 1983 Frankfurt Motor Show မှာ သူ တီထွင်ထားတဲ့ Steinwinter Supercargo 2040 ထရပ်ကားကို မိတ် ဆက်ပြသခဲ့ပါတယ်။ Steinwinter Supercargo 2040 ကို Mercedes-Benz အောက်ခံထည် အသုံးပြုတည်ဆောက်ထားပြီး မြင်းကောင်ရေ ၂၇၆ ကောင်အား ဆလင်ဒါရှစ်လုံးထိုး Mercedes-Benz OM442 ဒီဇယ်အင်ဂျင် တပ်ထားပါတယ်။ ZF ဂီယာ ၁၆ ချက်စနစ်နဲ့အတူ နောက်ဝင်ရိုးတစ်ချောင်းသာ သုံးထားတဲ့ Steinwinter Supercargo 204 ၂ဝ၄ဝ ဟာ ကားအမြင့် ၄၆ လက်မပဲရှိပြီး လက်ရှိဆီဒန်ကားအများစု ထက်တောင် နိမ့်ပါတယ်။ Steinwinter Supercargo 2040 ဟာ ခေါင်း ပိုင်းပေါ်မှာပါ နောက်တွဲယာဉ်(Trailer)တင်ထားနိုင်လို့ ဝန်တင်နုိင်တဲ့ အရှည်က ၁၈ မီတာ အထိရှိပြီး စုစုပေါင်း ၁၅ဝ ကုဗမီတာပမာဏရှိတဲ့ ကုန်စည်တွေ သယ်ဆောင်နိုင်ပါတယ်။ ကားခေါင်းခန်းကို ခပ်နိမ့်နိမ့် နှစ်ယောက်စီး Bucket Seat တွေ၊ စပုတ်တံလေးချောင်းပါ စတီယာရင်၊ ကြီးမားတဲ့ ဒက်ရှ်ဘုတ်၊ ကျယ်ပြန့်တဲ့ Center Console တို့နဲ့ ပြုလုပ် ပေးထားလို့ ပြိုင်ကားတစ်စီးထဲထိုင်နေသလို ခံစားရမှာဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းက အလွန်ခေတ်မီတဲ့ Independent Air ဆိုင်းထိန်းစနစ်၊ ABS ၊ Limited Slip Differential နဲ့ Climate Control  တို့ကိုလည်း တပ်ဆင် အသုံးပြုထားပါတယ်။

ပုံမှန်မဟုတ်တဲ့ဒီဇိုင်း ပိုင်ဆိုင်ထားတဲ့ Steinwinter Supercargo 2040 ကို အဝေးပြေးလမ်းပေါ်မှာ တွေ့မြင်ရခြင်းမရှိတာက အားနည်း ချက်တွေရှိနေလို့ပါ။ Corvette ပြိုင်ကားနီးပါးနိမ့်တဲ့ ထိုင်ခုံအနေအထားကြောင့် Steinwinter Supercargo 2040 မောင်းသူဟာ လမ်းမြင်ကွင်း တွေကို ရှင်းရှင်းလင်းလင်း မတွေ့ရသလို တန်လေးဆယ် ထရပ်ကားကို မြေပြင်နဲ့ နီးနီးကပ်ကပ် မောင်းနေရတာကို မောင်းသူအများစုက မနှစ် သက်ကြပါဘူး။ ကားရှေ့မှာ အင်ဂျင်ခန်းလေဝင်ပေါက်အတွက် နေရာမရှိ တာကြောင့် မောင်းနေချိန် အပူမြင့်တက်လွန်းတဲ့ပြသနာအပြင် စတီယာ ရင်လက်ကိုင် လေးမှု၊ တခြားထရပ်ကားတွေလို မိုင်ပေါင်းများစွာ ကြာ ရှည်မောင်းနိုင်စွမ်း မရှိမှုတို့ကလည်း အားနည်းချက်တွေပါပဲ။ ပြီးတော့ အဲဒီတုန်းက ထရပ်ကားတစ်စီး ဝန်တင်တဲ့အရှည်ကို ၁၅ ဒသမ ၆၅ မီတာထက် မပိုရဘူးလို့သတ်မှတ်ထားတာက Steinwinter Supercargo 2040 ကို အများအပြားထုတ်လုပ်ဖို့ အခက်တွေ့စေခဲ့ပါတယ်။ ငွေကြေး ကျောထောက်နောက်ခံမရတာကြောင့် Steinwinter Supercargo 2040 ကို 1,8 64 မိုင် စမ်းသပ်မောင်းနှင်ပြီးနောက် ရပ်နားခဲ့ရပါတယ်။ ကမ္ဘာ့အထူးဆန်းဆုံးထရပ်ကားလို့ ဆိုနိုင်တဲ့ Steinwinter Supercargo 2040 ကို ၁၉၈ဝ ပြည့်လွန်နှစ်တွေရဲ့ The Highwayman ရုပ်သံစီးရီးစ် တွေမှာ ထည့်သွင်းရိုက်ကူးခဲ့ဖူးသလို Power Rangers Time Force ရုပ်ရှင်မှာလည်း နောက်ဆုံးပါဝင်ခဲ့ဖူးပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here