တော်ဝင်မင်းသားဝီလျံ McLaren စင်တာတွင် သားငယ်ဂျော့ချ် နှစ်သက်သည့် Lego ဒီဇိုင်း McLaren စူပါကားကို လေ့လာ

689

ဗြိတိသျှတော်ဝင်မင်းသားဝီလျံသည် Surry ပြည်နယ်၊ Woking မြို့ရှိ ပြိုင်ကားကုမ္ပဏီ McLaren ၏ အဆင့်မြင့် နည်းပညာ ဒီဇိုင်းနှင့် ထုတ်လုပ်မှုစင်တာသို့ အလည်အပတ်ရောက်ခဲ့စဉ် သားဖြစ်သူ မင်းသားဂျော့ချ် အလွန်နှစ်ခြိုက်စွဲလမ်းသော Lego အတုံးများဖြင့် ဖန်တီးထားသည့် တကယ့်အရွယ်အစား McLaren ကားသစ်ကို တွေ့ရှိခဲ့ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

မင်းသားဝီလျံအား McLaren အမှုဆောင်အရာရှိချုပ် Mike Flewitt ကိုယ်တိုင် ကုမ္ပဏီထုတ် နောက်ဆုံးပေါ်ကားသစ်များကို လိုက်လံ မိတ်ဆက်ပြသပေးခဲ့သည်။ McLaren စင်တာအတွင်း လှည့်လည်ကြည့်ရှုစဉ် Lego အတုံးငယ်ပေါင်း ၂၈ဝ, ဝဝဝ နှင့် ပြုလုပ်ထားသည့် McLaren ၏ 720s စူပါကားသစ်ကို တွေ့မြင်လိုက်သည်နှင့် မင်းသားဝီလျံက ”အလို ကျွန်တော့် သားအကြိုက်ပဲ၊ ဂျော့ချ်က Lego ရုပ်တွေကို အလွန်နှစ်သက်တာ၊ မယုံနိုင်စရာပဲဗျာ” ဟု ဆိုခဲ့သည်။ မင်းသားဝီလျံသည် Lego ကားမဟုတ်သည့် 720s ကားအစစ်ထဲသို့ပါ ဝင်ထိုင်ကာ အတွင်းခန်း အပြင်အဆင်များကို ကြည့်ရှုလေ့လာခဲ့ပြီး    ”ကျွန်တော်က ကားဝါသနာရှင် တစ်ဦးပါ၊ ကားအကြောင်း များများစားစား မသိပေမဲ့ ပြိုင်ကားတွေကိုတော့ သဘောကျပါတယ်” ဟု ပြောကြားခဲ့သည်။

 

စိတ်ကူးသစ်ဒီဇိုင်းများ ပြည့်နှက်နေသော McLaren စင်တာသို့ အပန်းဖြေ အလည်အပတ် ရောက်ရှိခဲ့သည့် မင်းသားဝီလျံသည် ပေါင် ၂၁ဝ,ဝဝဝ တန်ဖိုး ရှိ 720s အမျိုးအစား အခြားကားမိုဒယ်တစ်စီးကိုလည်း ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here